ကိုဗစ်ေ တွ့ပါက ကျောင်းများ ကို ချက် ချင်းပြန်ပိတ်မည် ဟု ဝန်ကြီး ပြတ်ပြတ်သား သားပြော
လာ မည့် ဇူလိုင်လတွင် အခြေခံပညာကျောင်းများကို ပြန်ဖွင့်မည် ဖြစ်သော်လည်း ကိုဗစ် တွေ့ ရှိပါ က ကျောင်းများကို ချက်ချင်း ယာယီပိတ်သိမ်းသွားမယ်လို့ ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောလိုက်ပါတယ်။
အပိတ်ခံရပါက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်သာ ပြန်လည် ဖွင့်လှစ်မှာ ဖြစ်ပြီး ကျောင်းသား မိဘများရဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုကလည်း အရေးကြီးကြောင်း ဆိုပါတယ်။
လက်ရှိ ပညာသင်နှစ်အတွက် ကျောင်းများကို ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ အခြေခံပညာ အထက်တန်း အဆင့်ဖြစ်သည့် စနစ်ဟောင်း Grade – 11 နှင့် စနစ်သစ် Grade-10 တို့ကို စတင်ဖွင့်လှစ်ရန် စီစဉ်နေပြီး အဆိုပါအတန်းများရဲ့ လိုအပ်ချက် အားနည်းချက်တွေကို ပြင်ဆင်နိုင်သည့်အခါကြမှသာ အလယ်တန်းနှင့် မူလတန်းတို့ကို ဆက်ဖွင့် သွားမယ်လို့ သိရပါတယ်။
တဦးနှင့် တဦး ၆ ပေ စီခြား၍ ခုံစီနိုင်ရန်အတွက် ပေ ၃၀ – ၄၀ ရှိသည့် စာသင်ခန်း တခန်းတွင် ကျောင်းသားဦးရေ ၂၀ အတွက် စာသင်ခုံ ၂၀ သာ ထားရှိမည် ဖြစ်သလို ကျောင်းသား၊ ကျောင်းသူ အားလုံးပေါင်းနှင့် စာသင်ခန်း အရည် အတွက်ကိုစား၍ ရသည့် အချိုးသည် ၁ အချိုး ၂၀ ဖြစ်ပါက ဖွင့်ခွင့်ပေးမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
တနိုင်ငံလုံးရှိ ကျောင်းများကို နှာခေါင်းစည်း (Mask) နှင့် မျက်နှာကာ (Face Shield) များ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ပညာရေး ဝန်ကြီး ဌာနက တင်ဒါခေါ်ယူထားပြီး ဖြစ်ကြောင်း၊ အပူချိန် တိုင်းတာခြင်းများကိုလည်း ကျောင်းများတွင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
တနိုင်ငံလုံးတွင် ပုံမှန်ဖွင့်လှစ်နိုင်သည့် ကျောင်းပေါင်း ၂၇၀၀၀ ကျော် ရှိပြီး ၎င်းတို့ထဲတွင် အထက်တန်းကျောင်း ၆၁၇ ကျောင်း၊ တပတ်ခြား ဖွင့်ရမည့်ကျောင်း ၁၄၀၉၆ ကျောင်း၊ တပတ်ခြား ၂ သုတ်ခွဲ တက်ရမည့် ကျောင်း ၅၁၇၇ ကျောင်း၊ တပတ်လျှင် ၃ ရက်သာ တက်ရမည့်ကျောင်း ၂၉၃ ကျောင်း ရှိတယ်လို့ သိရပါတယ်။
မြန်မာတနိုင်ငံလုံးတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများသို့ တက်ရောက်နေသည့် ကျောင်းသားကျောင်းသူ ၁၀ သန်း နီးပါးရှိပြီး သင်ကြားပေးနေသည့် ဆရာ၊ ဆရာမ ဦးရေ စုစုပေါင်း ၄ သိန်းခွဲခန့် ရှိကြောင်း ပညာရေးဝန်ကြီး ဌာနရဲ့ အချက်အလက်များ အရ သိရပါတယ်။
