News

အတွေ့အကြုံသစ်တွေ လိုချင် တဲ့ မနူးမနပ် ကောင်လေး နဲ့ တွေ့ခဲ့သော ညငှက်မလေး တစ်ယောက်ရဲ့ ကြေကွဲစရာ ဖြစ်ရပ်လေးပါ…

Written by Aung Lay

အသက်က ၁၇နှစ် သူငယ်ချင်းတွေက လူပျိုရည်မပျက်သေးတဲ့ ကျွန်တော့် ကိုဂိုဏ်းဝင်သွားအောင် မင်္ဂလာဈေး JJအောက်မှာ ညမွှေးပန်းသွားရှာမယ်လိုက်ခဲ့ ..ဆိုတာနဲ့ လူငယ်ဆိုတော့စူးစမ်းချင်တဲ့ စိတ်နဲ့ လိုက်သွားခဲ့တယ်။ ဟိုရောက်တော့ .. သားကြီး မင်းက ဒီညအထူးဆိုတော့ ..မင်းတစ်ယောက်ရွေးကွာတဲ့သူတို့က သူတို့ စိတ်ကြိုက်တစ်ယောက်ရွေးတယ်..အဲဒီမှာ ဝိုင်းဆိုတဲ့ ကောင်မလေးကို ကျွန်တော်စတွေ့ခဲ့တယ်။

ရှေ့မှာလာရပ်ပြနေတဲ့ ကောင်မလေးတွေထက် ..ဟိုး သစ်ပင်အောက်မှာ တစ်ယောက်တည်း ငူငူငေါင်ငေါင်ထိုင်နေတဲ့ သူမဆီ ..ကျွန်တော် အသာလျှောက်သွားတယ်..။

မီးမလင်းတလင်းမှာ ..မပီဝိုးတဝါးဆယ်ကျော်သက်အရွယ် မိန်းမပျိုလေး တစ်ယောက် ကျွန်တော့်အထင်မျက်ရည်တွေများ ဝိုင်းနေသလား မသိပါဘူး..မင်းနာမည် ဘယ်လိုခေါ်လဲဆိုတော့ ..ဝိုင်းတဲ့ .. နာမည်မေးတုန်းရှိသေးတယ်။

ခေါင်းဆိုတဲ့ လူ ရောက်လာပြီးညီက ဒီကလေးမလေးကြိုက်လို့လားတဲ့ …ကျွန်တော့်ခေါင်း ကို အသာညိတ်မိလိုက်တယ်ထင်ပါတယ်.. ကဲ ..မိဝိုင်း ထတော့ အလုပ်ပေါ်ပြီ နင်စိတ်ညစ်တာနောက်မှညစ်.. လိုက်သွား .

.ခေါင်းရဲ့ စကားအဆုံးမှာ ..ညမိမယ် နတ်သမီးလေးတစ်ပါး ဘာဆိုဘာမှ ပြန်မပြောပဲ အရုပ်တစ်ရုပ်လို ထလိုက်လာပါတယ်.. ဒီလိုနဲ့ ဝိုင်းရယ် ..နောက်ကောင်မလေးတစ်ယောက်ရယ် ..

ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်ရယ် ..ကားတစ်စီးနဲ့ သူတို့ ညွှန်ပြတဲ့ သူတို့ကျက်စားရာ တည်းခိုခန်းတစ်ခုဆီ ထွက်လာခဲ့ကြတယ်။

ကားပေါ်မှာ ..ရှေ့ခန်းမှာ ထိုင်နေတဲ့ ကျွန်တော့်ကို လက်ညိုးထိုးပြီး ..သူငယ်ချင်းကပြောတယ် ဝိုင်း… နင့်ကို ဒီကောင်က ဘိုင်နိမ်းနဲ့ ခေါ်လာတာလေအဲလို ပြောတော့.. နတ်သမီးလေး ဆီက အသံထွက်လာတယ်.. အကိုက ဝိုင်းကို သိလို့လားတဲ့ ကျွန်တော် အသာအယာပဲ ခေါင်းခါပြလိုက်ပါတယ် ။

ကျွန်တော်မှ မသိတာ သူ့ကိုဘာကြောင့် ရွေးခဲ့မိတယ်ဆိုတာလဲ မသိဘူး.. ကျွန်တော့်စိတ်က ခံစားချက်ရှိတဲ့ သူတွေကို စိတ်ဝင်စားတယ် ထင်ပါရဲ့ ..ဟိုတယ်ရောက်တော့

ကျွန်တော့်ကို သူငယ်ချင်းတွေက ဝိုင်းနဲ့ အတူနေဖို့ အခန်းတစ်ခန်းပေးတယ်။တစ်နာရီပဲ ရမယ်နော်သားကြီး .. ငါတို့ အားလုံး အလှည့်ကျပဲ လုပ်စရာရှိတာလုပ်ရှက်ကြောက်မနေနဲ့တဲ့ အေးပါကွာ ..ဆိုပြီး ကျွန်တော် အခန်းထဲဝင်လိုက်တော့ ဝိုင်းက ကုတင်ပေါ်မှာ ထိုင်နေလေရဲ့..

