အိႏၵိယ ႏိုင္ငံမွ ပၪၥမႏွစ္ BA အဂၤလိပ္ ေက်ာင္းသူတစ္ဦးျဖစ္တဲ့ Namitha Narayanan အမည္ရ မိန္းကေလးဟာ သူမရဲ႕ႏွစ္ထပ္အိမ္ ေခါင္မိုးေပၚမွာထိုင္ၿပီး နာရီပိုင္းေလာက္ၾကာေအာင္ အြန္လိုင္း class တက္ေရာက္ခဲ့ပါတယ္…ပတ္ဝန္းက်င္ကသူေတြရဲ႕ သူမကို စူးစမ္းစြာ ၾကည့္တဲ့ အၾကည့္ကိုေတာင္ သတိမူခ်ိန္ရတဲ့ပုံမေပၚပါဘူး
ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ေနတာေၾကာင့္ ေက်ာင္းေတြ/ တကၠသိုလ္ေတြလည္း အခုခ်ိန္မွာ ပိတ္ထားရပါတယ္..
သို႔ေသာ္လည္း သင္ခန္းစာေတြကို သင္ယူႏိုင္ဖို႔ ယခုအခါမွာ အြန္လိုင္းမွာ သင္ၾကားတဲ့ စနစ္ကို အသုံးျပဳၿပီး ေက်ာင္းသား/သူ ေတြဟာ အြန္လိုင္း class တက္ေရာက္ၿပီး စာေလ့လာသင္ယူရတဲ့ အေျခအေန ေရာက္ေနပါတယ္..
အခုလို အြန္လိုင္း class တက္ေရာက္ႏိုင္ဖို႔ Namitha ဟာ သူမရဲ႕ အိမ္ေခါင္မိုးေပၚမွာပဲ အင္တာနက္လိုင္း ေကာင္းေကာင္းရတာေၾကာင့္ သင္ခန္းစာေတြ မျပတ္ေအာင္ အင္တာနက္ လိုင္းေကာင္းတဲ့ အိမ္ေခါင္မိုးေပၚထိထိုင္ၿပီး ထူးဆန္းစြာ အြန္လိုင္း class ကို တက္ေရာက္ရပါတယ္..
” တစ္အိမ္လုံး ေနရာအစုံမွာ အင္တာနက္ လိုင္းေကာင္းေကာင္းမိမယ့္ေနရာေတြ ႀကိဳးစားၾကည့္ၿပီးၿပီ ဝရံတာမွာေရာ တံခါးေပါက္နားမွာေတြေရာ ဒါေပမယ့္ ေနာက္ဆုံးေတာ့ ကြၽန္မတို႔ အိမ္ေခါင္မိုးေပၚမွာတက္ၿပီး သုံးၾကည့္မွပဲ လိုင္းေကာင္းေကာင္းမိေတာ့တယ္လို႔ ” Namitha က ဆိုပါတယ္
Namitha ဟာ Kuttippuram ၿမိဳ႕မွ KMCT Arts ans Science ေကာလိပ္မွာ သင္ယူေနတဲ့ ေက်ာင္းသူတစ္ဦး ျဖစ္ပါတယ္
သူမရဲ႕ ဖခင္ဟာ Kottakkal Arya Vaidya Sala မွ အလုပ္သမားျဖစ္ၿပီး မိခင္ကေတာ့ GMLP ေက်ာင္းမွ ဆရာမတစ္ဦး ျဖစ္ပါတယ္ Namitha ရဲ႕ မိဘေတြကလည္း သူမအခုလို အိမ္ေခါင္မိုးေပါင္ထိတက္ၿပီး အြန္လိုင္း class သင္ယူေနမႈကိုလည္း အားေပးခဲ့ပါတယ္..
“မိုး႐ြာတာေလာက္ကေတာ့ ကိစၥမရွိပါဘူး ဒါေပမယ့္ မိုးၿခိမ္း လွ်ပ္စီးလ်ပ္တာေတြေၾကာင့္ အင္တာနက္လိုင္းေတြ ပ်က္ကုန္ပါတယ္ ကြၽန္မလိုပဲ အင္တာနက္လိုင္း ေကာင္းေကာင္း မမိတဲ့ တျခား စာသင္ေနရတဲ့သူေတြလည္း အမ်ားႀကီးရွိမွာပါ သူတို႔ေတြလည္း တျခားနည္းလမ္း အမ်ိဳးမ်ိဳးအဖုံဖုံနဲ႔ ႀကိဳးစားေနၾကရပါတယ္” လို႔ Namitha က ေျပာၾကပါတယ္
Namitha ရဲ႕ ဖခင္က သူတို႔ဟာ အင္တာနက္လိုင္းပိုေကာင္းဖို႔အတြက္ စီစဥ္ေပးဖို႔ ဖုန္းေအာ္ပေရတာ မ်ားစြာကို ႀကိဳးစားဆက္သြယ္ခဲ့ပါတယ္ ဒါေပမယ့္ ဓာတ္အားလိုင္း ျပတ္ေတာက္မႈေတြေၾကာင့္ အဆင္မေျပခဲ့ပါဘူးဟု ေျပာပါတယ္…
ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ
Unicode
အိန္ဒိယ နိုင်ငံမှ ပဉ္စမနှစ် BA အင်္ဂလိပ် ကျောင်းသူတစ်ဦးဖြစ်တဲ့ Namitha Narayanan အမည်ရ မိန်းကလေးဟာ သူမရဲ့နှစ်ထပ်အိမ် ခေါင်မိုးပေါ်မှာထိုင်ပြီး နာရီပိုင်းလောက်ကြာအောင် အွန်လိုင်း class တက်ရောက်ခဲ့ပါတယ်…ပတ်ဝန်းကျင်ကသူတွေရဲ့ သူမကို စူးစမ်းစွာ ကြည့်တဲ့ အကြည့်ကိုတောင် သတိမူချိန်ရတဲ့ပုံမပေါ်ပါဘူး
ကိုရိုနာဗိုင်းရပ်စ် ဖြစ်နေတာကြောင့် ကျောင်းတွေ/ တက္ကသိုလ်တွေလည်း အခုချိန်မှာ ပိတ်ထားရပါတယ်..
