ချစ်စရာကောင်းတဲ့ မျက်နှာလေးပိုင်ဆိုင်ထားလို့ ပရိသတ်တွေက ခေးလို့ချစ်စနိုးခေါ်ကြတဲ့ ခင်ဝင့်ဝါဟာဆိုရင် သရုပ်ဆောင်အလုပ်ကိုပိုင်ပိုင်နိုင်နိုင်နဲ့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူလေးပဲဖြစ်ပါတယ်။ မြန်မာဆန်ဆန်လေးနဲ့ ချစ်စရာကောင်းတဲ့ သူမက လူငယ်ဆန်ဆန်ဝတ်လိုက်ရင်လည်း ဆွဲဆောင်မှုရှိနေသူလေးပါ။ လတ်တလောမှာတော့ ခင်ဝင့်ဝါက ရုပ်ရှင်ရိုက်ကူးမှုတွေကို ရပ်နားထားပြီး ပေါ့ပေါ့ပါးပါး Photo Shooting တွေကိုသာ ရိုက်ကူးပေးနေလျက်ရှိပါတယ်။
ဒီကနေ့မှာတော့ ခင်ဝင့်ဝါက သူမရဲ့ ဆယ်ကျော်သက်လေးတစ်ယောက်လို လှသွေးကြွယ်နေတဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ သာယာလှပတဲ့ စနေနေ့လေးက ခင်ဝင့်ဝါရဲ့ အလှလေးနဲ့မှ ပိုမိုပြီးပြည့်စုံသွားတယ်ဆိုတာကို ပရိသတ်ကြီးလည်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
ခင်ဝင့်ဝါကတော့ တကယ့်ဆယ်ကျော်သက်မိန်းကလေးတွေ လိုက်မမှီနိုင်အောင် လှရက်လွန်းသူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက ခေးလို့ ချစ်စနိုးခေါ်ကြတဲ့ ခင်ဝင့်ဝါကတော့ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လှရက်လွန်းသူလေးဆိုတာကို လက်ခံရမှာပဲ ဖြစ်ပါတယ်နော်။
Source: Khin Wint Wah’s fb
Zawgyi