အကို .. ညီမ ရေချိုးလိုက်အုန်းမယ် ရလားဟင် တစ်ညနေလုံး ရေမချိုးရသေး လို့ နံစော်နေပြီ ခွင့်ပြုပါနော်တဲ့ ရပါတယ် ကျွန်တော်လဲ လူပျိုညအတွက် ရင်ခုန်လှိုက်မောနေတာနဲ့ အချိန်လေးတစ်ခုလိုအပ်နေသေးတယ် မဟုတ်လား..

ကျွန်တော် အမှန်အတိုင်း ဝန်ခံပါရစေ မကောင်းဘူးဆိုတာ သိပေမယ့် .. အရာရာ ကို စမ်းသပ်ချင်နေတဲ့ ..အရွယ်ဆိုတော့ ကိုယ် ဘာလုပ်ရမယ်..ဘာကြောင့် ဒီနေရာရောက်နေတယ်ဆိုတဲ့ စိတ်နဲ့ စိတ်တွေလှုပ်ရှားနေပါတယ်။

နားနဲ့မနာ ဖဝါ်းနဲ့ နာကြပါဗျာ.. ကျွန်တော့် သွေးသားတွေကလဲ တစ်ခုခုကို တောင်း ဆိုနေကြတာ ..တရုန်းရုန်း နဲ့ပေါ့ ကောင်မလေး ရေချိုးသံနဲ့ အတူ တဝုန်းဝုန်းတဒိုင်းဒိုင်းနဲ့ ရင်ခုန်သံစည်းချက်တွေက ဝရုန်းသုန်းကား .

.ကျွန်တော် ထိုင်မရ ထမရနဲ့ ကျွန်တော့်စိတ်တွေကလဲ ဟိုး အဝေးကြီးကနေ နီးလာသလို နီးရာကနေ ဝေးသွားသလို.. တစ်ခုခုကို တောင့်တစိတ်တွေက ထိန်းမရ သိမ်းမရ ဖြစ်နေတယ် ကောင်မလေးထွက်လာပါပြီ ။

ဗြုန်းဆို ကောင်မလေး သဘတ်ကိုချွတ် ကောက်ဝတ်လိုက်တဲ့ ရင်စည်းက ကျွန်တော် မြင်နေကျ ..နိုင်ငံခြားကားတွေထဲကလို တောက်တောက်ပြောင်ပြောင် လှလှပပ အရာလေးမဟုတ်ပါဘူး ။

အရွယ်မရောက်သေးတဲ့ မိန်းခလေးတွေ ဝတ်တဲ့ ရင်ခံအကျီလို ဟာလေးပါ ဟောင်းနွမ်းစုတ်ပြတ်ပြီး အရောင်အဆင်းကင်းမဲ့နေတဲ့ ရင်ခံအကျီလေးကို ငေးကြည့်ရင်း ကောင်မလေး လက်တစ်စုံက .. အဲဒီအကျီလေးရဲ့ လက်မောင်းသားပေါ်က ကြိုးကလေးကို ကိုင်ပြီး တစ်စုံတစ်ခုကိုလုပ်လိုက်ပါတယ်။

ကျွန်တော့် စိတ်တွေ .. အဲဒီ တခဏမှာ ..ချောက်ကမ်းပါးတစ်ခုက ပြိုကျ သွားသလို ဟာခနဲ ဖြစ်သွားတယ်ဗျာ သူလုပ်လိုက်တဲ့အရာက ပြတ်နေတဲ့ ကြိုးနှစ်ခုကို တွယ်ထားတဲ့ တွယ်ချိတ်လေးကို ဖြုတ်လိုက်တာ တစ်ကယ်ကို ချိတ်လေးတစ်ခုပါ.

.စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ ရင်စည်းအကျီမှာ ..ကြိုးပြတ်နေလို့ တွယ်ချိတ်နဲ့ တွယ် ထားရတဲ့ အဲဒီ အကျီလေးက လူပျိုတစ်ယောက်ရဲ့ … တဝုန်းဝုန်းကြဲနေတဲ့ မုန်တိုင်း ရမက်တွေကို ဖြုတ်ဆို ပျောက်ဆုံးသွားစေခဲ့တယ်။

ကျွန်တော် လှမ်းပြောလိုက်တယ်…ဝိုင်း … မချွတ်နဲ့တော့လို့ .. အကျီလေးထပ်ဝတ်ထားပါ ချမ်းနေပါမယ် ဆိုတော့ … အံသြတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို လှမ်းကြည့်တယ်။ဘာဖြစ်လို့လဲ အကိုတဲ့ ..

