အနု ပညာရှင်ကြီးတွေ ရဲ့ အမြင်ကပ် တာ ခံခဲ့ ရဖူးတယ် ဆို တဲ့ ဖြူဖြူထွေး
အခုချိန်မှာတော့ အားလုံးနားလည်းသွားကြပါပြီ။ ဘယ်သူတွေပဲ သဘောမကျဘူးလို့ ပြောနေပါစေ သူမရဲ့ ဖြစ်တည်မှုက မှန်ကန်တဲ့အတွက် အကုန်လုံးကို လိုက်ရှင်းပြနေစရာမလိုဘဲ တစ်ချိန်မှာ အားလုံးက နားလည်သွားကြမှာပါလို့ သူက ပြောပါတယ်။
ဖေ့စ်ဘွတ်ဆယ်လီကနေ အနုပညာလောကထဲကို ရောက်ရှိလာတဲ့ ဖြူဖြူထွေးဟာ ဝေဖန်မှုတွေ များစွာ ခံခဲ့ရသူ တစ်ဦးပါ။ တခြားသူတွေရဲ့ ဝေဖန်မှုတွေလည်း ခံရသလို အနုပညာရှင်ကြီးတွေရဲ့ သဘောမကျမှုတွေကိုလည်းခံခဲ့ရတဲ့ အကြောင်း ယခုလို ပြောပြခဲ့ပါတယ်။
“ပထမတုန်းကဆိုရင် အနုပညာရှင်ကြီးတွေက သမီးကို အရမ်းအမြင်ကပ်တာ မိန်းကလေးလို့လည်း မဟုတ်ဘူးပေ့ါ ပြောကြတယ်။နောက်ပိုင်းကျတော့သမီးရဲ့ လမ်းကြောင်းမှန်ကို လုပ်နိုင်တဲ့အတွက် သမီးကို ချီးကျူးကြတယ်။အကုန်လုံးကလည်းချစ်ကြတယ်။အဲ့ဒါလေးတွေ ပြန်ကြားရတော့ ကိုယ်မှာ ပီတဖြစ်တယ်အရင်တုန်းက မကောင်းခဲ့ပေမယ့် အခုချိန်မှာ အကောင်းဆုံးနဲ့လမ်းကြောင်းမှန်ကို လျှောက်နိုင်တော့သူတို့က ကြည့်ပြီး ပီတဖြစ်ကြတယ်။ ဝေဖန်သူတွေအနေနဲ့ သူတို့ဘာသာ မဟုတ်တာပြောပြော ဟုတ်တာပြောပြော ကိုယ့်စိတ်ထဲမှာ ကိုယ်ခံယူထားတာ ရှိတဲ့အတွက် သူတို့ပြောလည်း သူတို့ပြောတဲ့အရာတွေက မတိုးဘူးဖြစ်နေတယ်” လို့ သူမက ဆိုပါတယ်။
ဘယ်သူတွေပဲ သဘောမကျဘူးလို့ ပြောနေပါစေ သူမရဲ့ ဖြစ်တည်မှုက မှန်ကန်တဲ့အတွက် အကုန်လုံးကို လိုက်ရှင်းပြနေစရာမလိုဘဲ တစ်ချိန်မှာ အားလုံးက နားလည်သွားကြမှာပါလို့ သူက ပြောပါတယ်။ “သူတို့တစ်နေ့တော့ နားလည်သွားမှာပါ။ပထမကသာ လူတွေက ဒီကောင်မလေးက ဘာဖြစ်တယ် ဘာညာ ပြောပေမယ့် ကိုယ့်စိတ်ထဲမှာ ရိုးသားမှုတွေရှိတယ် အမှန်တရားရှိတယ်ကြိုးစားမှုတွေပေ့ါ။ အလိုလို အရာအားလုံးက ပြန်ကြားမှာပဲ ကိုယ့်ရဲ့ ဖြစ်တည်မှု မှန်ကန်တယ်ဆိုရင် ကိုယ်တွေကိုယ် တိုင်လည်း ပြန်ရှင်းပြနေစရာမလိုဘူးအကုန်လုံးသိသွားပါတယ်”လို့ သူမက ခန့်စည်သူရဲ့ မွေးနေ့အလှူမှာမီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ သာမက ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးနေရပါပြီ။သရုပ်ဆောင် တစ်ဦးအဖြစ် အသိအမှတ်ပြု ခံနေရပြီဖြစ်တဲ့ သူမက ရုပ်ရှင်အစည်းအရုံးဝင် ရင်ထိုးကဒ်တောင် ရရှိသွားခဲ့ပါပြီ။
သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်ဆောက်ပေးထားသူလေးလည်း ဖြစ်ပါတယ်။
ဆယ်လီရပ်ကွက်
Zawgyi
အႏု ပညာရွင္ႀကီးေတြ ရဲ႕ အျမင္ကပ္ တာ ခံခဲ့ ရဖူးတယ္ ဆို တဲ့ ျဖဴျဖဴေထြး
