Cele News
ရုပ်ရှင်နှစ်တစ်ရာပြည့်အတွက် ရုပ်ရှင်အစည်းရုံးက ပြင်ဆင်ဘုတ်မှာ ဖော်ပြခံရတာကြောင့် ပျော်မဆုံးဖြစ်ေ နတဲ့ တိုင်ရွန်
Written by Aung Lay
မော်ဒယ်တစ်ယောက်အနေဖြင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ နိုင်ငံကျော် မော်ဒယ် ရုပ်ရှင်သရုပ်ဆောင် မင်းသားချော တိုင်ရွန်ကတော့ ရုပ်ရှင်နှစ်တစ်ရာပြည့်အထိန်းအ မှတ် အနေနဲ့ ရုပ်ရှင်သမိုင်းပြတိုက်မှာ အနုပညာရှင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ထောင်းထားတဲ့ ပြင်ဆင်ဘုတ်မှာ ပါဝင်ဖော်ပြခြင်းခံခဲ့ရတာကြောင့် ပျော်မဆုံးဖြစ်နေကြောင်းပြေထားပါတယ်။
တိုင်ရွန်ကတော့ ရုပ်ရှင်နှစ်တစ်ရာပြည့်အတွက် ရုပ်ရှင်သမိုင်းပြတိုက်မှာ ဖော်ပြခံရတာကြောင့် ပျော်မဆုံးဖြစ်နေတဲ့အကြောင်းကို “ရုပ်ရှင်နှစ်တစ်ရာ ပြည့်အတွက် ရုပ်ရှင်အစည်းရုံးမှာ ပြင်ဆင် ဘုတ်တွေထောင်ထားတာ ဒီပုံလေးကို ညီလေး Ar Kar ပို့လာတာ အရမ်းပျော်သွားတယ် ဘယ်လိုပဲဖြစ်ဖြစ်ဗျာ ကျွန်တော်ကျနပ်တယ် သေးသေးလေးကအစအရမ်းလည်းတန်ဖိုးထား တယ်
တခြားလူတွေတွက်ဘာမှမဟုတ်ပေမဲ့ ကျွန်တော်အတွက်တော့ ဒီစာရင်းလေးထဲဝင်ခဲ့ပြီ ပရိသတ်အားလုံးကိုလေးစားလျက်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ တိုင်ရွန်ဟာ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲဝင်လာခဲ့ပေမယ့် လက်ရှိမှာေ တာ့ ရုပ်ရှင်သရုပ်ဆောင် မင်းသားတစ်လက်အနေနဲ့ပါ အောင်မြင်မှုအခိုင်အမာရရှိထားပြီး ရုပ် ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
ပရိသတ်ကြီးရေ မင်းသားချော တိုင်ရွန်ကတော့ အခုလို ရုပ်ရှင်နှစ်တစ်ရာြ ပည့် အတွက် ရုပ်ရှင်အစည်းရုံးက ပြင်ဆင်ဘုတ်မှာ ဖော်ပြခံရတာဟာ နေရာသေးသေးလေးဖြစ်ေ ပမယ့် ကျေနပ်ပြီးတန်ဖိုးထားပါတယ်။ သူကတော့ ယခုလို ဒီစာရင်းလေးထဲဝင်ခဲ့နိုင်ပြီး ပရိ သတ်ေ တွအားလုံးကိုလည်း လေးစားလျက်ပါတဲ့။
Source: Tyron BeJay
Zawgyi
Source: Tyron BeJay
About the author
Aung Lay
Leave a Comment