ဘာမှ မဖြစ်ပါဘူးကွယ်။အကိုစကားပြောချင်လို့ပါဆိုတော့ . အံသြနေတဲ့ မျက်ဝန်းတွေနဲ့ ကျွန်တော့်အနား ဖြည်းညှင်းစွာကပ်လာတယ်။အကို ညီမကို မကြည်ဖြူလို့လားဟင်…ညီမက တော်တော် စိတ်ညစ်စရာကောင်းနေလို့လားတဲ့ ကျွန်တော်ခေါင်းပဲခါပြလိုက်တယ်။

သူမရဲ့ အထာကျနေတဲ့ မျက်လုံးတွေက ဘယ်ညာ ရမ်းပြီး အကြည့်ဝေ့တစ်ချက်မှာ အရာအားလုံးကို သဘောပေါက်သွားတယ် ထင်ပါရဲ့ .. ဒီလိုလုပ်လေ ညီမကို ဖက်ထားလိုက်တဲ့ အကို အဆင်ပြေအောင်ပါတဲ့။

သူမပြောတဲ့အတိုင်း ကျွန်တော် ဖက်လိုက်ပါတယ် ….ဟင် … ဘာကြီးလဲ … ကျွန်တော် အလန့်တကြားလက်ကို ပြန်ဆွဲရုတ်မိတယ်.. အား ..တောင်းပန်ပါတယ်..အကို …တစ်ကယ်ပါ … ညီမလေ ..ညနေက ရပ်ကွက်ထဲမှာ ရန်ဖြစ်လာလို့ ကျွန်တော် ပြန်စမ်းကြည့်တယ်။

ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုပဲ ..ဟိုဘက်လှည့်လိုက်ဆိုတော့ သူမ လှည့်ပြတယ် ဓါးဒဏ်ရာကြီးပါလား ရှပ်ထိတာ ဆိုပေမယ့် ..တော်တော်လေး ပြင်းထန်တဲ့ ဒဏ်ရာပါ ဘယ်လိုဖြစ်တာလဲ ညီမရယ် ဆိုပြီး ဘယ်လိုမှ ရည်ရွယ်မထားပေမယ့် ကျွန်တော် နှုတ်က ထွက်သွားခဲ့တယ်။

ဝိုင်း … မျက်ဝန်းတွေမှာ ..အရည်တွေ လဲ့လာပါတယ်…နောက် သူမ သက်ပြင်းတစ်ခုချတယ် ကျွန်တော့်ကို ကြည့်တယ် သူ့ကြည့် တဲ့ ပုံစံက အကိုတစ်ယောက်ကို ညီမတစ်ယောက်က ရင်ဖွင့်ချင်တဲ့ ခံစားချက်မျိုး … ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်..။

ကျွန်တော် နားထောင်ပေးဖို့ အသင့်ဖြစ်နေပါပြီ.. ဘာတွေ ဖြစ်ခဲ့တာလဲ မိန်းမပျိုလေးရဲ့ ကျောကုန်းက ဓါ်းဒဏ်ရာဆိုတာက တော်တော်လေး ကို ဒွိဟဖြစ်စရာပဲမဟုတ်လား တိတ်ဆိတ်နေတဲ့ ညမှာ ကြေကွဲနေတဲ့ ညငှက်လေးတစ်ကောင်ရဲ့ စကားသံတိုးတိုးလေး ထွက်လာတယ် ။

”ညီမ ညနေက ရပ်ကွက် ထဲမှာ ရန်ဖြစ်လာတာတဲ့ … ညီမ ယောက်ျား ရဲ့ မိန်းမကြီးက ညီမကို ဓါး နဲ့ လိုက်ခုတ်လို့ ထွက်ပြေး ခဲ့ရတယ်…ဒီ ဒဏ်ရာက ရှပ်ထိသွားတာပါ” တဲ့ ဒီလိုနဲ့ပဲ သူမ စကားတွေ ဆက်ပြောခဲ့တယ်။

သူမက အခုမှ ၁၆ နှစ်တောင် မပြည့်သေးပါဘူး ၁၄ နှစ်သမီးမှာ ယောက်ျား ရတယ် ရတဲ့ ယောက်ျားက ခေါင်းပါ ..ဒီလိုနဲ့ ဒီလောကထဲရောက်လာခဲ့တယ်.. သူမရဲ့ ဘဝအစမှာတုန်းကတော့ … ကောင်းရောင်းကောင်းဝယ် အကြော်သည်လင်မယားနှစ်ယောက်ရဲ့ တစ်ဦးတည်းသော သမီးလေးပါတဲ့ ..

