ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် အလွမ်းအဆွေး ဒရာမာဇာတ်ရုပ်တွေနဲ့ အကော င်း ဆုံးပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့သူ ဟဲဗီးဖြိုးကိုတော့ ပရိသတ်တွေမှတ်မှတ်ထင်ထင် ရှိခဲ့ကြမှာပါနော်။ သူကတော့ နောက်ပိုင်းမှာအနုပညာအလုပ်တွေနဲ့ အလှမ်းကွာဝေးခဲ့ပေမယ့် ယုန်လေးရဲ့အားပေးကူညီမှုနဲ့ Dragon Empire ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပြီး ပိတ်ကားထက်မှာ ပြန်လည်မြင်တွေ့ရတော့မှာပါ။
ဟဲဗီးဖြိုးကိုတော့ လတ်တလောမှာ ဖေ့ဘွတ်ခ်ဆယ်လီတစ်ယောက်ဖြစ်သူ အလင်းသခင်ရဲ့ဟာ သ ဗွီဒီယိုလေးတွေမှာလည်း တွေ့မြင်ရမှာပါ။ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်လာပြီဖြစ် တဲ့ ဟဲဗီးဖြိုးကတော့ ငယ်ငယ်ကတည်းက အခုချိန်ထိအားပေးနေတဲ့ပရိသတ်ကြီးကို ပြန်လည်ေ ကျးဇူးဆပ်တဲ့အနေနဲ့ ပဲခူးမြို့ အသောကဓမ္မရိပ်သာ FQ Center မှာရှိတဲ့ Quarantine ဝင်နေတဲ့သူတွေအတွက် စိတ်အပန်းပြေစေဖို့ ပြုလုပ်ထားတဲ့ဖျော်ဖြေပွဲလေးမှာ မေတ္တာနဲ့ သွားေ ရာက်ဖျော်ဖြေပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ…
ကိုဗစ်ကာလမှာ စိတ်အားငယ် အထီးကျန်စွာနဲ့ Quarantine ဝင်နေရတဲ့သူတွေကို မေတ္တာနဲ့ သွားရောက်ဖျော်ဖြေပေးခဲ့တဲ့ ဟဲဗီဖြိုးရဲ့စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်။ မကြာခင်အ ချိန်အတွင်းမှာ ရုပ်ရှင်ပိတ်ကားထက်မှာပြန်လည်မြင်တွေ့ရတော့မယ့် ဟဲဗီးဖြိုးရဲ့ ဖျော်ဖြေမှု ပုံရိပ်တချို့တို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source – Thein Htike Lin
Zawgyi
Source – Thein Htike Lin