ဦးဖြိုးမင်းသိန်း ဆို တာ ဘယ် လို လူ မျိုးလဲ နိုင်ငံအတွ က် ဘယ်လို ဒုက္ခခံခဲ့လဲ
အခု လွှတ်တော်မှာရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို ဖြုတ်ချဖို့ လုပ်နေကြပါပြီ။ အဲ့တော့ အဲ့ဒီလူတွေ ကို ဦးဖြိုးမင်းသိန်း နဲ့ ပတ်သက်လို့ ဒါတွေ သိလား မေးချင်တယ်။၁၉၉၀ ခုနှစ်နှစ်ကုန် ပိုင်းလောက်မှာတိုက်ကြီးမြို့နယ် အတွင်းက ခရီးသည် တင်ယာဉ် ကားပေါ်မှာ ထောက်လှမ်းရေး တွေ ဖမ်းလိုက်တဲ့ အကြောက် တရားကင်းမဲ့ တဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက နောင်တစ်ချိန်မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဖြစ်လာမဲ့ ဦးဖြိုးမင်းသိန်း ဖြစ်တယ်။ဖြစ်တယ်။
၁၉၉၁ ခုနှစ် ဇန်ဝါရီ လမှာ စစ်ခုံရုံး က ပြစ်ဒဏ်ပေးလိုက်တဲ့ အတွက် အင်းစိန်ထောင်ထဲမှာ ဖြတ်သန်းနေရင်း ၁၉၉၅ ခုနှစ်မှာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် နဲ့ အတူအင်းစိန် ထောင်တွင်းမှာ လူ့ငရဲဆိုတဲ့ စာဆောင်ထုတ်ခဲ့ပါတယ်။
အဲ့ဒီလုပ်ရပ်ပေါ်မှာ ထောင်ဝန်ထမ်းတွေရဲ့ညှင်းပန်းနှိပ်စက်မှုတွေ ကို ခံရတဲ့ကြားထဲက ဦးဖြိုးမင်းသိန်းဟာ ကုလသမဂ္ဂကို လူ့အခွင့်အရေး ချိုးဖောက်မှု နဲ့ ပက်သက်တဲ့ အစီရင်ခံစာတွေ ပို့ခဲ့တဲ့ အပြင် ကြေညာချက်တွေ လည်း ထုတ်ခဲ့တယ်။ဦးဖြိုးမင်းသိန်းဟာ ယုံကြည်ချက်အတွက် ခေါင်းမာတဲ့ နေရာ မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမွေကို ပိုင်ဆိုင် ထားခဲ့တာပါ။
ဘယ်လောက်ညှင်းပန်းနှိပ်စက် နှိပ်စက်ရင်ထဲက သမဂ္ဂ စိတ်ဓါတ်ကို လုံးဝ လက်မလွှတ်ခဲ့ ပါဘူး။ ထောင်ပုံစံ အကျီ င်္ပေါ်မှာလက်မှတ်တွေ ရေးထိုးပြီး လူ့အခွင့်အရေး ညီလာခံကို ထပ်ပေးပို့ခဲ့ပြန်တယ်။ထောင်ထဲမှာထောက်လှမ်းရေးတွေ မျက်စိထောင့်ထောက် ကြည့်နေတဲ့ကြားက ဦးဖြိုးမင်းသိန်းဟာ အဲ့ဒီလို ရဲရဲတောက် လှုပ်ရှားခဲ့ ပါတယ်။