။ပြောရင်းနဲ့ … သူမ လက်ဆွဲအိတ်လေးကို လှမ်းယူ လိုက်ပါတယ်.. နောက် ကြေမွနေတဲ့ အကျီအစုတ်တွေကြားထဲကနေ … တစ်ခုခုကို ထုတ်ယူလိုက်တယ်.. မပီပြင်ဝိုးတဝါးအလင်းရောင်မှာ သူပြချင်တဲ့ အရာအတွက် အလင်းရောင်တစ်ခုလိုအပ်တယ် ထင်ပါရဲ့ …. အခန်းမီးကို ဖွင့်လိုက်တယ်။

အဲဒီကျမှ ..သူမလက်ထဲမှာ ကိုင်ထားတာ .. ပလက်စတစ်လောင်း ထားတဲ့ ဓါတ်ပုံအဟောင်းလေး တစ်ပုံ အဲဒီမှာ ကလေးလေးတစ်ယောက် ဆုတံဆပ်လေးကိုင်လို့ …..ဘေးနားမှာက လောကဓံကြောင့် ပိန်လှီနေပေမယ့် မိန်းမချောတို့ ရုပ်ရည်ရှိတဲ့ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက် … သေချာပါတယ်။

အဲဒါ သားအမိနှစ်ယောက်ပုံပါ ..သမီးလေးက ကျောင်းမှာ ဆုရ သမီးလေး နဲ့ အမေ ဆုလေးနဲ့ ဓါတ်ပုံတွဲရိုက် …. နှစ်ယောက်လုံးရဲ့ မျက်နှာမှာ အပြုံးတွေနဲ့ … ဒီကလေးမလေးက ဝိုင်းမှ ဟုတ်ပါလေစ ..ဘေးက သူ့အမေပေါ့ .. ဝိုင်းက ငယ်ငယ်တုန်းက စာတော်တဲ့ ကလေးမလေးပဲ … ရင်ထဲမှာ ဆို့နင့်သွားတယ်။

ဓါတ်ပုံလေးကြည့်ပြီး ငိုင်သွားတဲ့ ကျွန်တော်.. ”အဲဒါ ဝိုင်းမေမေလေ…ဝိုင်း နှစ်တန်းတုန်းက ဆုရတုန်းက အမှတ်တရပုံလေးပါ.. ဝိုင်းရဲ့ ပညာအရည်အချင်းကလဲ အဲဒီနှစ်က နောက်ဆုံးပါပဲ အဲဒီနောက်ပိုင်းကတော့ …

ရုပ်ရှင်တွေထဲကလိုပေါ့ အကိုရယ်… အဖေကဆုံး ..အမေက နောက်ယောက်ျားယူ …ပထွေးက နှိပ်စက် သမီးပါကျောင်းထွက် ဈေးရောင်း ..နောက် စိတ်ဖိစီးမှုဒဏ်တွေကြောင့် အမေကဆုံး ..

ပထွေးက ခြေတော်တင်….နောက်ဆုံးမှာ ဖာခေါင်းနဲ့ ရပြီး ဖာသည်မလေးဖြစ်သွားတယ်ပေါ့” ပြီးတော့ ဟက်ဟက်ဟက်ဟက်နဲ့ ခြောက်ကပ်စွာ သူမ ရယ်မောနေခဲ့တယ်။

ဒါ မြင်ဖူးနေကျ ရုပ်ရှင်တွေ ..ဖတ်ဖူးနေကျ ဝထုတွေ .. ကြားဖူးနေကျ .. ညဉ့်နက်မလေးတွေရဲ့ ပါးစပ်ဖျားက ပုံပြင်တွေ ဆိုပြီး … ကျွန်တော် တွေးထင်ပလိုက်ချင်တယ်..

ဒါပေမယ့် ..မျက်စိရှေ့မှာ မြင်နေရတဲ့ ..ကောင်မလေးရဲ့ မျက်ရည်မကျတဲ့ မျက်ဝန်းနဲ့ လောကကြီးကိုလှောင်ပြုံးတွေနဲ့ ခနဲ့တဲ့တဲ့ မျက်နှာထားအောက်မှာ ကျွန်တော် ဘယ်လိုလုပ်ပြီး ..ဒါတွေက ပုံပြင်ပါလို့ ..တွေးထင်လို့ ရမှာတဲ့လဲ..

