တရုတ်နှင့် ကမ္ဘာ့နိုင်ငံအချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တကျော့ပြန် မြင့်တက်လာ
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာမှာ တနင်္ဂနွေနေ့က တရုတ်နိုင်ငံမှာ ရောဂါကူးစက်သူ အသစ် ၅၇ ယောက် ရှိတဲ့အတွက် ၂ လတာအတွင်း ကူးစက်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။
တောင်ကိုရီးယားမှာတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်ထားတာတွေကို ဖြေလျှော့ပေးလိုက်ပြီးနောက်ပိုင်း ကူးစက်မှု တကျော့ပြန် တိုးလာနေတာပါ။
ကူးစက်မှုအသစ်တွေက ဆိုးလ်မြို့နဲ့ ဒေသတဝိုက်မှာဖြစ်ပြီး နိုက်ကလပ်တွေ၊ ဝတ်ပြုဆုတောင်းပွဲတွေ၊ အိမ်အရောက် ပစ္စည်းရောင်းချပေးတဲ့ ဝန်ဆောင်မှုတွေက တဆင့် ကူးစက်မှုတွေ များပြားနေတာပါ။
အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များပြားလာတဲ့အတွက် ဆေးရုံတွေမှာနေရာမရှိတော့မှာကို စိုးရိမ်နေရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ မြို့တော် ဒေလီ တစ်နေရာထဲမှာ လူပေါင်း ၁,၂၀၀ ကျော်သေဆုံးပြီး လူပေါင်း ၃၉,၀၀၀ နီးပါး ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း သိရပါတယ်။
အီဂျစ်၊ ယူကရိန်းနဲ့ မြောက်မက်ဆီဒိုးနီးယားမှာလည်း သောကြာနေ့ကစပြီး နေ့စဉ်ကူးစက်မှုနှုန်း တိုးလာပါတယ်။
အမေရိကန်နိုင်ငံမှာတော့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့ကြားကပဲ သမ္မတထရမ့်က စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ဖို့ တိုက်တွန်းနေတာကြောင့် ကူးစက်သူ အရေအတွက် ပိုများလာနေပါတယ်။
ကူးစက်မှုအသစ်တွေက အရီဇိုးနား ပြည်နယ်မှာဖြစ်ပြီး မေလအလယ်ပိုင်း အသွားအလာ ကန့်သတ်ထားတာတွေ ဖြေလျှော့လိုက်ပြီးနောက်ပိုင်း တရက်ကို ကူးစက်သူ ၁,၀၀၀ ကျော်အထိ တိုးလာတယ်လို့လည်း AP သတင်းဌာနရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
အီတလီမှာတော့ စနေနေ့က COVID-19 အတည်ပြုလူနာ ၃၄၆ ယောက်နဲ့ သေဆုံးသူ ၇၈ ယောက်ရှိပါတယ်။ စနေနေ့ ကူးစက်သူတွေထဲ ရောဂါစပြီး ကူးစက်ပျံ့နှံ့ခဲ့တဲ့ နိုင်ငံမြောက်ပိုင်း Lombardy ဒေသက ၂၁၀ ပါဝင်ပါတယ်။
အီတလီနိုင်ငံဟာ ဖေဖော်ဝါရီနှောင်းပိုင်း ရောဂါစပြီးဖြစ်ပွားချိန်ကနေ အခုအထိ ကူးစက်သူပေါင်း ၂၃၀,၀၀၀ ကျော်နဲ့ သေဆုံးသူ စုစုပေါင်း ၃၄,၀၀၀ ကျော်ရှိတဲ့အတွက် အမေရိကန်၊ ဘရာဇီးနဲ့ ဗြိတိန် ပြီးရင် COVID-19 ကြောင့် သေဆုံးမှုနှုန်း အများဆုံးဖြစ်ပါတယ်။
Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာ စာရင်းတွေအရ တကမ္ဘာလုံး အတိုင်းအတာနဲ့ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
credit
Zawgyi
