Covid-19 နဲ့ ပတ်သက်ပြီး အမြဲ အပြင်ထွက်နေရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတချို့ လာမေးထားတဲ့ မေးခွန်းလေးတွေကို ပြန်ဖြေပေးချင်ပါတယ်။ သူတို့ သိချင်တာကတော့ ဈေးဝယ်ထွက်နေရင်း အပေါ့အပါး သွားချင်လာတာ၊ မအောင့်နိုင်လို့ အများသုံး သန့်စင်ခန်းထဲ ဝင်မိတယ်၊ Covid-19 ကူးနိုင်လား အစရှိသဖြင့်ပေါ့။ ဒီမေးခွန်းကို ဖြေပေးရမယ်ဆိုရင် ကူးနိုင်ခြေတော့ ရှိပေမယ့် တော်တော်လေးကို နည်းပါတယ်။
လက်ရှိစစ်ဆေးချက်အရ Covid-19 သည် ပါးစပ်က ထွက်တဲ့ တံတွေး အစက် အမှုန်အမွှား (Droplets) က လေထဲကို ပြန့်သွားပြီး သူ့ဘေးမှာ ရှိတဲ့သူတွေဆီကို ဝင်ရောက်ကူးစက်တာလို့ပဲ သိထားပါသေးတယ်။ လေထဲကနေ တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါ (Airborne Disease) အနေနဲ့တော့ အတိအကျ သတ်မှတ်ထားတာမျိုး မရှိသေးပါဘူး။ နောက်ပြီးတော့ မစင် အညစ်အကြေးမှာလည်း Covid-19 ရောဂါပိုး ရှိနေနိုင်ပေမယ့် ဒီကနေတဆင့် ကူးစက်ခံရတဲ့ အခြေအနေ မရှိသေးဘူးလို့ သိရပါတယ်။
ဘယ်လို အခြေအနေမှာ ကူးစက်နိုင်လဲ။
သန့်စင်ခန်းထဲ Mask မတပ်ဘဲ ဝင်သွားတာမျိုးကတော့ ကူးစက်နိုင်ခြေ အမြင့်ဆုံးပါ။ လူပေါင်းစုံ ဝင်ထွက်သွားလာပြီး အညစ်အကြေး စွန့်တဲ့ နေရာဖြစ်လို့ ကိုရိုနာဗိုင်းရပ်စ်မှ မဟုတ်ပါဘူး၊ ရောဂါပိုးတွေ အများကြီးက လေထဲမှာ ပြန့်နေမှာပါ။ အိမ်သာ တက်နေရင်းနဲ့ ကိုယ့်မှာ ပါလာတဲ့ ဈေးခြင်းထောင်း၊ အထုပ်အပိုးတွေကို မြေကြီးမှာ ချမိရင်လည်း ရောဂါပိုးက ကူးနိုင်ပါတယ် (Covid-19 ပိုးအပြင် တခြား ရောဂါပိုးတွေလည်း ပါဝင်ပါတယ်) ။ အိမ်သာ၊ အဖုံး၊ ကြွေခွက်၊ ရေပန်း၊ နံရံ၊ ကြမ်းပြင် စတာတွေကို လက်နဲ့ ကိုင်ပြီး မျက်နှာကို ပြန်ပွတ်ရင်လည်း ကူးနိုင်ခြေ ရှိပါတယ်။
ဒါဆို ဘာလုပ်သင့်လဲ၊ ဘယ်လို ကာကွယ်မလဲ။
အဓိက လုပ်သင့်တာတွေ အနေနဲ့
၁။ အများသုံး သန့်စင်ခန်းကို မဖြစ်မနေ ဝင်ဖို့ လိုအပ်လာပြီ ဆိုမှ ဝင်ပါ၊ သိပ်ပြီး အရေးမကြီးရင် မဝင်ပါနဲ့။
၂။ သန့်စင်ခန်း ဝင်တော့မယ်ဆိုရင် Mask ကို စနစ်တကျ တပ်ပြီးမှ ဝင်ပါ။ စောင်းနေတာ၊ နှာခေါင်းက လွတ်နေတာ၊ ဒါမှမဟုတ် Mask ကို မေးစပ်မှာ တပ်ထားတာမျိုးတွေ လုပ်လို့ မရပါဘူး။
၃။ တတ်နိုင်ရင် ကိုယ့်ရှေ့မှာ လူတစ်ယောက် လောလောလတ်လတ် ဝင်သွားတဲ့ အိမ်သာခန်းထဲ မဝင်ပါနဲ့၊ လုံးဝ မလွှဲသာမှပဲ ဝင်ပါ။
