Cele News

မွေးနေ့မှာ သိန်းရာချီ လှူဒါန်းမှုတွေလုပ်ခဲ့တဲ့ မင်းသားကြီး ခန့်စည်သူ

Written by Aung Lay

ပရိသတ္ႀကီးေရ အကယ္ဒမီမင္းသားႀကီး ခန႔္စည္သူဟာ ျပည္သူခ်စ္တဲ့ မင္းသားတစ္လက္ပါ…ပရဟိတအလႉေတြကိုလည္း လက္မေႏွးဘဲ လႉတတ္တဲ့ မင္းသားႀကီးလည္း ျဖစ္ပါတယ္…ခုလည္းပဲ ေမြးေန႔ ေမြးရက္တိုက္ဆိုင္တာမို႔ ထူးထူးျခားျခား အလႉေလးေတြအျဖစ္ သိန္းရာခ်ီ ခုလို လႉဒါန္းခဲ့ပါတယ္….

ယေန႔ ေမြးေန႔ ေမြးရက္တိုက္ဆိုင္ပါသျဖင့္ ထူးထူးျခားျခား အလႉေလးမ်ားလုပ္ၿပီး ကုသိုလ္ယူခဲ့ပါတယ္။
မႏၲေလး မဟာမုနိ ႐ုပ္ရွင္ေတာ္ျမတ္ဘုရားႀကီးထံတြင္ ည႐ုံေတာ္သကၤန္း+ေရခံေတာ္သကၤန္း+ေ႐ႊသကၤန္း+
မ်က္ႏွာေတာ္သုတ္ပုဝါ+သစ္သီးဆြမ္းကပ္လႉျခင္း။

ဗိုလ္တေထာင္က်ိဳက္ေဒးအပ္ဆံေတာ္ဦးေစတီေတာ္ မဂၢင္ဓါတုေစတီေတာ္၏ထီးေတာ္ႏွင့္အရံေစတီ(၈)ဆူ၏ထီးေတာ္မ်ားကို လႉဒါန္းျခင္း။(၁၂-သိန္း ၆-ေသာင္းက်ပ္)….ဓမၼဝိဟာရပထမေက်ာ္ စာသင္တိုက္တြင္သီတင္းသုံးေတာ္မူေနၾကေသာ သံဃာေတာ္အရွင္သူျမတ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းျခင္း။

တည္ေဆာက္ၿပီးစီးခဲ့ေသာပိဋိကတ္တိုက္ေတာ္(၃)ထပ္ေဆာင္တြင္ မ,တည္ခဲ့ေသာ အလႉေငြ က်ပ္သိန္း(၅၀၀) အတြက္ေရစက္ခ်ျခင္း။စာသင္တိုက္အတြင္းရွိသိမ္ေတာ္ အထပ္ျမႇင့္တင္ျပန္လည္ျပင္ဆင္ရန္အတြက္ ပထမအႀကိမ္ မ,တည္အလႉေငြ က်ပ္သိန္း(၁၀၀)လႉဒါန္းျခင္း။

ဘုန္းေတာ္ႀကီး သင္ပညာေရး (မူလြန္၊ဘ/က)ေက်ာင္းရွိ ေက်ာင္းသား၊ေက်ာင္းသူေလးမ်ားႏွင့္ ႏြမ္းပါးအိမ္ေထာင္စု (၂၆၀)အတြက္ ဆန္၊ဆီ၊ဆား၊ပဲ၊အာလူး၊ၾကက္သြန္၊ေခါက္ဆြဲေျခာက္၊ၾကာဆန္၊ဆပ္ျပာမႈန႔္၊ထမင္းေၾကာ္၊မုန႔္မ်ားႏွင့္ေခါက္ဆြဲမ်ား လႉဒါန္းခဲ့ျခင္း။

လႉဒါန္းမႈအစုစုတို႔ကို ေက်းဇူးရွင္ခင္ပြန္းႀကီး(၁၀)ပါးဦးထိပ္ထားလွ်က္ (၇)ရက္ သား၊သမီးအေပါင္းတို႔အား မိမိႏွင့္ထပ္တူထပ္မွ်ကုသိုလ္မ်ားရ၍ သာဓုေခၚဆိုႏိုင္ၾကပါရန္ မွ်ေဝပါတယ္။ သာဓု-သာဓု-သာဓု…က်န္းမာ၊ခ်မ္းသာ လိုရာဆႏၵမ်ားျပည့္ဝၾကပါေစ။

ဝိုင္းဝန္းကူညီ လႉဒါန္းေပးၾကသူမ်ား၊ေမြးေန႔အတြက္ဆုေတာင္းေပးၾကသူမ်ားအားလုံး အားလုံး ကိုလည္း ေက်းဇူးအထူးပဲတင္ရွိပါတယ္ခင္ဗ်ာ။ ကိုခန႔္ရဲ႕ အလႉမွာ ပါဝင္ၿပီး သာဓုေခၚဆိုခဲ့ၾကပါအုံးေနာ္..

