ပရိသတ်ကြီးရေ ဒေါင်းကတော့မိန်းကလေးပရိသတ်တွေသည်းသည်းလှုပ်အားပေးခြင်းခံရတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ အချိန်တိုတွင်းတဟုန်ထိုးအောင်မြင်လာတဲ့ တက်သစ်စတွေထဲက ထိပ်ဆုံးကပါဝက်နေသူပါ။ ပုဂံမြို့သူဇာတ်လမ်းတွဲကနေ “မောင်မောင်ကြီး “ကာရိုက်တာနဲ့ ပရိသတ်ရင်ထဲစီးဆင်းဝင်ရောက်ခဲ့ပြီးနောက်မှာ ရုပ်ရှင်ဇာတ်ကားကြီးတွေဆက်တိုက်ရိုက်ကူးလာရတဲ့မင်းသားတစ်လက်ပါ။
လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း မထင်မှတ်လောက်အောင် ကာရိုက်တာ နှစ်ခုကိုပီပြင်စွာလုပ်ဆောင်နိုင်မှုကြောင့် ကြည့်ရှူသူပရိသတ်တွေ မချီးမွမ်းပဲမနေနိုင်လောက်အောင်ပဲ ဖြစ်ခဲ့တာပါ။ ဒါ့အပြင်ဒေါင်းကတော့ အနုပညာနဲ့ပတ်သက်ရင် ပန်းချီဆွဲ ၊သီချင်းဆို၊ ဂစ်တာတီး၊ ကဗျာဖတ် ၊ စန္ဒယားတီးခြင်း၊စာဖတ်ဝါသနာပါသူဖြစ်တာကြောင့် တမူထူးခြားတဲ့အကျင့်လေးတွေရှိကာ အနုပညာမှာဘက်စုံရမင်းသားတစ်လက်လို့တောင်ပြောနိုင်ပါတယ်။
Covid 19 ဖြစ်ပွားမှုကြောင့် Stay Homeနေနေရတဲ့ကာလမှာ ပရိသတ်တွေအပန်းဖြေစေဖို့ဖျော်ဖြေမှုတွေပြုလုပ်ပေးတဲ့ အနုပညာရှင် တွေထဲမှာဒေါင်းလည်းမပါအဝင်ပါပဲနော်။ ဝတ္ထုတို ပုံပြင် တွေ Live လွှင့်ကာဖတ်ပြတဲ့အပြင် တစ်ခါတစ်ရံ ကိုယ်တိုင်ဂစ်တာလည်းတီးကာ သီချင်းဆိုပြကာဖျော်ဖြေပေးလေ့ရှိပါတယ်။
မနေ့ကကျရောက်တဲ့ ဇွန်လ (၁၂)ရက်န့ညပိုင်းမှာ Liveမလွှင့်ဖြစ်တဲ့အကြောင်း မေတ္တာရပ်ခံလာကာ” ကျွန်တော်ဒီနေ့ည live မရှိပါဘူးခင်ဗျ။ နောက်နေ့တွေကျ Live ရှိခဲ့ရင်ကြိုတင်အကြောင်းကြားပေးပါ့မယ်ခင်ဗျ။ စောင့်နေကြတဲ့သူများရှိခဲ့ရင်တောင်းပန်ပါတယ်ခင်ဗျ။ ဒီ short clip video လေးကြည့်ပြီးကျေအေးပေးကြပါခင်ဗျာ”ဆိုတဲ့ စာလေးနဲ့အတူ ဗီဒီယိုဖိုင်လေးတစ်ခုတင်လာခဲ့တာပါ။ ဗီဒီယိုဖိုင်ထဲမှာတော့ သူ့ကိုယ်သူမင်းသားလို့မသတ်မှတ်ဘဲ ကလေးတွေနဲ့အတူဇယ်ခုတ်တိုင်းကစားနေတဲ့ သဘာဝဆန်လွန်းတဲ့ ဗီဒီယိုဖိုင်လေးကို ချစ်တဲ့ပရိသတ်တွေ အတွက်တင်ပေးခဲ့တာပါ။ပရိသတ်ကြီးရေ ဘာဟိတ်ဟန် ဘာဟန်ဆောင်မှုမှမရှိဘဲ အရမ်းကိုဖော်ရွှေကာရိုးသားမှုတွေကိုမြင်နေရတဲ့ ဒေါင်းရဲ့ဗီဒီယိုဖိုင်လေးကို ကြည့်ပြီးစိတ်ချမ်းမြေ့ကြမယ်လို့ထင်ပါတယ်နော်။
Source: Daung -ဒေါင်း
Zawgyi
