News

Mask ဒဏ်ကြေးငွေများ ပြည်နယ်မအပ်ဘဲ ရေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက်သုံးရန် တိုက်တွန်း

Written by Aung Lay

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း Mask မတပ်လို့ အရေးယူဒဏ်ရိုက်ထားတဲ့ ဒဏ်ကြေးငွေတွေအား ပြည်နယ်ကိုမအပ်ဘဲ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းမှာ ပြန်လည်သုံးစွဲသင့်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမဖြစ်ပေါ်စေဖို့ ဇွန် ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ပညာပေးကာလအဖြစ်သတ်မှတ်ခဲ့ပြီး Mask မတပ်ဘဲ သွားလာနေသူတွေကို ဒဏ်ကြေးငွေတွေ ကောက်ခံကာ အရေးယူဆောင်ရွက်ခဲ့တာပါ။

Mask မတပ်ဘဲ သွားလာမှုအတွက် ၁ ဦးကို ဒဏ်ကြေးငွေ ၃၀၀၀ ကျပ်ပေးဆောင်စေပြီး Mask ၂ ခု ပြန်လည်ပေးအပ်ကာ အဲဒီဒဏ်ကြေးငွေတွေကို ပြည်နယ်ကို ပေးအပ်ရမှာဖြစ်တာကြောင့် မဖြစ်သင့်ဘူးလို့ ဒေသခံအဖွဲ့အစည်းတွေက ပြောပါတယ်။

ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက “Mask မတပ်လို့ ရလာတဲ့ ဒဏ်ကြေးငွေတွေကို ပြည်နယ်ကိုအပ်ရမယ်ဆိုတာ ကြားသိရလို့ ဒါက မဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်။ မတ်လက ရေးမှာဖွင့်ခဲ့တဲ့ CBSQ စခန်းတွေဆီကို ပြည်နယ်အနေနဲ့ထောက်ပံ့မှုက မဖြစ်စလောက်လေးပဲ၊ ထိထိရောက်ရောက် ဘာမှမလုပ်ပေးခဲ့ဘူး၊ ရေးကပြည်သူတွေ၊ အရပ်ဘက်အဖွဲ့တွေရဲ့ ထောက်ပံ့မှုတွေနဲ့ အဓိကလုပ်ခဲ့ရတယ်။ ခုအဲဒီဒဏ်ကြေးငွေကို ပြည်နယ်အပ်ရမယ့်အစား ရေးမှာပဲ ကိုဗစ်နဲ့ပတ်သက်လို့ အသိပညာပေးတာတွေ၊ ကျောင်းဖွင့်ချိန်မှာ လိုအပ်မယ့်အရာတွေအတွက် ပြန်အသုံးချသင့်တယ်လို့ပြောချင်ပါတယ်။ ရေဘေးတုန်းကလည်း ရေးအတွက်ရရှိခဲ့တဲ့ အလှူငွေတွေကို ဘာတွေမှာ ပြန်သုံးခဲ့လဲဆိုတာ ခုထိမသိရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေးမြို့နယ်မှာတော့ ဇွန် ၁၃ ရက်နေ့ကစလို့ Mask မတပ်ဘဲ သွားလာနေမှုအတွက် စတင်အရေးယူမှုတွေဆောင်ရွက်နေပြီး ပထမဆုံးစတင်ဖမ်းဆီးရမိတဲ့ အဲဒီရက်မှာတော့ လူပေါင်း ၁၁၉ ဦး ဒဏ်ငွေပေးဆောင်ခဲ့ရတာပါ။

မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက “အစည်းအဝေးမှာ ရလာတဲ့ဒဏ်ကြေးကို ပြည်နယ်ကို အပ်ရမယ်လို့တော့ကြားပါတယ်။ စာအနေနဲ့တော့ တိတိကျကျဘယ်လိုလုပ်ရမယ်ဆိုတာကတော့ မရောက်ရှိသေးပါဘူး၊ လက်ရှိမှာတော့ အဖွဲ့ ၂ ဖွဲ့ခွဲပြီး အရေးယူမှုတွေ ဆောင်ရွက်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မွန်ပြည်နယ်အစိုးရအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနဲ့ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ဇွန် ၁ ရက်နေ့မှ ၆ ရက်နေ့အထိ နေအိမ်ပြင်ပ ထွက်ခွာရာမှာ Mask စနစ်တကျ တပ်ဆင်သွားကြဖို့ အသိပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ဇွန်လ ၈ ရက်နေ့ကစလို့ Mask စနစ်တကျ တပ်ဆင်ခြင်းမရှိသူတွေကို ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

DVB

Zawgyi

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္အတြင္း Mask မတပ္လို႔ အေရးယူဒဏ္႐ိုက္ထားတဲ့ ဒဏ္ေၾကးေငြေတြအား ျပည္နယ္ကိုမအပ္ဘဲ ၿမိဳ႕နယ္အတြင္းရွိ ကိုဗစ္-၁၉ ကာကြယ္ေရးလုပ္ငန္းမွာ ျပန္လည္သုံးစြဲသင့္တယ္လို႔ လူမႈကူညီေရးအဖြဲ႕ေတြက တိုက္တြန္းလိုက္ပါတယ္။