ကျွန်တော် ယုံတယ်လဲ မပြောပါဘူး …မယုံဘူးလဲ မပြောပါဘူး.. ဘာမှလဲ ပြောစရာမရှိပါဘူး သူမကလဲ ဘာမှ ဆက်မပြောပါဘူး ပုံမှန်အားဖြင့် ..ဒီအချိန်မှာ မျက်နှာကိုလွှဲ သက်ပြင်းကိုချ ..တစ်ရှိုက်ရှိုက်နဲ့ ငိုကြွေးနေရမယ့် မိန်းခလေးတစ်ယောက်က

ဘာလို့များ…. ကျွန်တော့်မျက်ဝန်းတွေကို စိုက်စိုက်ကြည့်ပြီး တည်ငြိမ်နေရတာလဲ ..ကျွန်တော်ကရော … ဘာလို့ အဓိပ္ပါယ်ဖတ်မရတဲ့ သူမမျက်ဝန်းတွေကို ငေးကြည့်ပြီး ရင်ထဲမှာ စို့နင့်နင့်ကြီး ဖြစ်နေရတာတုန်း..

အော် ညီမရယ် ..ဆိုပြီး ဖတ်လိုက်ရမှာလား ..သူမကလဲ ဟင့်ဟင့်ဆိုပြီး ငိုကြွေးပြီး ကျွန်တော့်ရင်ခွင်ထဲဝင်လာမှာလား … ဟားဟား ဒါရုပ်ရှင်ရိုက်နေတာဆိုရင်တော့ …ဒီဇတ်ဝင်ခန်းက ဒီလိုရိုက်ဖြစ်သွားမှာပါ ဒါပေမယ့် ဒါရုပ်ရှင်ရိုက်နေတာ မဟုတ်။

တစ်ကယ့် ဘဝဆိုးကြီးကို ဘာမှမဆိုင်တဲ့ ကောင်လေးတစ်ယောက်ရှေ့မှာ ကောင်မလေး တစ်ယောက်ကရင်ဖွင့်မိသွားတာ ဘာမှ မလုပ်ပေးနိုင်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်ကရောတစ်ကယ်တော့

အဲဒီအချိန်မှာ တိတ်ဆိတ်နေတဲ့အခန်းကျဉ်းလေးထဲမှာ လူသားနှစ်ယောက်ကြား တစ်စုံ တစ်ခုက ကျကွဲသွားတယ် ။အဲဒီ ကျကွဲသွားတဲ့ အရာက … ဘာသံမှ မထွက်ပဲ ကွဲကြေသွားတဲ့ အသဲနှလုံး နှစ်ခုပါ..

ဒေါက် ဒေါက် ဒေါက် ”ဟေ့ရောင် အောင်သော် … မပြီးသေးဘူးလား …မြန်မြန် ထွက်တော့ နောက်လူတွေစောင့်နေတယ်.” ကျွန်တော် … သူမ ကို ပြုံးပြလိုက်တယ်…. သူမကလဲ ပြန်ပြုံးပြတယ်။ကျွန်တော် ဘာနှုတ်ဆက်စကားမှ မဆိုပဲ ..သူမအနားက ထလာခဲ့တယ်…..

နောက်မှ လက်ထဲပါလာတဲ့ ..သူမရဲ့ တန်ဖိုးအကြီးဆုံး အမှတ်တရဓါတ်ပုံလေးကို ပြန်လှည့်ပေးရင် ..ကျွန်တော် သူမကို ကျောခိုင်း ထွက်လာတယ် တံခါးဝနားရောက်မှ ..ကျွန်တော် လှည့်ပြောမိတယ်

”အကို ညီမလို ကျောင်းမှာ ဆုမရဖူးဘူး ..သိလား .. ညီမ အရမ်းတော်တယ် ” သူမ ပြုံးသွားတယ် …ကျေးဇူးတ င်ပါတယ် အကို တဲ့ ..ပြီးတော့ ကျွန်တော် သူမရှိနေတဲ့ အခန်းထဲကနေ ထွက်လာခဲ့တယ်.

.အပြင်မှာ စောင့်နေတဲ့ သူငယ်ချင်းက ဘယ်လိုလဲ ဆိုတဲ့ အထာနဲ့ မေးငေါ့ပြတယ်။”ငါ ခံစားချက် အကြီးကြီးရခဲ့ပါတယ်” လို့ ပြန်ဖြေလိုက်တယ်။

ဟဟဟဟဟ …သူငယ်ချင်းက ရယ်ပါတယ်. မင်းအဆင်ပြေရင်ပြီးတာပဲ..ဟိုဘက်မှာ အခန်း တစ်ခုရှိတယ် မင်း သွားနားနေလိုက်..ငါ ဝင်လိုက်အုန်းမယ် တဲ့ .. ပြောပြီး ..သူမရှိရာ အခန်းလေးထဲကို ဝင်သွားပါတယ်။

ငါရခဲ့တဲ့ ခံစားချက်က မင်းထင်သလို မဟုတ်ဘူးဆိုတာ မရှင်းပြတော့ပါဘူး။ရှင်းပြစရာလဲ လိုမှ မလိုတာ … ဘာမှန်းမသိတဲ့ ခံစားချက် အကြီးကြီးတစ်ခုကိုထမ်းပိုး….

