Cele News
သူပါဝင်တဲ့ ONE CHAMPIONSHIP ဂိမ်းကို အတူတူကစားဖို့ ဖိတ်ခေါ် လိုက်တဲ့ အောင်လအန်ဆန်း
Written by Aung Lay
ကမ္ဘာမှာ မြန်မာဟေ့ဆိုပြီး ဝင့်ကြွားနိုင်စေတဲ့ နိုင်ငံဂုဏ်ဆောင် ကချင်တိုင်းရင်းသားလေး အောင်လအန်ဆန်းကတော့ ပရိသတ်တွေကို သူပါဝင်တဲ့ One Championship ဆိုတဲ့ PS5 ဂိမ်းကို အတူတူကစားဖို့ကို “ဘယ်သူများကျွန်တော့်အိမ်လာပြီး ဒီဂိမ်းကိုဆော့ချင်ပါသလဲ? Do you want to come over and play this game at my house?” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖိတ်ခေါ်ထားပါတယ်။
အမေရိကန်နိုင်ငံ၊ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေးလောက ကြေးစားပွဲစဉ်များတွင် မြန်မာ့စ ပါးကြီးမြွေ (Burmese Python) လို့တင်စားခေါ်ဝေါ်ခြင်းခံတဲ့ ကချင်တိုင်းရင်းသားလေး အောင်လအန်ဆန်း ကတော့ စင်္ကာပူအခြေစိုက် ဝမ်းချန်ပီယံရှစ် (ONE Championship) အဖွဲ့အစည်းက ကျင်းပသည့် ဝမ်းချန်ပီယံရှစ်ခါးပတ်လုပွဲများတွင် မစ်ဒယ်ဝိတ် နှင့် လိုက်ဟဲဗီး ဝိတ်တန်းများတွင် အနိုင်ရရှိထားကာ နှစ်ထပ်ကွမ်းချန်ပီယံလည်းဖြစ်ပါတယ်
။ကြိုးဝိုင်းထဲက သူရဲ့ မျက်လုံးတွေကတော့ တောက်ပမှုအပြည့်၊ပြိုင်ဘက်ကို ဘယ်လို အသာ စီးရယူမလဲ ၊ဘယ်လိုနှိမ်နင်းမလဲ ဆိုတာတွေနဲ့ ပြည့်နက်နေပြီး ကြိုးဝိုင်းထဲက ထွက်လိုက်တာနဲ့ အောင် လအန်ဆိုင်ဟာ လုံးဝပြောင်းလဲသွားပါတော့တယ်။ကြိုးဝိုင်းထဲမှာ ခက်ထန်မှုတွေနဲ့ ပြည့်နှ က်နေသလောက် အောင်လအန်ဆန်ကတော့ ချစ်ဇနီးရယ် ချစ်စရာသားလေးနဲ့ သမီးေ လးေ တွနဲ့ အတူ သာယာတဲ့ မိသားစု ဘဝကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။
ပရိသတ်ကြီးရေ ပရိသတ်တွေကို သူပါဝင်တဲ့ One Championship ဆိုတဲ့ PS5 ဂိမ်းကို သူနဲ့အတူတူ ယှဉ်ပြိုင်ကစားမယ်လို့ ဖိတ်ခေါ်ထားပါတ်။ ပရိသတ်တွေကတော့ “လာေ တာ့ေ ဆာ့ချင်တယ် မတော်တဆ ကျွန်တော် နိုင်သွားရင် ထထိုးမှာလဲကြောက်တယ်” ပြန်လ ည်စနောက်ထားပါတယ်။
Source: Aung La Nsang(Burmese Python)
Zawgyi
About the author
Aung Lay
Leave a Comment