သို့သော်လည်း သင်ခန်းစာတွေကို သင်ယူနိုင်ဖို့ ယခုအခါမှာ အွန်လိုင်းမှာ သင်ကြားတဲ့ စနစ်ကို အသုံးပြုပြီး ကျောင်းသား/သူ တွေဟာ အွန်လိုင်း class တက်ရောက်ပြီး စာလေ့လာသင်ယူရတဲ့ အခြေအနေ ရောက်နေပါတယ်..
အခုလို အွန်လိုင်း class တက်ရောက်နိုင်ဖို့ Namitha ဟာ သူမရဲ့ အိမ်ခေါင်မိုးပေါ်မှာပဲ အင်တာနက်လိုင်း ကောင်းကောင်းရတာကြောင့် သင်ခန်းစာတွေ မပြတ်အောင် အင်တာနက် လိုင်းကောင်းတဲ့ အိမ်ခေါင်မိုးပေါ်ထိထိုင်ပြီး ထူးဆန်းစွာ အွန်လိုင်း class ကို တက်ရောက်ရပါတယ်..
” တစ်အိမ်လုံး နေရာအစုံမှာ အင်တာနက် လိုင်းကောင်းကောင်းမိမယ့်နေရာတွေ ကြိုးစားကြည့်ပြီးပြီ ဝရံတာမှာရော တံခါးပေါက်နားမှာတွေရော ဒါပေမယ့် နောက်ဆုံးတော့ ကျွန်မတို့ အိမ်ခေါင်မိုးပေါ်မှာတက်ပြီး သုံးကြည့်မှပဲ လိုင်းကောင်းကောင်းမိတော့တယ်လို့ ” Namitha က ဆိုပါတယ်
Namitha ဟာ Kuttippuram မြို့မှ KMCT Arts ans Science ကောလိပ်မှာ သင်ယူနေတဲ့ ကျောင်းသူတစ်ဦး ဖြစ်ပါတယ်
သူမရဲ့ ဖခင်ဟာ Kottakkal Arya Vaidya Sala မှ အလုပ်သမားဖြစ်ပြီး မိခင်ကတော့ GMLP ကျောင်းမှ ဆရာမတစ်ဦး ဖြစ်ပါတယ် Namitha ရဲ့ မိဘတွေကလည်း သူမအခုလို အိမ်ခေါင်မိုးပေါင်ထိတက်ပြီး အွန်လိုင်း class သင်ယူနေမှုကိုလည်း အားပေးခဲ့ပါတယ်..
“မိုးရွာတာလောက်ကတော့ ကိစ္စမရှိပါဘူး ဒါပေမယ့် မိုးခြိမ်း လျှပ်စီးလျပ်တာတွေကြောင့် အင်တာနက်လိုင်းတွေ ပျက်ကုန်ပါတယ် ကျွန်မလိုပဲ အင်တာနက်လိုင်း ကောင်းကောင်း မမိတဲ့ တခြား စာသင်နေရတဲ့သူတွေလည်း အများကြီးရှိမှာပါ သူတို့တွေလည်း တခြားနည်းလမ်း အမျိုးမျိုးအဖုံဖုံနဲ့ ကြိုးစားနေကြရပါတယ်” လို့ Namitha က ပြောကြပါတယ်
Namitha ရဲ့ ဖခင်က သူတို့ဟာ အင်တာနက်လိုင်းပိုကောင်းဖို့အတွက် စီစဉ်ပေးဖို့ ဖုန်းအော်ပရေတာ များစွာကို ကြိုးစားဆက်သွယ်ခဲ့ပါတယ် ဒါပေမယ့် ဓာတ်အားလိုင်း ပြတ်တောက်မှုတွေကြောင့် အဆင်မပြေခဲ့ပါဘူးဟု ပြောပါတယ်…
နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