News

ဒီပင်္ကရာဘုရား ရုပ်ပွားတော်ကို ပလ္လင်ပေါ်က တွန်းချဖျက်ဆီးသူကို ဖမ်းမိပြီ

Written by Aung Lay

ယခု သတင်းကို ( မြတ်ထွဋ် ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ပေါ်တော်မူဘုရားရင်ပြင်ပေါ်မှ ဒီပင်္ကရာဘုရားရုပ်ထု ဖျက်ဆီးသူအား ညချင်းတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်

မနေ့က ဒီပင်္ကရာဘုရား ရုပ်ပွားတော်တစ်ဆူကို ပလ္လင်ပေါ်က တွန်းချ ဖျက်ဆီးသွား တဲ့ ဖြစ်စဉ်

13 , 6 , 2020 မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ၊ ပေါ်တော်မူကုန်းရင်ပြင်တွင် တည်ထားပူဇော်နေတဲ့ ဒီပင်္ကရာဘုရားရုပ်ပွားတော်အား ဇွန်လ ၁၃ ရက်နေ့၊ ည ၈ နာရီခွဲခန့်ကအမည်မသိအမျိုးသား တစ်ဦးမှ တွန်းလှဲဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ပေါ်တော်မူဘုရားရင်ပြင်တွင် ပူဇော်ထားတဲ့ ဒီပင်္ကရာဘုရားရုပ်ပွားတော်အား အမည်မသိအမျိုးသားတစ်ဦးက ပလ္လင်ပေါ်မှတွန်းချခဲ့တာကြောင့် ဘုရားဦးခေါင်းတော်ပြုတ်ထွက်ပြီး ဘယ်ဘက်လက်ကျိုးပဲ့သွားကြောင်းသိရပါတယ် ။

ဘုရားရုပ်ပွားတော်အား တွန်းချဖျက်ဆီးသူအား ဖမ်းဆီးရမိရေး ကလွင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ရှာဖွေစုံစမ်းနေကြောင်း သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Zawgyi

ယခု သတင္းကို ( ျမတ္ထြဋ္ ) စာမ်က္ႏွာ မွ တစ္ဆင့္ ျပန္လည္ မွ်ေဝ တင္ဆက္ျခင္း ျဖစ္ပါသည္

ၿမိတ္ၿမိဳ႕ ကလြင္ေက်း႐ြာအုပ္စု ေပၚေတာ္မူဘုရားရင္ျပင္ေပၚမွ ဒီပကၤရာဘုရား႐ုပ္ထု ဖ်က္ဆီးသူအား ညခ်င္းတြင္း ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္

မေန႔က ဒီပကၤရာဘုရား ႐ုပ္ပြားေတာ္တစ္ဆူကို ပလႅင္ေပၚက တြန္းခ် ဖ်က္ဆီးသြား တဲ့ ျဖစ္စဥ္

13 , 6 , 2020 ၿမိတ္ၿမိဳ႕၊ ကလြင္ေက်း႐ြာအုပ္စု ၊ ေပၚေတာ္မူကုန္းရင္ျပင္တြင္ တည္ထားပူေဇာ္ေနတဲ့ ဒီပကၤရာဘုရား႐ုပ္ပြားေတာ္အား ဇြန္လ ၁၃ ရက္ေန႔၊ ည ၈ နာရီခြဲခန္႔ကအမည္မသိအမ်ိဳးသား တစ္ဦးမွ တြန္းလွဲဖ်က္ဆီးခဲ့ေၾကာင္း သိရပါတယ္။

ေပၚေတာ္မူဘုရားရင္ျပင္တြင္ ပူေဇာ္ထားတဲ့ ဒီပကၤရာဘုရား႐ုပ္ပြားေတာ္အား အမည္မသိအမ်ိဳးသားတစ္ဦးက ပလႅင္ေပၚမွတြန္းခ်ခဲ့တာေၾကာင့္ ဘုရားဦးေခါင္းေတာ္ျပဳတ္ထြက္ၿပီး ဘယ္ဘက္လက္က်ိဳးပဲ့သြားေၾကာင္းသိရပါတယ္ ။

ဘုရား႐ုပ္ပြားေတာ္အား တြန္းခ်ဖ်က္ဆီးသူအား ဖမ္းဆီးရမိေရး ကလြင္ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ ရဲတပ္ဖြဲ႕ ပူးေပါင္းၿပီး ရွာေဖြစုံစမ္းေနေၾကာင္း သိရပါတယ္။

ျမတ္ထြဋ္ (ၿမိတ္)

About the author

Aung Lay

Leave a Comment