Cele News Video

ချစ်ဇနီးဆီက အမှတ်တွေရအောင် ရှုပ်ပွနေတဲ့ အိပ်ခန်းကို ပြောင်လက် တဲ့ထိ ရှင်းပစ်လိုက်တဲ့ နေဝင်းရဲ့ဗီဒီယိုဖိုင်

Written by Aung Lay

ပရိသတ်ကြီးရေနေဝင်းလို့ပြောလိုက်တာနဲ့ Rapအကြမ်းစားတွေကို သီဆိုတတ်တဲ့ အဆိုတော်တစ်ဦးလို့သိကြမှာပါနော်။ နေဝင်းကတော့ အဆိုတော် ဖြိုးလေးနဲ့ နှစ်ယောက်အတူတူ Snareဆိုတဲ့ အဖွဲ့အနေနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်ခဲ့တာပါ။

မကြာသေးမီကလည်း ချစ်သူသက်တမ်း ၁၀နှစ်ကျော်ရှိတဲ့ ချစ်သူ ခရီးသွားဘလော့ဂါမလေး အိမ့်ချစ်ချောနဲ့ လက်မှတ်ရေးထိုးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအားကျဝန်းရံနေတဲ့ ဆယ် လီစုံတွဲတွေထဲက တစ်တွဲအဖြစ်သတ်မှတ်ခံထားရသူတွေထဲမှာ နေဝင်းတို့စုံတွဲကတော့ ထိပ် ဆုံးကပါဝင်နေတာပါနော်။

ဒီနေ့မှာလည်း ချစ်စရာကောင်းတဲ့ အိမ်ချောရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ” နေကြာအစွမ်း ”ဆိုတဲ့အရွှန်းဖောက်တဲ့စာလေးနဲ့ အမိုက်စား TikTokတစ်ခုကိုဆော့ပြခဲ့တာပါ။ အမြဲရို ဆန် ဆန်ချစ်တတ်တဲ့နေဝင်းကတော့TikTokဆော့တာတောင် ချစ်ရတဲ့ဇနီးလေးကို အချိန်တိုအ တွင်း ရှုပ်ပွနေတဲ့အခန်းကို ရှင်းပေးခဲ့တာပါနော်။ ပရိသတ်ကြီးလည်း မြင်သူတိုင်းအားကျနေရတဲ့နေဝင်းတို့စုံတွဲလေးကို ချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

 

Source : Eaint Chit Chaw

Zawgyi




Source : Eaint Chit Chaw

About the author

Aung Lay

Leave a Comment