သူမနဲ့အတူ ပျော်ပါးဖို့ ဝင်သွားတဲ့ သူငယ်ချင်းကျောကုန်းကို ငေးကြည့်နေရင်းနဲ့ကျွန်တော် မွန်းကျပ်လာတယ်။ တစ်ဖက်အခန်းက … မပီဝိုးတဝါး ကြားနေရတဲ့ အသံတစ်ချို့မှာ

ကျွန်တော်စိတ်တွေ တိမ်ထဲမှာ လွင့်မျောနေရသလိုပဲ .ကျွန်တော် …၂တန်းကျောင်းသူအရွယ်ကောင်မလေး တစ်ယောက်ကို မြင်နေရတယ်…ကောင်မလေးက လက်ထဲမှာ ပညာရည်ချွန်ဆုလေး ကိုင်ပြီး…

သူ့မေမေနဲ့ ဓါတ်ပုံရိုက်နေတယ်။နောက် ..ကောင်မလေးနားမှာ သူ့မေမေ မရှိတော့ဘူး ..ရမက်ပြင်းတဲ့ အကြည့်တွေ နဲ့ ဘီလူးသဘက်လို မိန်းမပျိုလေးရဲ့ သွေးသားကိုဝါးမြိုချင်တဲ့ လူတစ်ချို့ ကလေးမလေး နားကို တဖြည်းဖြည်း ဝိုင်းအုံလာကြတယ်။ကောင်မလေး ကြောက်ရွံ့စွာ အော်ဟစ်နေတယ်။

သူမ ဘဝလေး နှင်းဆီပန်းကလေးလို တစ်ရစ်ပြီး တစ်ရစ် …တစ်လွှာပြီး တစ်လွှာအခြွေခံနေရတယ်… ဘယ်သူမှ ကယ်မယ့်သူ မရှိဘူးအားကိုးရာလဲ မရှိဘူး ..နာကျင်မှုတွေ အပြည့်နဲ့ ..အရှက်တွေကို နင်းခြေခံလိုက်ရတဲ့ …

ကလေးမလေးရဲ့နှုတ်ခမ်းတစ်စုံက ..ကြာတော့ လောကကြီးကို လှောင်ပြုံးလေးနဲ့ ပြန်ပြုံးပြ တတ်ပြီ။သူမ မျက်နှာပေါ် တပေါက်ပေါက် ကျနေတဲ့ တဏှာရမက်ချွေးစက်တွေနဲ့မျက်နှာသစ်တတ်သွားပြီ

…ညည်းညူလှိုက်မော ပင့်သက်ရှိုက်သံတွေနဲ့အတူ..သက်တံရောင် တိမ်တွေကြား ကလေးမလေးတစ်ယောက် မျက်ရည်တွေနဲ့သူ့မေမေလဲ မျက်ရည်တွေနဲ့ ဆုတံဆိပ်လေးကလဲ ကြေမွလို့ ..

နောက် ကလေးမလေး မျက်လုံးကိုမှိတ် အံကိုကြိတ် ..အသူရာချောက်ထဲ … ပစ်ဆင်းသွားတယ် …ကျွန်တော် လှမ်းပြီး ဖမ်းဆုပ်ချိန်မရလိုက်ဘူး အလန့်တကြားနဲ့ ကျွန်တော် သူမ ခုန်ဆင်းသွားရာ ပြေးလိုက်ရင်း သူမ နာမည်ကို အော်ဟစ်နေမိတယ်။

”ဝိုင်း ” ”ဟေ့ရောင် …ဝိုင်းမနေနဲ့ ထတော့ မိုးလင်းနေပြီကွ ..ဟိုကောင်မလေးတွေလဲပြန်သွားကြပြီ”ကျွန်တော် လန့်နိုးလာတယ်….အော် မိုးတောင်လင်းသွားပြီ။အော် ဒါနဲ့ …ဝိုင်းက မင်းကို ဒါလေး ပေးပေးပါတဲ့

ရော့ —ဘာလေးလဲ …..သူငယ်ချင်းလှမ်းပေးတဲ့ အရာလေးကို ကြည့်လိုက်တော့တွယ်ချိတ်လေးတစ်ခု ..

သူမ ရင်စည်းအကျီက တွယ်ချိတ်လေး ဘာအတွက်နဲ့ကျွန်တော့်ကို ပေးခဲ့တာလဲ။သူမအတွက် မလိုအပ်တော့ဘူးလား …..ဒီတွယ်ချိတ်လေးမရှိပဲ ..သူမရဲ့ အရှက်ကို ဘယ်လိုဖုံးမလဲ..ဘာကြောင့်လဲ …”အရှက်တွေကို ဖုံးဖို့ မလိုအပ်တော့တာလား

…ကောင်မလေးရေ”ဒါမှမဟုတ်—”တွယ်ချိတ်လေးကို ချွတ်ပြီး … အရှက်တရားကို ရောင်းစားရတဲ့ ဘဝကို ကျောခိုင်းတော့မှာမို့လို့ဒီ တွယ်ချိတ်လေး မလိုအပ်တော့တာလား ”….

