COVID 19) ေရာဂါ ျဖစ္ပြားေနခ်ိန္္ ကာလအတြင္း ထိခိုက္္ လြယ္ ျပည္သူ မ်ားကို ေငြေၾကး ေထာက္္ပံ့ႏိုင္ေရး အတြက္ စီစဥ္ေဆာင္႐ြက္္ လ်က္္ရွိေၾကာင္း လူမႈ ဝန္္ထမ္း ဦးစီးဌာန ၫႊန္ၾကားေရးမႉး ခ်ဳပ္္ ေဒါက္တာ စန္းစန္းေအး က ဧၿပီ (၂၆) ရက္္ တြင္ ႔ေျပာဆိုသည္္။
“(၈၅)ႏွစ္္ အထက္အထိ ကေတာ့ ႏိုင္ငံေတာ္္ က ေပးေနတယ္္ ။ အခု (COVID) ကာလအတြင္းမွာ အသက္္ အ႐ြယ္ ဘယ္ေလာက္ထိကို ေပးႏိုင္မလဲဆိုတာကို စီစဥ္ေနပါတယ္။ စီမံခ်က္ေတြလည္း ဆြဲေနပါတယ္။ ဘတ္ဂ်က္ လည္း ၾကည့္ ရပါတယ္။ (၈၅) ႏွစ္ေအာက္ ဘယ္ေလာက္အထိ ေပးႏိုင္မလဲဆိုတာေတာ့ ေသခ်ာမသိေသးဘူး။ စီစဥ္ေဆာင္ ႐ြက္ေနတုန္းပါ”ဟု ေဒါက္တာစန္းစန္းေအးက ေျပာဆိုသည္။
ႏိုင္ငံေတာ္္အ ေနျဖင့္ လက္ရွိ ေထာက္္ပံ့ေပးေန သည့္ (၈၅)ႏွစ္္ အထက္ အဘိုး၊ အဘြား ဦးေရ (၂၀၀၁၂၈) ဦးအထိ ရွိၿပီး (၂၀၁၇-၂၀၁၈) ဘ႑ာေရးႏွစ္္ မွစ၍ အသက္္(၉၀) ႏွင့္္ အထက္ ဘိုးဘြားမ်ား ကို တစ္လ ေငြက်ပ္္ (၁၀၀၀၀) ႏႈန္းျဖင့္္ စတင္ေထာက္္ပံ့ ခဲ့ရာ ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္မွ စ၍ (၈၅)ႏွစ္ႏွင့္္ အထက္ ဘိုးဘြားမ်ားကို လူမႈေရးပင္စင္ ေပးအပ္္ ခဲ့သည္္။လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက (၈၅) ႏွစ္ႏွင့္္ အထက္ ဘိုးဘြား မ်ားကို တစ္္လ လၽွင္ ေငြက်ပ္္ (၁၀၀၀၀) ႏႈန္းျဖင့္ သုံးလ တစ္ႀကိမ္လၽွင္ က်ပ္္ (၃၀၀၀၀) ေထာက္ပံ့ေပးလ်က္္ ရွိေၾကာင္း သိရသည္္။
Credit :The standard Time
Unicode
COVID 19) ရောဂါ ဖြစ်ပွားနေချိန် ကာလအတွင်း ထိခိုက် လွယ် ပြည်သူ များကို ငွေကြေး ထောက်ပံ့နိုင်ရေး အတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း လူမှု ဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ စန်းစန်းအေး က ဧပြီ (၂၆) ရက် တွင့်ပြောဆိုသည်။
“(၈၅)နှစ် အထက်အထိ ကတော့ နိုင်ငံတော် က ပေးနေတယ် ။ အခု (COVID) ကာလအတွင်းမှာ အသက် အရွယ် ဘယ်လောက်ထိကို ပေးနိုင်မလဲဆိုတာကို စီစဉ်နေပါတယ်။ စီမံချက်တွေလည်း ဆွဲနေပါတယ်။ ဘတ်ဂျက် လည်း ကြည့် ရပါတယ်။ (၈၅) နှစ်အောက် ဘယ်လောက်အထိ ပေးနိုင်မလဲဆိုတာတော့ သေချာမသိသေးဘူး။ စီစဉ်ဆောင် ရွက်နေတုန်းပါ”ဟု ဒေါက်တာစန်းစန်းအေးက ပြောဆိုသည်။
နိုင်ငံတော်အ နေဖြင့် လက်ရှိ ထောက်ပံ့ပေးနေ သည့် (၈၅)နှစ် အထက် အဘိုး၊ အဘွား ဦးရေ (၂၀၀၁၂၈) ဦးအထိ ရှိပြီး (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ် မှစ၍ အသက်(၉၀) နှင့် အထက် ဘိုးဘွားများ ကို တစ်လ ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် စတင်ထောက်ပံ့ ခဲ့ရာ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှ စ၍ (၈၅)နှစ်နှင့် အထက် ဘိုးဘွားများကို လူမှုရေးပင်စင် ပေးအပ် ခဲ့သည်။လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက (၈၅) နှစ်နှင့် အထက် ဘိုးဘွား များကို တစ်လ လျှင် ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် သုံးလ တစ်ကြိမ်လျှင် ကျပ် (၃၀၀၀၀) ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။
Credit :The standard Time