၄။ အမျိုးသားများ အပြင်မှာ မတ်တပ်ရပ်ပြီး အပေါ့စွန့်နေချိန် ဘေးက လူတစ်ယောက် ချောင်းဆိုးနေရင် ဆီးသွားတာကို ခဏ အောင့်ပြီး တခြား ဝေးဝေး တစ်နေရာကို အမြန်သွားပြီး အပေါ့စွန့်ပါ။ Mask တပ်ထားတယ် ဆိုရင်တော့ သွားဖို့ မလိုပါဘူး။
၅။ ဘိုထိုင်အိမ်သာကို အသုံးမပြုခင် တစ်သျှူးနည်းနည်း ဖြဲပြီး ကိုယ်ထိုင်မယ့် အပြားပေါ်ကို ဘယ်၊ ညာ ၂ဖက် ခင်းထားပါ။
၆။ တတ်နိုင်သလောက် လက်တစ်ဖက်တည်းနဲ့ အိမ်သာခန်း တံခါး ဖွင့်တာ၊ အညစ်အကြေး သန့်ရှင်းရေးလုပ်ပေးပါ။ ကျန်တဲ့ လက်တစ်ဖက်က အထုပ်အပိုးတွေကို သယ်ပါ။
၇။ ကိစ္စ ပြီးတာနဲ့ မြန်မြန်ထွက်ပါ။ အိမ်သာထဲမှာ အကြာကြီး မနေပါနဲ့။ ဖုန်း မသုံးပါနဲ့။
၈။ ရေဆွဲတော့မယ်ဆိုရင် အိမ်သာအဖုံးကို အောက်အရင်ချ၊ လုံအောင် ပိတ်ပြီးပြီဆိုမှ ရေဆွဲချပါ။ ဒီအတိုင်း ဖွင့်လျက်ကြီးတော့ ရေမဆွဲပါနဲ့။
၉။ လက်ကို ဆပ်ပြာနဲ့ စက္ကန့် ၂၀ ခန့် သေချာဆေးကြောပါ။ ဆပ်ပြာတိုက်တဲ့အခါ လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းကြား၊ လက်သည်းကြားကို သေချာ တိုက်ချွတ်ပေးဖို့ လိုပါတယ်။ ယောက်ျားလေးများ အပေါ့သွားရုံပဲ ဆိုပြီး လက်မဆေးဘဲ ထွက်လာတာမျိုး မလုပ်ပါနဲ့။
၁၀။ ပြီးသွားရင် တစ်သျှူးနဲ့ပဲ ရေသုတ်ပါ။ လက်အခြောက်ခံစက်ကို အားမကိုးပါနဲ့။ အဲ့စက်ထဲမှာ ရှိတဲ့ ရောဂါပိုး အရေအတွက်က လေထဲမှာထက် ပိုများပါတယ်။
၁၁။ အိမ်ပြန်ရောက်တာနဲ့ ပါလာတဲ့ ဈေးခြင်းတောင်းကို ဆေးကြောပါ။ ပလတ်စတစ်အိတ်ကို အမှိုက်ပုံးထဲ ထည့်ပါ၊ ဒါမှမဟုတ် အမှိုက်အိတ်လုပ်ပြီး မြန်မြန် ပစ်လိုက်ပါ။
အားလုံးပဲ ကပ်ဘေးကာလမှာ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ ဈေးဝယ်ထွက်နိုင်ဖို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
Zawgyi
Covid-19 နဲ႔ ပတ္သက္ၿပီး အၿမဲ အျပင္ထြက္ေနရတဲ့ အိမ္ေထာင္ရွင္ အမ်ိဳးသမီးတခ်ိဳ႕ လာေမးထားတဲ့ ေမးခြန္းေလးေတြကို ျပန္ေျဖေပးခ်င္ပါတယ္။ သူတို႔ သိခ်င္တာကေတာ့ ေဈးဝယ္ထြက္ေနရင္း အေပါ့အပါး သြားခ်င္လာတာ၊ မေအာင့္ႏိုင္လို႔ အမ်ားသုံး သန႔္စင္ခန္းထဲ ဝင္မိတယ္၊ Covid-19 ကူးႏိုင္လား အစရွိသျဖင့္ေပါ့။ ဒီေမးခြန္းကို ေျဖေပးရမယ္ဆိုရင္ ကူးႏိုင္ေျခေတာ့ ရွိေပမယ့္ ေတာ္ေတာ္ေလးကို နည္းပါတယ္။
လက္ရွိစစ္ေဆးခ်က္အရ Covid-19 သည္ ပါးစပ္က ထြက္တဲ့ တံေတြး အစက္ အမႈန္အမႊား (Droplets) က ေလထဲကို ျပန႔္သြားၿပီး သူ႔ေဘးမွာ ရွိတဲ့သူေတြဆီကို ဝင္ေရာက္ကူးစက္တာလို႔ပဲ သိထားပါေသးတယ္။ ေလထဲကေန တစ္ဆင့္ ကူးစက္ႏိုင္တဲ့ ေရာဂါ (Airborne Disease) အေနနဲ႔ေတာ့ အတိအက် သတ္မွတ္ထားတာမ်ိဳး မရွိေသးပါဘူး။ ေနာက္ၿပီးေတာ့ မစင္ အညစ္အေၾကးမွာလည္း Covid-19 ေရာဂါပိုး ရွိေနႏိုင္ေပမယ့္ ဒီကေနတဆင့္ ကူးစက္ခံရတဲ့ အေျခအေန မရွိေသးဘူးလို႔ သိရပါတယ္။