အခုခ်ိန္မွာေတာ့ အားလုံးနားလည္းသြားၾကပါၿပီ။ ဘယ္သူေတြပဲ သေဘာမက်ဘူးလို႔ ေျပာေနပါေစ သူမရဲ႕ ျဖစ္တည္မႈက မွန္ကန္တဲ့အတြက္ အကုန္လုံးကို လိုက္ရွင္းျပေနစရာမလိုဘဲ တစ္ခ်ိန္မွာ အားလုံးက နားလည္သြားၾကမွာပါလို႔ သူက ေျပာပါတယ္။
ေဖ့စ္ဘြတ္ဆယ္လီကေန အႏုပညာေလာကထဲကို ေရာက္ရွိလာတဲ့ ျဖဴျဖဴေထြးဟာ ေဝဖန္မႈေတြ မ်ားစြာ ခံခဲ့ရသူ တစ္ဦးပါ။ တျခားသူေတြရဲ႕ ေဝဖန္မႈေတြလည္း ခံရသလို အႏုပညာရွင္ႀကီးေတြရဲ႕ သေဘာမက်မႈေတြကိုလည္းခံခဲ့ရတဲ့ အေၾကာင္း ယခုလို ေျပာျပခဲ့ပါတယ္။
“ပထမတုန္းကဆိုရင္ အႏုပညာရွင္ႀကီးေတြက သမီးကို အရမ္းအျမင္ကပ္တာ မိန္းကေလးလို႔လည္း မဟုတ္ဘူးေပ့ါ ေျပာၾကတယ္။ေနာက္ပိုင္းက်ေတာ့သမီးရဲ႕ လမ္းေၾကာင္းမွန္ကို လုပ္ႏိုင္တဲ့အတြက္ သမီးကို ခ်ီးက်ဴးၾကတယ္။အကုန္လုံးကလည္းခ်စ္ၾကတယ္။အဲ့ဒါေလးေတြ ျပန္ၾကားရေတာ့ ကိုယ္မွာ ပီတျဖစ္တယ္အရင္တုန္းက မေကာင္းခဲ့ေပမယ့္ အခုခ်ိန္မွာ အေကာင္းဆုံးနဲ႔လမ္းေၾကာင္းမွန္ကို ေလွ်ာက္ႏိုင္ေတာ့သူတို႔က ၾကည့္ၿပီး ပီတျဖစ္ၾကတယ္။ ေဝဖန္သူေတြအေနနဲ႔ သူတို႔ဘာသာ မဟုတ္တာေျပာေျပာ ဟုတ္တာေျပာေျပာ ကိုယ့္စိတ္ထဲမွာ ကိုယ္ခံယူထားတာ ရွိတဲ့အတြက္ သူတို႔ေျပာလည္း သူတို႔ေျပာတဲ့အရာေတြက မတိုးဘူးျဖစ္ေနတယ္” လို႔ သူမက ဆိုပါတယ္။
ဘယ္သူေတြပဲ သေဘာမက်ဘူးလို႔ ေျပာေနပါေစ သူမရဲ႕ ျဖစ္တည္မႈက မွန္ကန္တဲ့အတြက္ အကုန္လုံးကို လိုက္ရွင္းျပေနစရာမလိုဘဲ တစ္ခ်ိန္မွာ အားလုံးက နားလည္သြားၾကမွာပါလို႔ သူက ေျပာပါတယ္။ “သူတို႔တစ္ေန႔ေတာ့ နားလည္သြားမွာပါ။ပထမကသာ လူေတြက ဒီေကာင္မေလးက ဘာျဖစ္တယ္ ဘာညာ ေျပာေပမယ့္ ကိုယ့္စိတ္ထဲမွာ ႐ိုးသားမႈေတြရွိတယ္ အမွန္တရားရွိတယ္ႀကိဳးစားမႈေတြေပ့ါ။ အလိုလို အရာအားလုံးက ျပန္ၾကားမွာပဲ ကိုယ့္ရဲ႕ ျဖစ္တည္မႈ မွန္ကန္တယ္ဆိုရင္ ကိုယ္ေတြကိုယ္ တိုင္လည္း ျပန္ရွင္းျပေနစရာမလိုဘူးအကုန္လုံးသိသြားပါတယ္”လို႔ သူမက ခန႔္စည္သူရဲ႕ ေမြးေန႔အလႉမွာမီဒီယာေတြကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။
ဟာသဗီဒီယိုဖိုင္ေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈေတြနဲ႔အတူ ေဝဖန္မႈေတြလည္း ႀကဳံခဲ့ရတဲ့ျဖဴျဖဴေထြးဟာ ယခုဆိုရင္ေတာ့ ဗီဒီယိုဇာတ္ကားေတြ သာမက ႐ုပ္ရွင္ဇာတ္ကားႀကီးေတြေတာင္ ႐ိုက္ကူးေနရပါၿပီ။သ႐ုပ္ေဆာင္ တစ္ဦးအျဖစ္ အသိအမွတ္ျပဳ ခံေနရၿပီျဖစ္တဲ့ သူမက ႐ုပ္ရွင္အစည္းအ႐ုံးဝင္ ရင္ထိုးကဒ္ေတာင္ ရရွိသြားခဲ့ပါၿပီ။
သူမဟာ ေဝဖန္မႈေတြကိုႀကံ့ႀကံ့ခံၿပီး ကိုယ္ယုံၾကည္ရာကို ေလွ်ာက္လွမ္းလာတဲ့သူ ျဖစ္တာေၾကာင့္ သူ႔ကို ခ်စ္ခင္တဲ့ ပရိသတ္ေတြကိုလည္း ပိုင္ဆိုင္လာခဲ့ၿပီ ျဖစ္ပါတယ္။ လက္ရွိမွာလည္း သူမရဲ႕ ႀကိဳးစားအားထုတ္မႈက ရတဲ့ အႏုပညာေၾကးနဲ႔ မိဘေတြကို တိုက္ေဆာက္ေပးထားသူေလးလည္း ျဖစ္ပါတယ္။
ဆယ္လီရပ္ကြက္