ကျောင်း ဆရာ/ဆရာမ (၁၆၀၀၀) ကျော်ခေါ် မည် (ဒေသခံတိုင်းရင်းသား များ ဦးစားပေးမည်)
အခြေ ခံပညာကျောင်းများတွင် ကျောင်းသားနှင့်ဆရာအချိုး မညီမမျှဖြစ်နေမှုများအပေါ် ဖြေရှင်းရန် ပညာရေးဝန်ထမ်း(၁၆၀၀၀)ကျော် ခန့်သွားမည်ဖြစ်ပြီး ဒေသခံတိုင်းရင်းသား/သူများကို ဦးစားပေးခန့်သွားမယ်လို့ သိရပါတယ်။
ဇွန်လ(၁၂)ရက်နေ့နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် အစိုးရသက်တမ်း စတုတ္ထနှစ် တစ်နှစ်တာဆောင်ရွက်ချက်များနှင့် ပါတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ ခန့်ထားရာတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြ (၁၄၃၈၈)ဦး၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် သရုပ်ပြဆရာ/ဆရာမ(၁၇၉၆)ဦး ခန့်ထားရန် စီစဉ်နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်တွင် အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍတို့၌ ကျောင်းသား နှင့် ဆရာ အချိုးမှာ ဆရာတစ်ဦးလျှင် ကျောင်းသား ၄၅ဦးနှုန်း ဖြစ်ပေါ်နေကြောင်း ပညာရေးဝန်ကြီးဌာမှ သိရသည်။
ကိုဗစ်ကာလ အခြေခံပညာ ကျောင်းများပြန်ဖွင့်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ကျောင်းသား တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာထားရှိရမည်ဖြစ်သဖြင့် စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား/သူ(၂၀)ဦး ဝန်းကျင်သာ သင်ကြားနိုင်မည်ဖြစ်ကာ ဆရာ/ဆရာမ ပိုမိုလိုအပ်လာမှာ ဖြစ်ပါတယ်။
Zawgyi
ေက်ာင္း ဆရာ/ဆရာမ (၁၆၀၀၀) ေက်ာ္ေခၚ မည္ (ေဒသခံတုိင္းရင္းသား မ်ား ဦးစားေပးမည္)
အေျခ ခံပညာေက်ာင္းမ်ားတြင္ ေက်ာင္းသားႏွင့္ဆရာအခ်ိဳး မညီမမၽွျဖစ္ေနမႈမ်ားအေပၚ ေျဖရွင္းရန္ ပညာေရးဝန္ထမ္း(၁၆၀၀၀)ေက်ာ္ ခန႔္သြားမည္ျဖစ္ၿပီး ေဒသခံတိုင္းရင္းသား/သူမ်ားကို ဦးစားေပးခန႔္သြားမယ္လုိ႔ သိရပါတယ္။
ဇြန္လ(၁၂)ရက္ေန ့ေနျပည္ေတာ္ ျပန္ၾကားေရးဝန္ႀကီးဌာန႐ုံးတြင္ ျပဳလုပ္သည့္ အစိုးရသက္တမ္း စတုတၳႏွစ္ တစ္ႏွစ္တာေဆာင္ရြက္ခ်က္မ်ားႏွင့္ ပါတ္သက္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိိုးသိမ္းႀကီးက ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။
ပညာေရးဝန္ထမ္း ဆရာ/ဆရာမမ်ား ခန႔္ထားရာတြင္ မူလတန္း၊ အလယ္တန္း၊ အထက္တန္းၿပ (၁၄၃၈၈)ဦး၊ တကၠသိိုလ္၊ ဒီဂရီေကာလိပ္မ်ားတြင္ သ႐ုပ္ျပဆရာ/ဆရာမ(၁၇၉၆)ဦး ခန႔္ထားရန္ စီစဥ္ေနတယ္လုိ႔ သိရပါတယ္။
လက္ရွိအခ်ိန္တြင္ အေျခခံပညာက႑ႏွင့္ အဆင့္ျမင့္ပညာက႑တို႔၌ ေက်ာင္းသား ႏွင့္ ဆရာ အခ်ိဳးမွာ ဆရာတစ္ဦးလၽွင္ ေက်ာင္းသား ၄၅ဦးႏႈန္း ျဖစ္ေပၚေနေၾကာင္း ပညာေရးဝန္ႀကီးဌာမွ သိရသည္။
ကုိဗစ္ကာလ အေျခခံပညာ ေက်ာင္းမ်ားျပန္ဖြင့္ရာတြင္ က်န္းမာေရးဝန္ႀကီးဌာန၏ ညႊန္ၾကားခ်က္အရ ေက်ာင္းသား တစ္ဦးႏွင့္တစ္ဦး ေျခာက္ေပအကြာထားရွိရမည္ျဖစ္သျဖင့္ စာသင္ခန္းတစ္ခန္းလၽွင္ ေက်ာင္းသား/သူ(၂၀)ဦး ဝန္းက်င္သာ သင္ၾကားနိုင္မည္ျဖစ္ကာ ဆရာ/ဆရာမ ပိုမိုလိုအပ္လာမွာ ျဖစ္ပါတယ္။