ပရိသတ်တွေ ချစ်ကြတဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်သူ ချစ်သုဝေက ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ထိန်းကျောင်းရင်းနဲ့ အနုပညာလုပ်ငန်းတွေကို တွဲဖက် လုပ်ကိုင်နေလျက်ရှိပါတယ်။ ဒါ့အပြင် ချစ်သုဝေက ပညာရေးသံတမန်နဲ့ ကျန်းမာရေးသံတမန်စတဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ထမ်းဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ချစ်သုဝေက “အားလုံး မင်္ဂလာပါ။ ထရီဇာ ကနှုတ်ဆက်လိုက်ပါတယ်။ ကျန်းမာပြီး အန္တရာယ်ကင်းကြမယ်လို့ မျှော်လင့်ပါတယ်။ ထရီဇာ ကတော့လုံးဝလိုအပ်မှ အပြင်ကိုထွက်ပါတယ်။ ကိုယ့်တာဝန်ကိုယ်ယူတဲ့အနေနှင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်တွေကို တစ်သွေမတိမ်းလိုက်နာပြီး ကိုဗစ်ကို ပူးပေါင်းကာကွယ်ပေးနေပါတယ်။အခုဆို ထရီဇာတို့ ဒီဗိုင်းရပ်စ်အကြောင်း ပို ပိုပြီးသိလာကြပါပြီ။”
“မကြာမီ စတင်လှုပ်ရှားမည့် ပူးပေါင်းကာကွယ် ကမ်ပိန်းမှာလည်း အရေးကြီးတဲ့အချက်အလက်တွေကို ဆက်လက်မျှဝေပေးသွားမှာဖြစ်ကြောင်း အသိပေးချင်ပါတယ်။ ဒါကြောင့် Save the Children in Myanmar ရဲ့ Facebook page ကို Follow လုပ်ထားပြီး နောင်လာမယ့် ပူးပေါင်းကာကွယ် အချက်အလက်သတင်းတွေကိုလည်း သတိထားစောင့်ကြည့်ပေးကြပါနော်။” ဆိုပြီး အသိပေးထားပါတယ်။
ချစ်သုဝေကတော့ ဆရာဝန်၊ ကျန်းမာရေးသံတမန်တစ်ယောက်ပီပီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်တွေကို တစ်သွေမတိမ်းလိုက်နာပြီး ကိုဗစ်ကို ပူးပေါင်းကာကွယ်ပေးနေသလို ပြည်သူတွေကိုလည်း ဂရုတစိုက်ရှိဖို့ အသိပေးထားတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source: Chit Thu Wai’s fb
Zawgyi
ပရိသတ္ေတြ ခ်စ္ၾကတဲ့ နုိင္ငံေက်ာ္ သရုပ္ေဆာင္နဲ့ အဆုိေတာ္ျဖစ္သူ ခ်စ္သုေဝက ဆရာဝန္တစ္ဦးျဖစ္ေပမယ့္ သူမခ်စ္တဲ့ အနုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနသူ တစ္ဦးပါ။ ခ်စ္သုေဝက လက္ရိွမွာေတာ့ သူမရဲ့ ခ်စ္စရာေကာင္းတဲ့ သမီးေလးနွစ္ေယာက္ကို ထိန္းေက်ာင္းရင္းနဲ့ အနုပညာလုပ္ငန္းေတြကို တြဲဖက္ လုပ္ကိုင္ေနလ်က္ရိွပါတယ္။ ဒါ့အျပင္ ခ်စ္သုေဝက ပညာေရးသံတမန္နဲ့ က်န္းမာေရးသံတမန္စတဲ့ လုပ္ငန္းတာဝန္ေတြကိုလည္း ထမ္းေဆာင္ေနသူတစ္ဦး ျဖစ္ပါတယ္။
ဒီေန့မွာေတာ့ ခ်စ္သုေဝက “အားလုံး မဂၤလာပါ။ ထရီဇာ ကႏႈတ္ဆက္လိုက္ပါတယ္။ က်န္းမာၿပီး အႏၲရာယ္ကင္းၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ထရီဇာ ကေတာ့လုံးဝလိုအပ္မွ အျပင္ကိုထြက္ပါတယ္။ ကိုယ့္တာဝန္ကိုယ္ယူတဲ့အေနႏွင့္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ၫႊန္ၾကားခ်က္ေတြကို တစ္ေသြမတိမ္းလိုက္နာၿပီး ကိုဗစ္ကို ပူးေပါင္းကာကြယ္ေပးေနပါတယ္။အခုဆို ထရီဇာတို႔ ဒီဗိုင္းရပ္စ္အေၾကာင္း ပို ပိုၿပီးသိလာၾကပါၿပီ။”
“မၾကာမီ စတင္လႈပ္ရွားမည့္ ပူးေပါင္းကာကြယ္ ကမ္ပိန္းမွာလည္း အေရးႀကီးတဲ့အခ်က္အလက္ေတြကို ဆက္လက္မွ်ေဝေပးသြားမွာျဖစ္ေၾကာင္း အသိေပးခ်င္ပါတယ္။ ဒါေၾကာင့္ Save the Children in Myanmar ရဲ႕ Facebook page ကို Follow လုပ္ထားၿပီး ေနာင္လာမယ့္ ပူးေပါင္းကာကြယ္ အခ်က္အလက္သတင္းေတြကိုလည္း သတိထားေစာင့္ၾကည့္ေပးၾကပါေနာ္။” ဆိုျပီး အသိေပးထားပါတယ္။
ခ်စ္သုေဝကေတာ့ ဆရာဝန္၊ က်န္းမာေရးသံတမန္တစ္ေယာက္ပီပီ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ၫႊန္ၾကားခ်က္ေတြကို တစ္ေသြမတိမ္းလိုက္နာၿပီး ကိုဗစ္ကို ပူးေပါင္းကာကြယ္ေပးေနသလို ျပည္သူေတြကိုလည္း ဂရုတစိုက္ရိွဖို့ အသိေပးထားတာပဲ ျဖစ္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရိွပါတယ္။
Source: Chit Thu Wai’s fb