ဘုရားအိုးနှင့်ဓာတ်ပန်းစဉ် (ဘေးကင်း လာဘ်ရွှင်)
ဒီစာစုကတော့ မိမိတို့ နေအိမ်ဘုရားစင်ရှိ ဘုရားပန်းများနှင့် ဓာတ်ယတြာများ စီစဉ်မူအကြောင်းကို ဖော်ပြမှာဖြစ်ပါတယ်။
နေအိမ်ရဲ့ ဦးဆောင်စေစားမူ ဓာတ်သဘာဝများကိန်းအောင်းရာကို ပြပါဆိုလျှင် ဘုရားစင်ကိုသာ ပြရမည်ဖြစ်သလို ထိုဘုရားခန်း ဘုရားပန်းများဟာလည်း ယတြာဓာတ်ရိုက်ပညာမှာ အတော့်ကို အလေးထားရပါတယ်။ဒါကြောင့်လဲ ဆရာတွေဟာ ဓာတ်ရိုက်ဓာတ်ဆင် ပြုခါနီးတိုင်း ပဏာမအနေနဲ့ ဘုရားပန်းကို စီစစ်ပြီးမှသာ မိမိလိုရာ ဓာတ်ကိုဆင်ယင်ကြတာဖြစ်ပါတယ်။
နေအိမ်ဘုရားပန်းကို ဓာတ်နေအချိန်အလိုက် ပြောင်းလဲ ကပ်လျှူခြင်းဖြင့် လာစေသွားစေ ချစ်စေမုန်းစေ အောင်စေရှုံးစေ စသော ဓာတ်ဆင်ပညာခွင် တစ်ခုလုံးနီးပါး အသုံးပြူနိုင်တာ့ဖစ်ပါတယ်။
(ဒါကို ရေးလျှင် ကျမ်းစာအုပ်တစ်အုပ်စာ ထွက်ပါမယ်။)
ဒီပို့စ်မှာကတော့ ခုနစ်ရက်သားသမီးများအတွက် လာဘ်ရွှင် ဘေးကင်း ဆင်ယင်ပုံကိုပဲ အဓိက ပြပါတော့မယ်။ဒီနေရာမှာ ဖော်ပြပါအတိုင်း ဆောင်ရွက်ရမှာဖြစ်ပြီး နံပန်းများကို နံတူရာ အခြားပန်းများနှင့်(အစားထိုး၍မရပါ)။နံတူပေမဲ့ ဆန်းဂိုဏ်းကွာခြားတာမို့ ဣဌဂိုဏ်း အနိဌဂိုဏ်း ကွဲပြားပါတယ်။ဒါကြောင့်ဖော်ပြပါအတိုင်းသာပြုလုပ်ဆောင်ရွက်ပါ။
တနင်္ဂနွေသားသမီးအတွက်
ကြာသပတေးနေ့ မနက် ၉ နာရီ ၁၅ မှာ မြေအိုးထဲ အုန်းညွှန့် ကံကော်ညွှန့် ၆ ညွှန့်စီ (နှစ်ခုပေါင်း ၁၂ ညွှန့်) တံခွန် အနီ ထီးအနီ (၁)လက်စီ ထည့်၍ ဘုရားကို ကပ်လျူပါ။ပန်းညိုး၍ စွန့်ချင်သောအခါ တောင်အရပ် ဝေးရာကိုစွန့်ပါ။
တနင်္လာသားသမီးများအတွက်
စနေနေ့ မနက် ၁၁ နာရီတွင် ကြွေအိုးထဲ အုန်းညွှန့် ၁၅ ညွှန့် နှင်းဆီ ၁၅ ပွင့် ထီးအဖြူ ၃ လက် ထည့်သွင်းကပ်လျှူပါ။စွန့်လိုသော် အနောက်မြောက်ထောင့် ဝေးရာတွင်စွန့်ပါ။
အဂါၤသားသမီးများအတွက်
ကြာသပတေးနေ့ မနက် ၆ နာရီတွင် ဖလားထဲ ကံကော် ၈ ညွှန့် ရွက်လှ ၈ ညွှန့် တံခွန်အစိမ်း ၁ လက် ထည့်သွင်းကပ်လျှူ ဆုတောင်းပါ။စွန့်လိုသော် အနောက်အရပ် ဝေးရာ အေးရာတွင် စွန့်ပါ။
ဗုဒ္ဓဟူး / ရာဟု သားသမီးများအတွက်
တနင်္လာနေ့ မနက် ၈ နာရီတွင် ကြွေအိူးထဲ၌် ရွက်လှ ၂၁ ညွှန့် ထီးအဖြူ အနီ ၁ လက်စီ ထည့်သွင်းကပ်လျှူပါ။ စွန့်လိုသော် ဗုဒ္ဓဟူးများအတွက် အနောက်မြောက်ထောင့် ။ရာဟုများ အတွက် အရှေ့အရပ် တို့တွင် ဝေးရာ အေးရာ၌ စွန့်ပါ။
ကြာသပတေး သားသမီးအတွက်
တနင်္ဂနွေနေ့ မနက် ၆ နာရီတွင် မြေအိုးထဲ၌ သီဟို၌ညွှန့် ၁၅ ညွှန့် ရွက်လှ ၁၅ ညွန့် တံခွန် အဝါ ၁ လက် ထညိ့သွင်း ကပ်လျှူပါ။စွန့်လိုလျှင် အရှေ့မြောက်ထောင့် အေးရာတွင် စွန့်ပါ။
သောကြာသားသမီးများအတွက်
တနင်္ဂနွေနေ့ မနက် ၈ နာရီတွင် ဖလားထဲ၌ ရွက်လှ ၂၁ ညွန့် အုန်းညွှန့် ၁၀ ညွှန့် တံခွန် အနီ ၁ လက် ထည့်သွင်းကပ်လျှူပါ။စွန့်လိုသော် အရှေ့တောင်ထောင့် အေးရာ တွင်စွန့်ပါ။
စနေသားသမီးများအတွက်
ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီတွင် ကြွေအိူး၌ အုန်းညွှန့် ၅ ညွှန့် သပြေ ၅ ညွန့် ကပ်လျှူပူဇော်ပါ။စွန့်လိုသော် မြောက်အရပ် အေးရာတွင်စွန့်ပါ။
လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ
နိုင်ထက်အောင်
Zawgyi
အဂါင်္သားသမီးများအတွက်
စနေသားသမီးများအတွက်
နိုင်ထက်အောင်