မြန် မာပြည်သူတွေ လက်ထဲ မှာ ရှိ တဲ့ ပိုက်ဆံ ကို ကျစ်ကျစ် ပါအောင် ဆုပ်ထားရမယ့် အချိန်
သတင်းတွေ က ဒီလို ဆိုပါတယ်။ ကိုဗစ် ကာလ အတွင်းမှာ အာရှ ဖောင်ဒေးရှင်းရဲ့ သုတေသန ရလဒ်တွေ အရ…. မြန်မာ စီးပွားရေး လုပ်ငန်း ၃ ခုမှာ ၁ခု ပိတ်သိမ်းသွားကြတာ တွေ့ရှိရပါတယ်။
ဝန်ထမ်း ၁၀၀ မှာ ၁၆ ယောက် အလုပ်ထုတ်/ ရပ်ဆိုင်းခြင်း ခံခဲ့ကြရပါတယ်။ စီးပွားရေး လုပ်ငန်း အများစု (၆၄% ခန့်) ငွေကြေး လည်ပတ်မှု ရပ်ဆိုင်းသွားသည် အထိ ကြုံတွေ့ရဖွယ် ရှိနေပါတယ်။
စက်တင်ဘာလ အထိ ခန့်မှန်းချက်တွေ အရ မြန်မာ စီးပွားရေး လုပ်ငန်းတွေကို ငွေကြေး ဖြည့်ဆည်းပေးဖို့ ကျပ်ငွေ ဘီလျံ ၂၁၀၀ လောက် အထိ လိုအပ်မယ်လို့ ခန့်မှန်းပါတယ်။ အစိုးရရဲ့ ကိုဗစ် ချေးငွေ အစီအစဉ် က အကန့်အသတ်တွေ ရှိနေဆဲမို့…. လက်ထဲမှာ ရှိတဲ့ ငွေကြေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြပါ။ (အသုံး အစွဲ လျှော့ပါ၊ မဖြုန်းပါနဲ့။)
ဝန်ထမ်း တွေ အနေနဲ့လည်း ရှိတဲ့ အလုပ်ကလေးကို အလွယ်တကူ လက်မလွှတ် လိုက်ကြပါနဲ့။ လုပ်ငန်းတွေ အနေနဲ့လည်း ငွေကြေး လည်ပတ်မှု (cash flow) ကို သေချာ စီမံ ခန့်ခွဲကြပါလို့ သတိပေး လိုက်ပါရစေ။
ဇော်နိုင်
၉/၆/ ၂၀၂၀
Zawgyi
ျမန္ မာျပည္သူေတြ လက္ထဲ မွာ ရွိ တဲ့ ပုိက္ဆံ ကုိ က်စ္က်စ္ ပါေအာင္ ဆုပ္ထားရမယ့္ အခ်ိန္
သတင္းေတြ က ဒီလို ဆိုပါတယ္။ ကိုဗစ္ ကာလ အတြင္းမွာ အာရွ ေဖာင္ေဒးရွင္းရဲ႕ သုေတသန ရလဒ္ေတြ အရ…. ျမန္မာ စီးပြားေရး လုပ္ငန္း ၃ ခုမွာ ၁ခု ပိတ္သိမ္းသြားၾကတာ ေတြ႕ရွိရပါတယ္။
ဝန္ထမ္း ၁၀၀ မွာ ၁၆ ေယာက္ အလုပ္ထုတ္/ ရပ္ဆိုင္းျခင္း ခံခဲ့ၾကရပါတယ္။ စီးပြားေရး လုပ္ငန္း အမ်ားစု (၆၄% ခန္႔) ေငြေၾကး လည္ပတ္မႈ ရပ္ဆိုင္းသြားသည္ အထိ ႀကဳံေတြ႕ရဖြယ္ ရွိေနပါတယ္။
စက္တင္ဘာလ အထိ ခန္႔မွန္းခ်က္ေတြ အရ ျမန္မာ စီးပြားေရး လုပ္ငန္းေတြကို ေငြေၾကး ျဖည့္ဆည္းေပးဖို႔ က်ပ္ေငြ ဘီလ်ံ ၂၁၀၀ ေလာက္ အထိ လိုအပ္မယ္လို႔ ခန္႔မွန္းပါတယ္။ အစိုးရရဲ႕ ကိုဗစ္ ေခ်းေငြ အစီအစဥ္ က အကန္႔အသတ္ေတြ ရွိေနဆဲမို႔…. လက္ထဲမွာ ရွိတဲ့ ေငြေၾကးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားၾကပါ။ (အသုံး အစြဲ ေလွ်ာ့ပါ၊ မျဖဳန္းပါနဲ႔။)
ဝန္ထမ္း ေတြ အေနနဲ႔လည္း ရွိတဲ့ အလုပ္ကေလးကို အလြယ္တကူ လက္မလႊတ္ လိုက္ၾကပါနဲ႔။ လုပ္ငန္းေတြ အေနနဲ႔လည္း ေငြေၾကး လည္ပတ္မႈ (cash flow) ကို ေသခ်ာ စီမံ ခန္႔ခြဲၾကပါလို႔ သတိေပး လိုက္ပါရေစ။
ေဇာ္ႏိုင္
၉/၆/ ၂၀၂၀