အဲ့ဒီလို လှုပ်ရှားမှုတွေအတွက် ပုဒ်မ ၅။(င)နဲ့ထောင်ထပ်ချပြီး အင်းစိန်ထောင် ကနေ တောင်ငူ ထောင်ကို ပို့လိုက်ပါတယ်။ ၂၀၀၀ခုနှစ်မှာ ထောင်ဆူပူအောင် ဖန်တီးပါတယ်ဆိုပြီး လွတ်ရက်စေ့ခါနီး ပုဒ်မ ။၅ (ဃ) နဲ့ ၅ နှစ်ထပ်ချပြီး မြောင်းမြ ထောင်ကိုပို့လိုက်ပါတယ်။
စစ်အစိုးရ ရဲ့ မတရားယုတ်မာမှုတွေကို ခေါင်းငုံ့မခံဘဲ နောက်ဆုံးတစ်ယောက် တည်း ရှိတဲ့ အချိန်အထိ ပြည်သူတွေ အတွက် ထောင်နံရံတွေကြား တိုက်ပွဲဝင်ခဲ့တဲ့ သူ။ ရွှေတောင်ကြားရပ်ကွက်မှာ အိမ်ပိုင်ရှိရဲ့နဲ့ ဒီမိုကရေစီအတွက် ထောင်နံရံကြား ၁၅ နှစ်ကျော်လုံးလုံး ဆန်ကြမ်းထမင်း သွားစားခဲ့တဲ့သူ။စစ်အစိုးရအောက်က နင်းပြားပြည်သူ့ဘဝ လွတ်မြောက်ဖို့ အတွက် ဒုတိယနှစ် တက္ကသိုလ် ကျောင်းသားဘဝ ကိုစွန့်လွှတ်ပြီး ဗိုလ်တထောင် တက္ကသိုလ်အစား အင်းစိန် ထောင် ကိုရွေးခဲ့တဲ့သူ။ အခုသူ ရန်ကုန်ခံတပ်ပေါ်မှာ မတ်မတ်ရပ်နေတယ်။ အဲ့ဒီတော့ အခု ကွီးဖြိုးကို ဖြုတ်ချဖို့ လုပ်နေတဲ့ သူတွေ ကို မျက်နှာ ချင်းဆိုင်ပြီး မေးချင်တယ်။သမိုင်းစာမျက်နှာတွေကို တစ်ရွက်ချင်းပြိုင်လှန် မလား လို့
panpyoelat
Zawgyi
ဦးၿဖိဳးမင္းသိန္း ဆို တာ ဘယ္ လို လူ မ်ိဳးလဲ ႏိုင္ငံအတြ က္ ဘယ္လို ဒုကၡခံခဲ့လဲ
အခု လႊတ္ေတာ္မွာရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ကို ျဖဳတ္ခ်ဖို႔ လုပ္ေနၾကပါၿပီ။ အဲ့ေတာ့ အဲ့ဒီလူေတြ ကို ဦးၿဖိဳးမင္းသိန္း နဲ႔ ပတ္သက္လို႔ ဒါေတြ သိလား ေမးခ်င္တယ္။၁၉၉၀ ခုႏွစ္ႏွစ္ကုန္ ပိုင္းေလာက္မွာတိုက္ႀကီးၿမိဳ႕နယ္ အတြင္းက ခရီးသည္ တင္ယာဥ္ ကားေပၚမွာ ေထာက္လွမ္းေရး ေတြ ဖမ္းလိုက္တဲ့ အေၾကာက္ တရားကင္းမဲ့ တဲ့ အသက္ ၁၈ ႏွစ္အ႐ြယ္ လူငယ္တစ္ဦးက ေနာင္တစ္ခ်ိန္မွာ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ျဖစ္လာမဲ့ ဦးၿဖိဳးမင္းသိန္း ျဖစ္တယ္။ျဖစ္တယ္။
၁၉၉၁ ခုႏွစ္ ဇန္ဝါရီ လမွာ စစ္ခုံ႐ုံး က ျပစ္ဒဏ္ေပးလိုက္တဲ့ အတြက္ အင္းစိန္ေထာင္ထဲမွာ ျဖတ္သန္းေနရင္း ၁၉၉၅ ခုႏွစ္မွာ သတင္းစာဆရာႀကီး ဟံသာဝတီ ဦးဝင္းတင္ နဲ႔ အတူအင္းစိန္ ေထာင္တြင္းမွာ လူ႔ငရဲဆိုတဲ့ စာေဆာင္ထုတ္ခဲ့ပါတယ္။
