ဒီလိုငါးမျိုးတွေရရင် စင်္ကာပူကို Export လုပ်ပါတယ်။ ပြည်တွင်းဈေးကွက်က ပြည်ပဈေးကွက်လောက် ဈေးကောင်းမရလို့ပါတဲ့၊ တစ်ကောင်ထဲအချိန် ဝမ်းစာနှုတ်ပြီး ၃၆ ပိသာကျော် ရှိပါတယ်။
အကြံပြုလိုတာက မြစ်ဘေးမှာနေတဲ့သူတွေကို ဘယ်လိုထောက်ပံ့ကူညီနိုင်မလဲဆိုတာပါ။ မဖမ်းဘဲ ပြန်လွှတ်ပေးတာမျိုးလုပ်နိုင်ရင်တော့ အရမ်းကောင်းတဲ့လုပ်ရပ်တစ်ခုပါ။
ငါ့ဝမ်းပူတာမနေသာတာက တစ်ပိုင်း၊ အကုသိုလ် မှ ကုသိုလ်က တပိုင်းပါ။ အတ္တကိုရှေ့တန်းတင်ရင် နောင်ဆယ်စုနှစ်တစ်ခုစာလောက်မှာဘဲ ဧရာဝတီရေချိုငါးတွေ မျိုးသုဉ်းပါလိမ့်မယ်။
ရှော့ထက်ပိုဆိုးတာက ပိုက်ထဲမှာဝါယာချိတ်ပြီး မြစ်ကြမ်းပြင်ထိ မီးစက်နှိုးရှော့တိုက်ခြင်းဟာ ကိုယ့်တစ်ဘဝစာအပြင် ကိုယ့်ရဲ့ဆွေစဉ်မျိုးဆက်ကိုပါ ကျွန်ဖြစ်စေဘို့ တွန်းပို့ပေးနေသလိုပါဘဲ။
ဥပမာ – ဧရာဝတီးမြစ်ထဲငါးမရှိတော့ဘူးဆိုရင် တံငါသည်ဟာ အောက်ခြေလက်လုပ်လက်စားဘဝမှာတင် တစ်ဘဝစာဇာတ်သိမ်းသလို ဆွေစဉ်မျိုးဆက်သည်လည်း မတွေးဝံပါဘူး။
လူရဲ့အတ္တတွေကို အရှိန်သတ်ဖို့ ဥပဒေဆိုတာရှိပါတယ်။ အတိအကျဆောင်ရွက်စေလိုပါတယ်။ မင်းပြောတော့လွယ်လိုက်တာ လက်တွေ့ငါတို့လုပ်ရတာမလွယ်ဘူးလို့ပြောလာခဲ့ရင် သက်ဆိုင်ရာ အစိုးရမှ လိုအပ်သလို ကာကွယ်ပိုင်ခွင့် Justice On The River Law ကို အသက်သွင်းပေးစေလိုပါတယ်။
သဘာဝအရင်းမြစ်ကို အလွန်အကျွံသုံးစွဲသည့်အကျိုး မြန်မာပြည် မကြာခဏ ခံစားနေရပါတယ်။ အဲသလိုမဖြစ်အောင် အခုကစ ဝိုင်းဝန်းထိမ်းသိမ်းကြပါစို့…
Soe Naing Oo
Zawgyi
ဒီလိုငါးမ်ိဳးေတြရရင္ စကၤာပူကို Export လုပ္ပါတယ္။ ျပည္တြင္းေဈးကြက္က ျပည္ပေဈးကြက္ေလာက္ ေဈးေကာင္းမရလို႔ပါတဲ့၊ တစ္ေကာင္ထဲအခ်ိန္ ဝမ္းစာႏႈတ္ၿပီး ၃၆ ပိသာေက်ာ္ ရွိပါတယ္။
အႀကံျပဳလိုတာက ျမစ္ေဘးမွာေနတဲ့သူေတြကို ဘယ္လိုေထာက္ပံ့ကူညီႏိုင္မလဲဆိုတာပါ။ မဖမ္းဘဲ ျပန္လႊတ္ေပးတာမ်ိဳးလုပ္ႏိုင္ရင္ေတာ့ အရမ္းေကာင္းတဲ့လုပ္ရပ္တစ္ခုပါ။
ငါ့ဝမ္းပူတာမေနသာတာက တစ္ပိုင္း၊ အကုသိုလ္ မွ ကုသိုလ္က တပိုင္းပါ။ အတၱကိုေရွ႕တန္းတင္ရင္ ေနာင္ဆယ္စုႏွစ္တစ္ခုစာေလာက္မွာဘဲ ဧရာဝတီေရခ်ိဳငါးေတြ မ်ိဳးသုဥ္းပါလိမ့္မယ္။
ေရွာ့ထက္ပိုဆိုးတာက ပိုက္ထဲမွာဝါယာခ်ိတ္ၿပီး ျမစ္ၾကမ္းျပင္ထိ မီးစက္ႏႈိးေရွာ့တိုက္ျခင္းဟာ ကိုယ့္တစ္ဘဝစာအျပင္ ကိုယ့္ရဲ႕ေဆြစဥ္မ်ိဳးဆက္ကိုပါ ကြၽန္ျဖစ္ေစဘို႔ တြန္းပို႔ေပးေနသလိုပါဘဲ။
ဥပမာ – ဧရာဝတီးျမစ္ထဲငါးမရွိေတာ့ဘူးဆိုရင္ တံငါသည္ဟာ ေအာက္ေျခလက္လုပ္လက္စားဘဝမွာတင္ တစ္ဘဝစာဇာတ္သိမ္းသလို ေဆြစဥ္မ်ိဳးဆက္သည္လည္း မေတြးဝံပါဘူး။
လူရဲ႕အတၱေတြကို အရွိန္သတ္ဖို႔ ဥပေဒဆိုတာရွိပါတယ္။ အတိအက်ေဆာင္႐ြက္ေစလိုပါတယ္။ မင္းေျပာေတာ့လြယ္လိုက္တာ လက္ေတြ႕ငါတို႔လုပ္ရတာမလြယ္ဘူးလို႔ေျပာလာခဲ့ရင္ သက္ဆိုင္ရာ အစိုးရမွ လိုအပ္သလို ကာကြယ္ပိုင္ခြင့္ Justice On The River Law ကို အသက္သြင္းေပးေစလိုပါတယ္။
သဘာဝအရင္းျမစ္ကို အလြန္အကြၽံသုံးစြဲသည့္အက်ိဳး ျမန္မာျပည္ မၾကာခဏ ခံစားေနရပါတယ္။ အဲသလိုမျဖစ္ေအာင္ အခုကစ ဝိုင္းဝန္းထိမ္းသိမ္းၾကပါစို႔…
Soe Naing Oo