ပရိသတ္ႀကီးေရ ေဒါင္းကေတာ့မိန္းကေလးပရိသတ္ေတြသည္းသည္းလႈပ္အားေပးျခင္းခံရတဲ့ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။ အခ်ိန္တိုတြင္းတဟုန္ထိုးေအာင္ျမင္လာတဲ့ တက္သစ္စေတြထဲက ထိပ္ဆုံးကပါဝက္ေနသူပါ။ ပုဂံၿမိဳ႕သူဇာတ္လမ္းတြဲကေန “ေမာင္ေမာင္ႀကီး “ကာ႐ိုက္တာနဲ႔ ပရိသတ္ရင္ထဲစီးဆင္းဝင္ေရာက္ခဲ့ၿပီးေနာက္မွာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြဆက္တိုက္႐ိုက္ကူးလာရတဲ့မင္းသားတစ္လက္ပါ။
လိပ္ျပာစံအိမ္႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း မထင္မွတ္ေလာက္ေအာင္ ကာ႐ိုက္တာ ႏွစ္ခုကိုပီျပင္စြာလုပ္ေဆာင္ႏိုင္မႈေၾကာင့္ ၾကည့္ရႉသူပရိသတ္ေတြ မခ်ီးမြမ္းပဲမေနႏိုင္ေလာက္ေအာင္ပဲ ျဖစ္ခဲ့တာပါ။ ဒါ့အျပင္ေဒါင္းကေတာ့ အႏုပညာနဲ႔ပတ္သက္ရင္ ပန္းခ်ီဆြဲ ၊သီခ်င္းဆို၊ ဂစ္တာတီး၊ ကဗ်ာဖတ္ ၊ စႏၵယားတီးျခင္း၊စာဖတ္ဝါသနာပါသူျဖစ္တာေၾကာင့္ တမူထူးျခားတဲ့အက်င့္ေလးေတြရွိကာ အႏုပညာမွာဘက္စုံရမင္းသားတစ္လက္လို႔ေတာင္ေျပာႏိုင္ပါတယ္။
Covid 19 ျဖစ္ပြားမႈေၾကာင့္ Stay Homeေနေနရတဲ့ကာလမွာ ပရိသတ္ေတြအပန္းေျဖေစဖို႔ေဖ်ာ္ေျဖမႈေတြျပဳလုပ္ေပးတဲ့ အႏုပညာရွင္ ေတြထဲမွာေဒါင္းလည္းမပါအဝင္ပါပဲေနာ္။ ဝတၳဳတို ပုံျပင္ ေတြ Live လႊင့္ကာဖတ္ျပတဲ့အျပင္ တစ္ခါတစ္ရံ ကိုယ္တိုင္ဂစ္တာလည္းတီးကာ သီခ်င္းဆိုျပကာေဖ်ာ္ေျဖေပးေလ့ရွိပါတယ္။
မေန႔ကက်ေရာက္တဲ့ ဇြန္လ (၁၂)ရက္န႔ညပိုင္းမွာ Liveမလႊင့္ျဖစ္တဲ့အေၾကာင္း ေမတၱာရပ္ခံလာကာ” ကြၽန္ေတာ္ဒီေန႔ည live မရွိပါဘူးခင္ဗ်။ ေနာက္ေန႔ေတြက် Live ရွိခဲ့ရင္ႀကိဳတင္အေၾကာင္းၾကားေပးပါ့မယ္ခင္ဗ်။ ေစာင့္ေနၾကတဲ့သူမ်ားရွိခဲ့ရင္ေတာင္းပန္ပါတယ္ခင္ဗ်။ ဒီ short clip video ေလးၾကည့္ၿပီးေက်ေအးေပးၾကပါခင္ဗ်ာ”ဆိုတဲ့ စာေလးနဲ႔အတူ ဗီဒီယိုဖိုင္ေလးတစ္ခုတင္လာခဲ့တာပါ။ ဗီဒီယိုဖိုင္ထဲမွာေတာ့ သူ႔ကိုယ္သူမင္းသားလို႔မသတ္မွတ္ဘဲ ကေလးေတြနဲ႔အတူဇယ္ခုတ္တိုင္းကစားေနတဲ့ သဘာဝဆန္လြန္းတဲ့ ဗီဒီယိုဖိုင္ေလးကို ခ်စ္တဲ့ပရိသတ္ေတြ အတြက္တင္ေပးခဲ့တာပါ။ပရိသတ္ႀကီးေရ ဘာဟိတ္ဟန္ ဘာဟန္ေဆာင္မႈမွမရွိဘဲ အရမ္းကိုေဖာ္ေ႐ႊကာ႐ိုးသားမႈေတြကိုျမင္ေနရတဲ့ ေဒါင္းရဲ႕ဗီဒီယိုဖိုင္ေလးကို ၾကည့္ၿပီးစိတ္ခ်မ္းေျမ့ၾကမယ္လို႔ထင္ပါတယ္ေနာ္။
Source: Daung -ေဒါင္း