မြန္ျပည္နယ္အစိုးရအဖြဲ႕ရဲ႕ လမ္းၫႊန္ခ်က္အရ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ျပန႔္ပြား မႈမျဖစ္ေပၚေစဖို႔ ဇြန္ ၁ ရက္ေန႔မွ ၆ ရက္ေန႔အထိ ပညာေပးကာလအျဖစ္သတ္မွတ္ခဲ့ၿပီး Mask မတပ္ဘဲ သြားလာေနသူေတြကို ဒဏ္ေၾကးေငြေတြ ေကာက္ခံကာ အေရးယူေဆာင္႐ြက္ခဲ့တာပါ။

Mask မတပ္ဘဲ သြားလာမႈအတြက္ ၁ ဦးကို ဒဏ္ေၾကးေငြ ၃၀၀၀ က်ပ္ေပးေဆာင္ေစၿပီး Mask ၂ ခု ျပန္လည္ေပးအပ္ကာ အဲဒီဒဏ္ေၾကးေငြေတြကို ျပည္နယ္ကို ေပးအပ္ရမွာျဖစ္တာေၾကာင့္ မျဖစ္သင့္ဘူးလို႔ ေဒသခံအဖြဲ႕အစည္းေတြက ေျပာပါတယ္။

ေရးၿမိဳ႕နယ္ လူမႈအက်ိဳးေဆာင္အဖြဲ႕အတြင္းေရးမႉး ဦးေအာင္ႏိုင္ဝင္းက “Mask မတပ္လို႔ ရလာတဲ့ ဒဏ္ေၾကးေငြေတြကို ျပည္နယ္ကိုအပ္ရမယ္ဆိုတာ ၾကားသိရလို႔ ဒါက မျဖစ္သင့္ဘူးလို႔ ေျပာခ်င္ပါတယ္။ မတ္လက ေရးမွာဖြင့္ခဲ့တဲ့ CBSQ စခန္းေတြဆီကို ျပည္နယ္အေနနဲ႔ေထာက္ပံ့မႈက မျဖစ္စေလာက္ေလးပဲ၊ ထိထိေရာက္ေရာက္ ဘာမွမလုပ္ေပးခဲ့ဘူး၊ ေရးကျပည္သူေတြ၊ အရပ္ဘက္အဖြဲ႕ေတြရဲ႕ ေထာက္ပံ့မႈေတြနဲ႔ အဓိကလုပ္ခဲ့ရတယ္။ ခုအဲဒီဒဏ္ေၾကးေငြကို ျပည္နယ္အပ္ရမယ့္အစား ေရးမွာပဲ ကိုဗစ္နဲ႔ပတ္သက္လို႔ အသိပညာေပးတာေတြ၊ ေက်ာင္းဖြင့္ခ်ိန္မွာ လိုအပ္မယ့္အရာေတြအတြက္ ျပန္အသုံးခ်သင့္တယ္လို႔ေျပာခ်င္ပါတယ္။ ေရေဘးတုန္းကလည္း ေရးအတြက္ရရွိခဲ့တဲ့ အလႉေငြေတြကို ဘာေတြမွာ ျပန္သုံးခဲ့လဲဆိုတာ ခုထိမသိရေသးဘူး” လို႔ ဒီဗြီဘီကို ေျပာပါတယ္။

ေရးၿမိဳ႕နယ္မွာေတာ့ ဇြန္ ၁၃ ရက္ေန႔ကစလို႔ Mask မတပ္ဘဲ သြားလာေနမႈအတြက္ စတင္အေရးယူမႈေတြေဆာင္႐ြက္ေနၿပီး ပထမဆုံးစတင္ဖမ္းဆီးရမိတဲ့ အဲဒီရက္မွာေတာ့ လူေပါင္း ၁၁၉ ဦး ဒဏ္ေငြေပးေဆာင္ခဲ့ရတာပါ။

ၿမိဳ႕နယ္အဆင့္ ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္းေကာ္မတီဥကၠ႒ ေရးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးကံဝင္းက “အစည္းအေဝးမွာ ရလာတဲ့ဒဏ္ေၾကးကို ျပည္နယ္ကို အပ္ရမယ္လို႔ေတာ့ၾကားပါတယ္။ စာအေနနဲ႔ေတာ့ တိတိက်က်ဘယ္လိုလုပ္ရမယ္ဆိုတာကေတာ့ မေရာက္ရွိေသးပါဘူး၊ လက္ရွိမွာေတာ့ အဖြဲ႕ ၂ ဖြဲ႕ခြဲၿပီး အေရးယူမႈေတြ ေဆာင္႐ြက္ေနပါတယ္” လို႔ ဒီဗြီဘီကို ေျပာပါတယ္။

မြန္ျပည္နယ္အစိုးရအေနနဲ႔ ကိုဗစ္-၁၉ ေရာဂါကူးစက္ျပန႔္ပြားမႈ မျဖစ္ေပၚေစေရးနဲ႔ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ဇြန္ ၁ ရက္ေန႔မွ ၆ ရက္ေန႔အထိ ေနအိမ္ျပင္ပ ထြက္ခြာရာမွာ Mask စနစ္တက် တပ္ဆင္သြားၾကဖို႔ အသိပညာေပးကာလအျဖစ္ သတ္မွတ္ထားၿပီး ဇြန္လ ၈ ရက္ေန႔ကစလို႔ Mask စနစ္တက် တပ္ဆင္ျခင္းမရွိသူေတြကို ကူးစက္ေရာဂါ ကာကြယ္ႏွိမ္ႏွင္းေရးဥပေဒနဲ႔အညီ အေရးယူေဆာင္႐ြက္မယ္လို႔ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

DVB

About the author

Aung Lay

Leave a Comment