Jeeptoolay , Source ; Kyaw Soe Win

Unicode

ပရိသတ်ကြီးရေ အကယ်ဒမီမင်းသားကြီး ခန့်စည်သူဟာ ပြည်သူချစ်တဲ့ မင်းသားတစ်လက်ပါ…ပရဟိတအလှူတွေကိုလည်း လက်မနှေးဘဲ လှူတတ်တဲ့ မင်းသားကြီးလည်း ဖြစ်ပါတယ်…ခုလည်းပဲ မွေးနေ့ မွေးရက်တိုက်ဆိုင်တာမို့ ထူးထူးခြားခြား အလှူလေးတွေအဖြစ် သိန်းရာချီ ခုလို လှူဒါန်းခဲ့ပါတယ်….

ယနေ့ မွေးနေ့ မွေးရက်တိုက်ဆိုင်ပါသဖြင့် ထူးထူးခြားခြား အလှူလေးများလုပ်ပြီး ကုသိုလ်ယူခဲ့ပါတယ်။
မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ဘုရားကြီးထံတွင် ညရုံတော်သင်္ကန်း+ရေခံတော်သင်္ကန်း+ရွှေသင်္ကန်း+
မျက်နှာတော်သုတ်ပုဝါ+သစ်သီးဆွမ်းကပ်လှူခြင်း။

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် မဂ္ဂင်ဓါတုစေတီတော်၏ထီးတော်နှင့်အရံစေတီ(၈)ဆူ၏ထီးတော်များကို လှူဒါန်းခြင်း။(၁၂-သိန်း ၆-သောင်းကျပ်)….ဓမ္မဝိဟာရပထမကျော် စာသင်တိုက်တွင်သီတင်းသုံးတော်မူနေကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း။

တည်ဆောက်ပြီးစီးခဲ့သောပိဋိကတ်တိုက်တော်(၃)ထပ်ဆောင်တွင် မ,တည်ခဲ့သော အလှူငွေ ကျပ်သိန်း(၅၀၀) အတွက်ရေစက်ချခြင်း။စာသင်တိုက်အတွင်းရှိသိမ်တော် အထပ်မြှင့်တင်ပြန်လည်ပြင်ဆင်ရန်အတွက် ပထမအကြိမ် မ,တည်အလှူငွေ ကျပ်သိန်း(၁၀၀)လှူဒါန်းခြင်း။

ဘုန်းတော်ကြီး သင်ပညာရေး (မူလွန်၊ဘ/က)ကျောင်းရှိ ကျောင်းသား၊ကျောင်းသူလေးများနှင့် နွမ်းပါးအိမ်ထောင်စု (၂၆၀)အတွက် ဆန်၊ဆီ၊ဆား၊ပဲ၊အာလူး၊ကြက်သွန်၊ခေါက်ဆွဲခြောက်၊ကြာဆန်၊ဆပ်ပြာမှုန့်၊ထမင်းကြော်၊မုန့်များနှင့်ခေါက်ဆွဲများ လှူဒါန်းခဲ့ခြင်း။

လှူဒါန်းမှုအစုစုတို့ကို ကျေးဇူးရှင်ခင်ပွန်းကြီး(၁၀)ပါးဦးထိပ်ထားလျှက် (၇)ရက် သား၊သမီးအပေါင်းတို့အား မိမိနှင့်ထပ်တူထပ်မျှကုသိုလ်များရ၍ သာဓုခေါ်ဆိုနိုင်ကြပါရန် မျှဝေပါတယ်။ သာဓု-သာဓု-သာဓု…ကျန်းမာ၊ချမ်းသာ လိုရာဆန္ဒများပြည့်ဝကြပါစေ။

ဝိုင်းဝန်းကူညီ လှူဒါန်းပေးကြသူများ၊မွေးနေ့အတွက်ဆုတောင်းပေးကြသူများအားလုံး အားလုံး ကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ ကိုခန့်ရဲ့ အလှူမှာ ပါဝင်ပြီး သာဓုခေါ်ဆိုခဲ့ကြပါအုံးနော်..

Jeeptoolay , Source ; Kyaw Soe Win

About the author

Aung Lay

Leave a Comment