” ဟေ့ရောင် … ငါတို့ ရပ်ကွက်ထဲကို ဝိုင်းရောက်နေတယ်ကွ” ဟုတ်ပါတယ်…ရပ်ကွက်ထဲဆိုတာထက် …ကျွန်တော်တို့ လမ်းရဲ့ အနောက်ထိပ်ဆုံးကိုဝိုင်းရောက်လာခဲ့တာပါ..ဝိုင်းက ဝိုင်းမဟုတ်တော့သလို …

ညဉ့်ငှက်မလေးလဲ မဟုတ်တော့ဘူး။ဝိုင်းမှာ ကာမပိုင် လင်ယောက်ျား ရှိနေပြီ။သူမရဲ့ အမျိုးသားက အညာက လက်သမားဆရာလေးတစ်ယောက်ပါ။လမ်းအနောက်မှာရှိတဲ့ လက်သမားရုံတွေမှာ အလုပ်လုပ်ဖို့ ရောက်လာတဲ့။လက်သမား ဆရာလေးနဲ့အတူ … ယောင်နောက် ဆံထုံးပါ။သူမရောက်လာခဲ့တာ ဖြစ်ပါတယ်..

တစ်နှစ်ကျော်နှစ်နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုမှာ ..ဝိုင်းဆိုတဲ့ ကောင်မလေး တော်တော်ပြောင်းလဲသွားတယ်..လောကဓံကြောင့် ဆိုရမလား ..ကျွန်တော့်ထက် ငယ်ပေမယ့် ..ရုပ်ကလေးက အရင်လို မနုပျိုတော့ဘူး ..

အရင်လို လှတပတလေး မပြင်ဆင်နိုင်တော့ဘူး ..ဒါပေမဲ့… သူမဘဝလေး ဖြူစင်သွားပြီ .. သန့်ရှင်းသွားပြီသူမ အကြော်ဆိုင်လေး ဖွင့်တယ် …..အကြော်ဆိုင်လေးနာမည်က “ဝိုင်း…တဲ့—ကျွန်တော်တို့ သွားစားဖြစ်ပေမယ့် … စကားတွေအများကြီးတော့ မပြောဖြစ်ပါဘူး။

ပြောဖို့လဲ မလိုအပ်ဘူးလေ .. ဒါပေမယ့် သူမဆီက ခင်ခင်မင်မင်နဲ့ ဆက်ဆံမှုတော့ ရပါတယ်။ ကျွန်တော် ကျေနပ်တယ် .. ဝိုင်းကို ဒီလို ဘဝနဲ့ မြင်ရတာ ..တွယ်ချိတ်လေးပေးခဲ့တုန်းက ကျွန်တော် ဆုတောင်းခဲ့တာ ပြည့်သွားခဲ့လို့ဝမ်းသာ မဆုံးပါဘူး .

.ဒါပေမယ့် ကံကြမာက … အငြိုးကြီးတယ်..သိပ်ပြီး ဇာတ်လမ်းဆန်နေမလား ….တစ်ကယ့် အဖြစ်အပျက်တွေက စိတ်ကူးယဉ်ထက် အများကြီး ပိုဆန်းပြားတယ်။မယုံကြည်နိုင်လောက်အောင် လှည့်စားတတ်လွန်းတယ်ဗျာ။

တစ်နေ့ .. ဝိုင်း ဆိုတဲ့ အကြော်ဆိုင်လေးမှာ အကြော်တွေ မရှိဘူး။ကြော်မယ့်သူလဲ မရှိဘူး ..အားပေးမယ့် စားသုံးသူတွေလဲ မရှိဘူး။ဝိုင်း နေမကောင်းလို့ ဆေးရုံတင်လိုက်ရတယ်..သိပ်မကြာပါဘူး ….

ဝိုင်းတစ်ယောက် ဆုံးပြီတဲ့ ..”အောင်သော် … ဝိုင်းဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးကွ..A လားမသိဘူး..ငါတို့တော့ ဒုတ်ခပါပဲကွာ ”ကျွန်တော် သူငယ်ချင်းတွေကို မဲ့ပြုံးလေးပဲ ပြုံးပြလိုက်တယ်..ဝိုင်းဆုံးတာ HIV ကြောင့်ပါဆိုတာ ကျွန်တော် ပြောမပြတော့ပါဘူး။

