ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါ ရူးသွပ်ခဲ့ရတဲ့ ကိုပေါက်ကတော့ အခုဆိုရင် နိုင်ငံကျော် ဒါရိုက်တာကြီးတစ်ယောက်ဖြစ်လို့နေပြီး အကယ်ဒမီထူးချွန်ဆုနဲ့ လက်တစ်ကမ်းအကွာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကိုပေါက်ရဲ့ အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ နေ့ရက်တိုင်းကို စိတ်ချမ်းမြေ့ပျော်ရွှင်အောင် ဖန်တီးပေးနေတဲ့ ဇနီးသည်နဲ့ သားလေးနှစ်ယောက်တို့က ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကိုပေါက်က သူချစ်ရတဲ့ မိသားစုလေးရဲ့ ဓာတ်ပုံကို မျှဝေရင်း အခုလိုပဲ ပြောထားပါတယ်။
“မိသားစုအမှတ်တရဓာတ်ပုံဆိုတာ မိသားစုတစ်စုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ တစ်ခြားနေရာတွေသွားရင်း အမှတ်တရ ဓာတ်ပုံရိုက်တယ်။ဟိုလူနဲ့တွေ့လို့ အမှတ်တရရိုက်မယ်။ ဟိုနေရာလေး ရောက်ရခဲလို့ရိုက်မယ်။ ဟိုပညာရှင်ကြီးနဲ့တွေ့လို့ ရိုက်မယ်။စသည်ဖြင့် ကြိုက်တာတွေရိုက်ပါ။ ငယ်တုန်းရွယ်တုန်း မိသားစု စုံစုံညီညီ ရှိနေတုန်း အမှတ်တရ ဓာတ်ပုံရိုက်ဖို့တော့ မမေ့ပါနဲ့။အမြန်ဆုံး ရိုက်ဖြစ်အောင် ရိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်။” ဆိုပြီး စေတနာစကားလေးဆိုထားပါသေးတယ်။
ကိုပေါက်ကတော့ သူ့ရဲ့ မိသားစုလေးနဲ့ ငယ်တုန်းရွယ်တုန်း အချိန်လေးရှိတုန်းမှာ ဓာတ်ပုံလေးတွေ အတူတူ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကိုပေါက်တို့ မိသားစုဓာတ်ပုံလေးကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေမယ် ထင်ပါတယ်နော်။
Source: Aung Min Naing’s fb
Zawgyi
ငယ္စဥ္ကတည္းက အနုပညာကို ဝါသနာပါ ရူးသြပ္ခဲ့ရတဲ့ ကိုေပါက္ကေတာ့ အခုဆိုရင္ နုိင္ငံေက်ာ္ ဒါရိုက္တာၾကီးတစ္ေယာက္ျဖစ္လို့ေနျပီး အကယ္ဒမီထူးခၽြန္ဆုနဲ့ လက္တစ္ကမ္းအကြာကို ေရာက္ရိွေနျပီ ျဖစ္ပါတယ္။ ကိုေပါက္ရဲ့ ေအာင္ျမင္မႈေတြရဲ့ ေနာက္ကြယ္မွာ ေန့ရက္တုိင္းကို စိတ္ခ်မ္းေျမ့ေပ်ာ္ရႊင္ေအာင္ ဖန္တီးေပးေနတဲ့ ဇနီးသည္နဲ့ သားေလးနွစ္ေယာက္တို့က ရိွေနတာပဲ ျဖစ္ပါတယ္။ ဒီေန့မွာေတာ့ ကိုေပါက္က သူခ်စ္ရတဲ့ မိသားစုေလးရဲ့ ဓာတ္ပံုကို မွ်ေဝရင္း အခုလိုပဲ ေျပာထားပါတယ္။
“မိသားစုအမွတ္တရဓာတ္ပုံဆိုတာ မိသားစုတစ္စုအတြက္ မရွိမျဖစ္လိုအပ္ပါတယ္။ တစ္ျခားေနရာေတြသြားရင္း အမွတ္တရ ဓာတ္ပုံ႐ိုက္တယ္။ဟိုလူနဲ႔ေတြ႕လို႔ အမွတ္တရ႐ိုက္မယ္။ ဟိုေနရာေလး ေရာက္ရခဲလို႔႐ိုက္မယ္။ ဟိုပညာရွင္ႀကီးနဲ႔ေတြ႕လို႔ ႐ိုက္မယ္။စသည္ျဖင့္ ႀကိဳက္တာေတြ႐ိုက္ပါ။ ငယ္တုန္း႐ြယ္တုန္း မိသားစု စုံစုံညီညီ ရွိေနတုန္း အမွတ္တရ ဓာတ္ပုံ႐ိုက္ဖို႔ေတာ့ မေမ့ပါနဲ႔။အျမန္ဆုံး ႐ိုက္ျဖစ္ေအာင္ ႐ိုက္ၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။” ဆိုျပီး ေစတနာစကားေလးဆိုထားပါေသးတယ္။
ကိုေပါက္ကေတာ့ သူ့ရဲ့ မိသားစုေလးနဲ့ ငယ္တုန္းရြယ္တုန္း အခ်ိန္ေလးရိွတုန္းမွာ ဓာတ္ပံုေလးေတြ အတူတူ ရိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ကိုေပါက္တို့ မိသားစုဓာတ္ပံုေလးကိုၾကည့္ျပီး ၾကည္နူးပီတိျဖစ္ေနမယ္ ထင္ပါတယ္ေနာ္။
Source: Aung Min Naing’s fb