Cele News

အစားသောက်တွေရောင်းရတဲ့ငွေတွေနဲ့ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာ ကိုလှူခဲ့တဲ့ နက်ရှိုင်းကို

Written by Aung Lay

တက်သစ်စမင်းသားလေးနက်ရှိင်းကိုကတော့ ည ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကြီးနဲ့ ပရိသတ်တွေရှေ့စတင်ရောက်လာခဲ့တာပါ။ နွေလယ်ညရဲ့လမင်းဇာတ်ကားထဲမှာတော့ အော င်အောင်အဖြစ်နဲ့ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုရရှိထားသူလည်း ဖြစ်ပါတယ်။ နက်ရှိုင်း ကိုကတော့ လိုအပ်တဲ့နေရာတွေကိုလှူဖို့လည်း မမေ့တတ်တဲ့စိတ်ထားကောင်းတဲ့ သူတစ်ေ ယာက် ဖြစ်ပါတယ်။

နက်ရှိုင်းကိုကတော့ သူ့ရဲ့ဖေ့ဘွတ်မှာ “ကျွန်တော်နဲ့ ကျွန်တော့မေမေတို့ ရဲ့ ဂဏန်းမဆလာနဲ့ ဂဏန်းပျော့ကြော် ရောင်းရတဲ့ ငွေတွေ အကုန်လုံးကို( ‘ဆည်းဆာရိပ်’ ဘိုးဘွားရိပ်သာ )သို့ အကုန် လှူဒါန်းပေးခဲ့ပါတယ်။ ဝယ်ယူအားပေးကြတဲ့ ကျွန်တော့ရဲ့ ချစ်ရတဲ့ Fans လေးတွေရယ် customers များ အသိမိတ်ဆွေများအားလုံး’ကုသိုလ်လည်းရ ဝမ်းလည်းဝ’ အောင်အလှူပြုပေး ခဲ့ပါတယ်ဗျာ ပျော်ရွှင်ကြပါစေ..ကျွန်တော့ရဲ့ Fans and Fris တွေ အားလုံး ရောပဲ ကံကောင်း အဆင်ပြေ ကြပါစေဗျ” ဆိုပြီးတော့ အလှူပြုလုပ်ဖြစ်ခဲ့ပုံကို ပရိသတ်တွေကို မျှဝေခဲ့တာပါ။

အမေဖြစ်သူနဲ့အတူ အစားအသောက်တွေရောင်းခဲ့သလို ရရှိတဲ့ငွေတွေကိုလည်း အကျိုးရှိရှိအ သုံးချတဲ့နက်ရှိုင်းကိုကတော့ တကယ့်ကိုလေးစားစရာပါပဲ။ နွေလယ်ညရဲ့လမင်း ဇာတ်လမ်းတွဲ ထဲက အာင်အောင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေးကို သတိရနေတဲ့ပရိသတ်ေ တွရှိသေးလားနော်…

Source : NatthineKo

Zawgyi




Source : NatthineKo

About the author

Aung Lay

Leave a Comment