သူတို့တွေ စိတ်တဇ ဖြစ်သွားမှာ စိုးလို့ပါ ဟုတ်ပါတယ်…လွန်ခဲ့တဲ့ နှစ်ပတ်ကျော်တုန်းက .. လမ်းနောက်က စတိုးဆိုင်လေးတစ်ခုမှာကွမ်းယာဂယ်စားပြီးအပြန်…နောက်ကနေ …ကြားဖူးနေတဲ့ အသံလေးတစ်ခုက တိုးတိုးလေး လာကပ်ပြောတယ်။

”အကို … ညီမ သွားရတော့မယ်..ညီမ ဆေးစစ်တာ positive လို့ အဖြေထွက်တယ် အကိုညီမ ဒီလောကကြီးက ထွက်မသွားခင်..အကို့ကို ကျေးဇူးတင်စကားပြောချင်လို့ပါ။ ညီမကို အရမ်းတော်တယ်လို့ ပြောပေးခဲ့တဲ့ ကျေးဇူးပါ…ဒီလောကကြီးမှာ ညီမကို တော်တယ်လို့ပြောတာ အကိုနဲ့ ညီမမေမေပဲ ရှိခဲ့တာပါ။

အဲဒီစကားတစ်ခွန်းနဲ့ ညီမ ဘဝကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ပြောင်း လဲနိုင်ခဲ့တယ်….ဘာပဲပြောပြော ..လောကကြီးကနေ ဒီရောဂါဆိုးနဲ့ ထွက်သွားရပေမယ့် လောကဓံကို ညီမအနိုင်ယူခဲ့တယ်..ညီမ ရိုးရိုးသားသားနဲ့ ဘဝကို ရင်ဆိုင်သွားပါတယ်

အကို” ထုံးစံအတိုင်း ..ဆွံ့အစွာနဲ့ ကျွန်တော် ငြိမ်သက်နေမိတယ်။ဘာမှ ပြန်မပြောဖြစ်ဘူး..ကျွန်တော် လှည့်ကြည့်လိုက်တော့ …ကျောခိုင်း ထွက်သွားတဲ့ သူမကိုပဲ မြင်ရတော့တယ်။ကျွန်တော် လမ်းဘေးအုတ်ခုံလေးမှာ ထိုင်နေတယ်။ဒီနေ့ နေ့လည်က ဝိုင်း အသုဘကို သွားပို့ဖြစ်တယ်….ဘာရယ် မဟုတ်ဘူး ..

တွယ်ချိတ်လေးတွေ သူမအသက်နဲ့ တွက်ပြီး ဝယ်..ပြီးတော့ ချိတ်လေးတွေကို ဖြူတ်ပေး …မြေမှာ မြုပ်ပေးခဲ့တယ်။သူမ လွတ်လပ်ပါစေ…ဖြစ်လေရာ ဘဝတိုင်း တွယ်ချိတ်လေးကို ချွတ်ပေးရတဲ့ ဘဝမျိုးနဲ့ဝေးကွာပါစေ

…အုတ်ခုံလေးမှာ ထိုင်ပြီး ကျွန်တော် ကောင်းကင်ကို မော့ကြည့်လိုက်တယ်..ကြယ်ကလေးတွေ နဲ့ လမင်းကြီး ကြားထဲမှာ ..ဝိုင်းဆိုတဲ့ ၂တန်းအရွယ် ကလေးမလေး ပေါ်လာတယ်…ဆုလေးကိုင်လို့သူ့မေမေကလဲ ပြုံးလို့ … ပြီးတော့ ကျွန်တော့်ကို ရီပြပြီး..သားအမိနှစ်ယောက် ပျော်ရွှင်စွာ လှည့်ထွက်သွားတယ်။

သွားတော့ ဝိုင်းရေ–။ နောက်ထပ် ဘဝတွေ ဘဝတွေ ..သံသရာမပြီးသရွေ့ ဆက်သွားနှင့် ပါနောင် ဘဝဆက်တိုင်း ဖြစ်လေရာမှာ ဒီဘဝလို အဖြစ်ဆိုးမျိုးတွေ မတွေ့ပါစေနဲ့ဖြစ်လာတော့မှာ မဟုတ်ဘူးလို့လဲ အကို ယုံပါတယ်။

ညီမလေး က ဘဝပေးအခြေအနေ ကံကြမာဆိုးကြောင့် ဘဝပျက်ခဲ့ပေမယ့် -စိတ်ဓါတ်တွေမှ မပျက်စီးခဲ့တာခိုင်မာတည်ကြည်တဲ့ စိတ်ဓါတ်နဲ့ လောကဓံကို အရှုံးမေပးကျော်လွှားပြခဲ့တဲ့ညီမလေး တစ်ကယ်တော်ပါတယ်ငါ့ညီမ တစ်ကယ်တော်ပါတယ်ကွာ….။

”ဝိုင်း ကောင်းရာမွန်ရာ ရောက်ပါစေ”

By Myint Zaw Htun

About the author

Aung Lay

Leave a Comment