သူ့ ဘဝ မှာ နောင်တအရ ဆုံး အရာတစ်ခု ကို ပရိသတ် အား ရင်ဖွင့်ပြောပြ လာ တဲ့ နန်းဆုရတီစိုး
မြန် မာနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ပရိသတ် အချစ် တော် နန်းဆုရတီစိုးက တော့ အဆိုပညာမှာလည်းထူးချွန်သလို သရုပ်ဆောင်စွမ်းရည်တွေနဲ့ လည်းပြည့်စုံတဲ့ အနုပညာရှင်မင်းသမီးချောလေး ပဲဖြစ်ပါတယ်။နန်းဆုကတော့ ကိုရီးယားမလေးအလား ထင်မှတ်ရလောက်အောင် လှပနေပြီး နဲ့ အမိုက်စားခန္ဓာ ကိုယ်ကောက်ကြောင်းလေးတွေကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။
နန်းဆုကတော့ ပရိသတ်တွေနဲ့သူငယ်ချင်းတွေအပေါ် မှာလည်း ဖော်ဖော်ရွေရွေနဲ့ဆက်ဆံတတ်သူတစ်ယောက်ဖြစ်တာကြောင့်လည်း အားလုံးကအချစ်ပိုနေရသူလေးဆိုလဲမမှားပါဘူးနော်။ဒါ့အပြင် နန်းဆုက သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း သူ့ရဲ့လူမှုကွန်ရက်ကနေ ပရိသတ်တွေကို အမြဲမျှဝေပေးလေ့ရှိသူတစ်ဦးလဲဖြစ် ပါတယ်။
ဒီနေ့မှာဆိုရင်တော့ နန်းဆုက သူ့ရဲ့ဘဝမှာ နောင်တ အရဆုံးအရာတစ်ခုကို အခုလိုပဲရင်ဖွင့်လာခဲ့ပါတယ်။ သူမကတော့ “ ဘဝမှာ နောင်တအရဆုံးကဘာလဲဆိုတော့ ဆံပင်ကို ဆိုးချင်တိုင်းဆိုးပြီး ညှပ်ပစ်ခဲ့ရတာကိုပဲ 😔ဆံပင်ပြန်ရှည်ပြန်ကောင်းချင်လို့ တနေ့အခါနှစ်ဆယ် လောက်ဖြီး တလကို ၁၅ခါလောက်ပေါင်းလည်း ဘာမှ သေသေချာချာ မထူးခြားလာသေးဆံပင်လေး ကောင်းကောင်း ရှိနေတုန်း သေချာတန်ဖိုးထားဂရုမစိုက်ခဲ့မိတာ”ဆိုပြီးရေးသားထားပါတယ်။ချစ်တဲ့ ပရိသတ်ကြီးအတွက် နန်းဆုရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက် ပါတယ်နော်..။
Source-NanSu Yati Soe
Zawgyi
Source-NanSu Yati Soe