တရုတ္ႏွင့္ ကမာၻ႕ႏိုင္ငံအခ်ဳိ႕မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ တေက်ာ့ျပန္ ျမင့္တက္လာ
ကမာၻတလႊား ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ ဆက္လက္ျဖစ္ပြားေနတာမွာ တနဂၤေႏြေန႔က တ႐ုတ္ႏိုင္ငံမွာ ေရာဂါကူးစက္သူ အသစ္ ၅၇ ေယာက္ ရွိတဲ့အတြက္ ၂ လတာအတြင္း ကူးစက္မႈအမ်ားဆုံး ျဖစ္ခဲ့ပါတယ္။
ေတာင္ကိုရီးယားမွာေတာ့ စီးပြားေရးလုပ္ငန္းေတြနဲ႔ ခရီးသြားလာခြင့္ တားျမစ္ပိတ္ပင္ထားတာေတြကို ေျဖေလွ်ာ့ေပးလိုက္ၿပီးေနာက္ပိုင္း ကူးစက္မႈ တေက်ာ့ျပန္ တုိးလာေနတာပါ။
ကူးစက္မႈအသစ္ေတြက ဆုိးလ္ၿမိဳ႕နဲ႔ ေဒသတဝိုက္မွာျဖစ္ၿပီး ႏုိက္ကလပ္ေတြ၊ ဝတ္ျပဳဆုေတာင္းပြဲေတြ၊ အိမ္အေရာက္ ပစၥည္းေရာင္းခ်ေပးတဲ့ ဝန္ေဆာင္မႈေတြက တဆင့္ ကူးစက္မႈေတြ မ်ားျပားေနတာပါ။
အိႏၵိယႏိုင္ငံ ေဒလီၿမိဳ႕မွာ ဗိုင္းရပ္စ္ပိုးေတြ႕ရွိသူ မ်ားျပားလာတဲ့အတြက္ ေဆး႐ုံေတြမွာေနရာမရွိေတာ့မွာကို စိုးရိမ္ေနရပါတယ္။
အိႏၵိယႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ ေဒလီ တစ္ေနရာထဲမွာ လူေပါင္း ၁,၂၀၀ ေက်ာ္ေသဆုံးၿပီး လူေပါင္း ၃၉,၀၀၀ နီးပါး ဗိုင္းရပ္စ္ကူးစက္ခံေနရေၾကာင္း သိရပါတယ္။
အီဂ်စ္၊ ယူကရိန္းနဲ႔ ေျမာက္မက္ဆီဒိုးနီးယားမွာလည္း ေသာၾကာေန႔ကစၿပီး ေန႔စဥ္ကူးစက္မႈႏႈန္း တိုးလာပါတယ္။
အေမရိကန္ႏိုင္ငံမွာေတာ့ က်န္းမာေရးပညာရွင္ေတြ သတိေပးေနတဲ့ၾကားကပဲ သမၼတထရမ့္က စီးပြားေရးလုပ္ငန္းေတြကို ျပန္ဖြင့္ဖို႔ တိုက္တြန္းေနတာေၾကာင့္ ကူးစက္သူ အေရအတြက္ ပိုမ်ားလာေနပါတယ္။
ကူးစက္မႈအသစ္ေတြက အရီဇိုးနား ျပည္နယ္မွာျဖစ္ၿပီး ေမလအလယ္ပိုင္း အသြားအလာ ကန္႔သတ္ထားတာေတြ ေျဖေလွ်ာ့လိုက္ၿပီးေနာက္ပိုင္း တရက္ကို ကူးစက္သူ ၁,၀၀၀ ေက်ာ္အထိ တိုးလာတယ္လို႔လည္း AP သတင္းဌာနရဲ႕ ေလ့လာခ်က္မွာ ေဖာ္ျပထားပါတယ္။
အီတလီမွာေတာ့ စေနေန႔က COVID-19 အတည္ျပဳလူနာ ၃၄၆ ေယာက္နဲ႔ ေသဆုံးသူ ၇၈ ေယာက္ရွိပါတယ္။ စေနေန႔ ကူးစက္သူေတြထဲ ေရာဂါစၿပီး ကူးစက္ပ်ံ႕ႏွံ႔ခဲ့တဲ့ ႏိုင္ငံေျမာက္ပိုင္း Lombardy ေဒသက ၂၁၀ ပါဝင္ပါတယ္။
အီတလီႏိုင္ငံဟာ ေဖေဖာ္ဝါရီေႏွာင္းပိုင္း ေရာဂါစၿပီးျဖစ္ပြားခ်ိန္ကေန အခုအထိ ကူးစက္သူေပါင္း ၂၃၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ စုစုေပါင္း ၃၄,၀၀၀ ေက်ာ္ရွိတဲ့အတြက္ အေမရိကန္၊ ဘရာဇီးနဲ႔ ၿဗိတိန္ ၿပီးရင္ COVID-19 ေၾကာင့္ ေသဆုံးမႈႏႈန္း အမ်ားဆုံးျဖစ္ပါတယ္။
Johns Hopkins တကၠသိုလ္ ကို႐ိုနာဗိုင္းရပ္စ္ သုေတသနစင္တာ စာရင္းေတြအရ တကမာၻလုံး အတိုင္းအတာနဲ႔ ေန႔စဥ္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၁၀၀,၀၀၀ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။
credit