ဋ္ဌာပနာတော်တိုက်အတွင်းပိုင် ၆၆ပေ အမြင့်ရှိပီးခမ်နားထည်ဝါစွာတည်ဆောက်ထားခြင်း။ ၁၀ပေ ပတ်လည်ရေတွင်နှင့် ပြဿဒ်၅ခုပါ ကရဝိတ်ဖောင်တော်။
ကကုသန်မြတ်စွာဘုရားတောင်ဝှေးတော် ကောဏဂုံမြတ်စွာဘုရာရဲ့ဓမ္မကရိုက်ရေစစ်တော် ကဿပမြတ်စွာဘုရားရဲ့ရေသနုပ် သင်္ကန်းတော် ဂေါတမမြတ်စွာဘုရားရဲ့ဆံတော်၈ဆူ ဒါကြောင့် လေးဆူဓာတ်ပုံ ရွှေတိဂုံ လို့ဆိုကြသည်
ဋ္ဌာပနာတော်တိုက်မှာပင်မအလယ်တိုင်မပါ သံရက်မမရှိပဲကျောက်တုံးကျောက်ခဲများဖြင့်ခန်းနားစွာတည်ဆောက်ထားခြင်း။ ဖောင်တော်မှာအလျား၆ပေခွဲခန့်အတိုင်းတာရှိ ရွှေအစစ်ချထားခြင်း။
ဋ္ဌာပနာတော်တိုက် မုဉ်ဦးအတွင်းပိုင်းဥက္ကလာမင်းရုပ်ထုနှင့်စလွယ်တော် တဖုဿ ဘလ္လိကညီနောင် သာသနာတော်စောင့်နတ်မင်းကြီးလေးပါးနှင့် နတ်ဒေဝါများပူဇော်နေဟန် ရွှေရုပ်ထုများထုလုပ်ထားခြင်း။
၁၈၂၀ ဝန်ကျင်ခန့်က လူစွမ်းကောင်း မောင်ကံသည်ဆံတော်တွင်းမှမြတ်ဗုဒ္ဓဆံတော်အစစ်ကို တရုတ်ပြည်ကောက်ကွန်ဥတည်မက်းထံသို့ပင့်ရန် ဆံတော်အတွင်းသို့ဝင်ရာတွင်ရင်ဘတ်ထိတိုင် ကျောက်ရုပ်ဖြစ်သွားခဲ့သည်။
၁၈၁၄ခုနှစ်တွင်းအဂ်လိပ်စစ်တပ်များဋ္ဌာပနာတိုက်ဖောက်၍အဖိုးတန်ရတနာများယူကြသည် ဆံတော်တွင်းဋ္ဌာပနာတိုက်အားအကြိမ်၂ဖောက်ခဲ့သော်လည်း ကျောက်နံရံကြီးများမဖောက်နိုင်၍လက်လျှော့ခဲ့ရသည်။
၁၉၀၄ခုနှစ် အာမေနီယားလူမျိုး မစ္စတာအပရမေ အသက်ရနှစ်အရွယ် ဆံတော်ကိန်ဝပ်ရာသို့ဆင်းသက်ကြည့်ဖူးသည့် ရသေ့ကြီးများဘုရားဖူးလာရောက်ချိန်တွင် အမှတ်မထင်ဝင်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။
မစ္စတာအပပြော်ပြချက်အရ ရှေ့မြန်မာများလည်း ၁၉၇၁ခုနှစ်ကစူးစမ်းသုသေသနပြုလုပ်ခဲ့ကြပီး ကျောက်နံရံကြီး ကာထားသည့်နေရာထိရောက်အောင်သွားနိုင်ခဲ့ကြသောလည်း အတွင်းသို့ဝင်ရောက်နိုင်မည့်လမ်းမတွေ့ရှိခဲ့ကြပါ။
ပညာရှင်များ ကျောင်းသားလူငယ်များပါအားတက်သရောသုသေသနပြုပါဝင်ခဲ့ကြသော်လည်း မတည်မငြိမ်နှောင်းပိုင်းခေတ်များတွင် မသမာသူများနှောက်ယှက်နိုင်ခြင်းမရှိရန် ရည်ရွယ်ကာဆုတောင်းပြည့်စေတီလိူင်းဝကိုသံတံခါးပိတ်သော့ခတ်ထားလိုက်ကြသည်။
၁၉၇၁ခေတ်အလွန်နှောင်းပိုင်း နှစ်ပေါင်း၅ဝကြာခဲ့သည်ဖြစ်ရာ ဌာပနာတော်တိုက်အကြောင်း ဆက်လက်သုသေသနပြုနိုင်ခြင်းမရှိတော့ပေ။
Credit –
Zawgyi
ပညာရှင်များ ကျောင်းသားလူငယ်များပါအားတက်သရောသုသေသနပြုပါဝင်ခဲ့ကြသော်လည်း မတည်မငြိမ်နှောင်းပိုင်းခေတ်များတွင် မသမာသူများနှောက်ယှက်နိုင်ခြင်းမရှိရန် ရည်ရွယ်ကာဆုတောင်းပြည့်စေတီလိုင်းဝကိုသံတံခါးပိတ်သော့ခတ်ထားလိုက်ကြသည်။
Credit –