Cele News

ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့ ဦးနှောက်နှင့်အာရုံကြောဌာန နှင့် သွေးဌာနမှာ ဆေးကုသမှုခံယူကြ တဲ့ လူတွေအတွက် အာဟာရအလှူ လေး ပြုလုပ်ခဲ့တဲ့ တန်ခွန်ကျော်

Written by Aung Lay

ပရိသတ်ကြီးရေ နာဂတိုင်းရင်းသားလေး တန်ခွန်ကျော်ကတော့ Myanmar Idol Season (4) ရဲ့ ပြိုင်ပွဲဝင်တစ်ဦးပါ။သူကတော့ ပြိုင်ပွဲဝင်ချိန်မှာလည်း ပရိသတ်အားပေးမှုအခိုင်အ မာရရှိခဲ့ပြီး Myanmar Idol Wild Card Winnerဆုကို ဆွတ်ခူးရရှိခဲ့သူတစ်ဦးဖြစ်ပါ တယ်။ပင်ကိုယ်အသံကာလာအေးအေးလေးနဲ့ သီချင်းတွေကိုအမှားအယွင်းနည်းစွာ သီဆို နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကိုရရှိခဲ့သူဆိုလဲ မမှားပါဘူးနော်။

ပြိုင်ပွဲတစ်လျှောက်ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ တန်ခွန်ကျော်ကတော့အခု ဆိုရင် တော့ ကိုယ်ပိုင်ဂီတခရီးလမ်းကို အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေပြီဖြစ်ပါတ ယ်။တန်ခွန် ကျော် ကတော့ အမာခံပရိသတ်တွေနဲ့အတူ အလှူအတန်းတွေမကြာခဏပြုလုပ်လေ့ရှိပြီး ဒီနေ့မှာဆိုရင်လည်း ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့ ဦးနှောက်နှင့်အာရုံကြောဌာန နှင့် သွေးဌာ န မှာ ဆေးကုသမှုခံယူကြတဲ့လူတွေအတွက် အာဟာရအလှူလေးပြုလုပ်ခဲ့ တဲ့အကြော င်းကို သူ့ရဲ့လူမှုကွန်ရက်ကနေ မျှဝေလာခဲ့ပါတယ်။

တန်ခွန်ကျော်ကတော့ “ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး မှာရှိတဲ့ဦးနှောက်နှင့် အာရုံကြောဌာန နှင့် သွးဌာန မှာ ဆေးကုသမှုခံယူကြတဲ့လူတွေအတွက် အာဟာရအ လှူ လေးကို တန်ဂိုလေးတွေနဲ့အတူ သွားရောက်လှူဒါန်းခဲ့ပါတယ်ဗျ…. .အမျိုးမျိုးသောအနာ ဘေးမှကင်းဝေးကြပါစေနော်အမျိုးတို့”ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။

ဒါ့အပြင် တန် ခွန် ကျော်ကလှူဒါန်းပေးကြသူတွေရဲ့စာရင်းကိုအတိအကျဖော်ပြထားပြီး ပိုငွေအားထပ်မံ ဖြည့်စွက်ကာထပ်မံလှူဒါန်းသွားမယ့်အကြောင်းကလည်း ပြောထားပါသေး တယ်။ပရိသတ် ကြီးကလည်း တန်ခွန်ကျော်ရဲ့အလှူအတွက် သာဓုခေါ်ဆိုပေးခဲ့ပါအုံးနော်..။

Source-Tan Khun Kyaw

Zawgyi





Source-Tan Khun Kyaw

About the author

Aung Lay

Leave a Comment