Post navigation
Zawgyi
ကိုဗစ္ေ တြ႕ပါက ေက်ာင္းမ်ား ကို ခ်က္ ခ်င္းျပန္ပိတ္မည္ ဟု ဝန္ႀကီး ျပတ္ျပတ္သား သားေျပာ
လာ မည့္ ဇူလိုင္လတြင္ အေျခခံပညာေက်ာင္းမ်ားကို ျပန္ဖြင့္မည္ ျဖစ္ေသာ္လည္း ကိုဗစ္ ေတြ႕ ရွိပါ က ေက်ာင္းမ်ားကို ခ်က္ခ်င္း ယာယီပိတ္သိမ္းသြားမယ္လုိ႔ ပညာေရး ဝန္ႀကီး ေဒါက္တာ မ်ိဳးသိမ္းႀကီးက ေျပာလုိက္ပါတယ္။
အပိတ္ခံရပါက က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္ျဖင့္သာ ျပန္လည္ ဖြင့္လွစ္မွာ ျဖစ္ၿပီး ေက်ာင္းသား မိဘမ်ားရဲ႕ ပူးေပါင္း ပါဝင္ေဆာင္႐ြက္မႈကလည္း အေရးႀကီးေၾကာင္း ဆိုပါတယ္။
လက္ရွိ ပညာသင္ႏွစ္အတြက္ ေက်ာင္းမ်ားကို ဇူလိုင္လ ၂ ရက္ေန႔မွ စတင္ကာ အေျခခံပညာ အထက္တန္း အဆင့္ျဖစ္သည့္ စနစ္ေဟာင္း Grade – 11 ႏွင့္ စနစ္သစ္ Grade-10 တို႔ကို စတင္ဖြင့္လွစ္ရန္ စီစဥ္ေနၿပီး အဆုိပါအတန္းမ်ားရဲ႕ လိုအပ္ခ်က္ အားနည္းခ်က္ေတြကို ျပင္ဆင္ႏိုင္သည့္အခါၾကမွသာ အလယ္တန္းႏွင့္ မူလတန္းတို႔ကို ဆက္ဖြင့္ သြားမယ္လုိ႔ သိရပါတယ္။
တဦးႏွင့္ တဦး ၆ ေပ စီျခား၍ ခုံစီႏိုင္ရန္အတြက္ ေပ ၃၀ – ၄၀ ရွိသည့္ စာသင္ခန္း တခန္းတြင္ ေက်ာင္းသားဦးေရ ၂၀ အတြက္ စာသင္ခုံ ၂၀ သာ ထားရွိမည္ ျဖစ္သလို ေက်ာင္းသား၊ ေက်ာင္းသူ အားလုံးေပါင္းႏွင့္ စာသင္ခန္း အရည္ အတြက္ကိုစား၍ ရသည့္ အခ်ိဳးသည္ ၁ အခ်ိဳး ၂၀ ျဖစ္ပါက ဖြင့္ခြင့္ေပးမည္ ျဖစ္ေၾကာင္း ဝန္ႀကီးက ေျပာသည္။
တႏုိင္ငံလံုးရွိ ေက်ာင္းမ်ားကုိ ႏွာေခါင္းစည္း (Mask) ႏွင့္ မ်က္ႏွာကာ (Face Shield) မ်ား ျဖန႔္ေဝေပးသြားမည္ျဖစ္ၿပီး ပညာေရး ဝန္ႀကီး ဌာနက တင္ဒါေခၚယူထားၿပီး ျဖစ္ေၾကာင္း၊ အပူခ်ိန္ တိုင္းတာျခင္းမ်ားကိုလည္း ေက်ာင္းမ်ားတြင္ ေဆာင္႐ြက္သြားမယ္လုိ႔ သိရပါတယ္။
တႏိုင္ငံလုံးတြင္ ပုံမွန္ဖြင့္လွစ္ႏိုင္သည့္ ေက်ာင္းေပါင္း ၂၇၀၀၀ ေက်ာ္ ရွိၿပီး ၎တို႔ထဲတြင္ အထက္တန္းေက်ာင္း ၆၁၇ ေက်ာင္း၊ တပတ္ျခား ဖြင့္ရမည့္ေက်ာင္း ၁၄၀၉၆ ေက်ာင္း၊ တပတ္ျခား ၂ သုတ္ခြဲ တက္ရမည့္ ေက်ာင္း ၅၁၇၇ ေက်ာင္း၊ တပတ္လွ်င္ ၃ ရက္သာ တက္ရမည့္ေက်ာင္း ၂၉၃ ေက်ာင္း ရွိတယ္လုိ႔ သိရပါတယ္။
ျမန္မာတႏိုင္ငံလုံးတြင္ မူလတန္း၊ အလယ္တန္း၊ အထက္တန္းမ်ားသို႔ တက္ေရာက္ေနသည့္ ေက်ာင္းသားေက်ာင္းသူ ၁၀ သန္း နီးပါးရွိၿပီး သင္ၾကားေပးေနသည့္ ဆရာ၊ ဆရာမ ဦးေရ စုစုေပါင္း ၄ သိန္းခြဲခန႔္ ရွိေၾကာင္း ပညာေရးဝန္ႀကီး ဌာနရဲ႕ အခ်က္အလက္မ်ား အရ သိရပါတယ္။
Post navigation