အဲ့ဒီလုပ္ရပ္ေပၚမွာ ေထာင္ဝန္ထမ္းေတြရဲ႕ညႇင္းပန္းႏွိပ္စက္မႈေတြ ကို ခံရတဲ့ၾကားထဲက ဦးၿဖိဳးမင္းသိန္းဟာ ကုလသမဂၢကို လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ နဲ႔ ပက္သက္တဲ့ အစီရင္ခံစာေတြ ပို႔ခဲ့တဲ့ အျပင္ ေၾကညာခ်က္ေတြ လည္း ထုတ္ခဲ့တယ္။ဦးၿဖိဳးမင္းသိန္းဟာ ယုံၾကည္ခ်က္အတြက္ ေခါင္းမာတဲ့ ေနရာ မွာ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ အေမြကို ပိုင္ဆိုင္ ထားခဲ့တာပါ။
ဘယ္ေလာက္ညႇင္းပန္းႏွိပ္စက္ ႏွိပ္စက္ရင္ထဲက သမဂၢ စိတ္ဓါတ္ကို လုံးဝ လက္မလႊတ္ခဲ့ ပါဘူး။ ေထာင္ပုံစံ အက်ီ ေပၤၚမွာလက္မွတ္ေတြ ေရးထိုးၿပီး လူ႔အခြင့္အေရး ညီလာခံကို ထပ္ေပးပို႔ခဲ့ျပန္တယ္။ေထာင္ထဲမွာေထာက္လွမ္းေရးေတြ မ်က္စိေထာင့္ေထာက္ ၾကည့္ေနတဲ့ၾကားက ဦးၿဖိဳးမင္းသိန္းဟာ အဲ့ဒီလို ရဲရဲေတာက္ လႈပ္ရွားခဲ့ ပါတယ္။
အဲ့ဒီလို လႈပ္ရွားမႈေတြအတြက္ ပုဒ္မ ၅။(င)နဲ႔ေထာင္ထပ္ခ်ၿပီး အင္းစိန္ေထာင္ ကေန ေတာင္ငူ ေထာင္ကို ပို႔လိုက္ပါတယ္။ ၂၀၀၀ခုႏွစ္မွာ ေထာင္ဆူပူေအာင္ ဖန္တီးပါတယ္ဆိုၿပီး လြတ္ရက္ေစ့ခါနီး ပုဒ္မ ။၅ (ဃ) နဲ႔ ၅ ႏွစ္ထပ္ခ်ၿပီး ေျမာင္းျမ ေထာင္ကိုပို႔လိုက္ပါတယ္။
စစ္အစိုးရ ရဲ႕ မတရားယုတ္မာမႈေတြကို ေခါင္းငုံ႔မခံဘဲ ေနာက္ဆုံးတစ္ေယာက္ တည္း ရွိတဲ့ အခ်ိန္အထိ ျပည္သူေတြ အတြက္ ေထာင္နံရံေတြၾကား တိုက္ပြဲဝင္ခဲ့တဲ့ သူ။ ေ႐ႊေတာင္ၾကားရပ္ကြက္မွာ အိမ္ပိုင္ရွိရဲ႕နဲ႔ ဒီမိုကေရစီအတြက္ ေထာင္နံရံၾကား ၁၅ ႏွစ္ေက်ာ္လုံးလုံး ဆန္ၾကမ္းထမင္း သြားစားခဲ့တဲ့သူ။စစ္အစိုးရေအာက္က နင္းျပားျပည္သူ႔ဘဝ လြတ္ေျမာက္ဖို႔ အတြက္ ဒုတိယႏွစ္ တကၠသိုလ္ ေက်ာင္းသားဘဝ ကိုစြန္႔လႊတ္ၿပီး ဗိုလ္တေထာင္ တကၠသိုလ္အစား အင္းစိန္ ေထာင္ ကိုေ႐ြးခဲ့တဲ့သူ။ အခုသူ ရန္ကုန္ခံတပ္ေပၚမွာ မတ္မတ္ရပ္ေနတယ္။ အဲ့ဒီေတာ့ အခု ကြီးၿဖိဳးကို ျဖဳတ္ခ်ဖို႔ လုပ္ေနတဲ့ သူေတြ ကို မ်က္ႏွာ ခ်င္းဆိုင္ၿပီး ေမးခ်င္တယ္။သမိုင္းစာမ်က္ႏွာေတြကို တစ္႐ြက္ခ်င္းၿပိဳင္လွန္ မလား လို႔
panpyoelat