ဘယ္လို အေျခအေနမွာ ကူးစက္ႏိုင္လဲ။
သန႔္စင္ခန္းထဲ Mask မတပ္ဘဲ ဝင္သြားတာမ်ိဳးကေတာ့ ကူးစက္ႏိုင္ေျခ အျမင့္ဆုံးပါ။ လူေပါင္းစုံ ဝင္ထြက္သြားလာၿပီး အညစ္အေၾကး စြန႔္တဲ့ ေနရာျဖစ္လို႔ ကို႐ိုနာဗိုင္းရပ္စ္မွ မဟုတ္ပါဘူး၊ ေရာဂါပိုးေတြ အမ်ားႀကီးက ေလထဲမွာ ျပန႔္ေနမွာပါ။ အိမ္သာ တက္ေနရင္းနဲ႔ ကိုယ့္မွာ ပါလာတဲ့ ေဈးျခင္းေထာင္း၊ အထုပ္အပိုးေတြကို ေျမႀကီးမွာ ခ်မိရင္လည္း ေရာဂါပိုးက ကူးႏိုင္ပါတယ္ (Covid-19 ပိုးအျပင္ တျခား ေရာဂါပိုးေတြလည္း ပါဝင္ပါတယ္) ။ အိမ္သာ၊ အဖုံး၊ ေႂကြခြက္၊ ေရပန္း၊ နံရံ၊ ၾကမ္းျပင္ စတာေတြကို လက္နဲ႔ ကိုင္ၿပီး မ်က္ႏွာကို ျပန္ပြတ္ရင္လည္း ကူးႏိုင္ေျခ ရွိပါတယ္။
ဒါဆို ဘာလုပ္သင့္လဲ၊ ဘယ္လို ကာကြယ္မလဲ။
အဓိက လုပ္သင့္တာေတြ အေနနဲ႔
၁။ အမ်ားသုံး သန႔္စင္ခန္းကို မျဖစ္မေန ဝင္ဖို႔ လိုအပ္လာၿပီ ဆိုမွ ဝင္ပါ၊ သိပ္ၿပီး အေရးမႀကီးရင္ မဝင္ပါနဲ႔။
၂။ သန႔္စင္ခန္း ဝင္ေတာ့မယ္ဆိုရင္ Mask ကို စနစ္တက် တပ္ၿပီးမွ ဝင္ပါ။ ေစာင္းေနတာ၊ ႏွာေခါင္းက လြတ္ေနတာ၊ ဒါမွမဟုတ္ Mask ကို ေမးစပ္မွာ တပ္ထားတာမ်ိဳးေတြ လုပ္လို႔ မရပါဘူး။
၃။ တတ္ႏိုင္ရင္ ကိုယ့္ေရွ႕မွာ လူတစ္ေယာက္ ေလာေလာလတ္လတ္ ဝင္သြားတဲ့ အိမ္သာခန္းထဲ မဝင္ပါနဲ႔၊ လုံးဝ မလႊဲသာမွပဲ ဝင္ပါ။
၄။ အမ်ိဳးသားမ်ား အျပင္မွာ မတ္တပ္ရပ္ၿပီး အေပါ့စြန႔္ေနခ်ိန္ ေဘးက လူတစ္ေယာက္ ေခ်ာင္းဆိုးေနရင္ ဆီးသြားတာကို ခဏ ေအာင့္ၿပီး တျခား ေဝးေဝး တစ္ေနရာကို အျမန္သြားၿပီး အေပါ့စြန႔္ပါ။ Mask တပ္ထားတယ္ ဆိုရင္ေတာ့ သြားဖို႔ မလိုပါဘူး။
၅။ ဘိုထိုင္အိမ္သာကို အသုံးမျပဳခင္ တစ္သွ်ဴးနည္းနည္း ၿဖဲၿပီး ကိုယ္ထိုင္မယ့္ အျပားေပၚကို ဘယ္၊ ညာ ၂ဖက္ ခင္းထားပါ။
၆။ တတ္ႏိုင္သေလာက္ လက္တစ္ဖက္တည္းနဲ႔ အိမ္သာခန္း တံခါး ဖြင့္တာ၊ အညစ္အေၾကး သန႔္ရွင္းေရးလုပ္ေပးပါ။ က်န္တဲ့ လက္တစ္ဖက္က အထုပ္အပိုးေတြကို သယ္ပါ။
၇။ ကိစၥ ၿပီးတာနဲ႔ ျမန္ျမန္ထြက္ပါ။ အိမ္သာထဲမွာ အၾကာႀကီး မေနပါနဲ႔။ ဖုန္း မသုံးပါနဲ႔။
၈။ ေရဆြဲေတာ့မယ္ဆိုရင္ အိမ္သာအဖုံးကို ေအာက္အရင္ခ်၊ လုံေအာင္ ပိတ္ၿပီးၿပီဆိုမွ ေရဆြဲခ်ပါ။ ဒီအတိုင္း ဖြင့္လ်က္ႀကီးေတာ့ ေရမဆြဲပါနဲ႔။
၉။ လက္ကို ဆပ္ျပာနဲ႔ စကၠန႔္ ၂၀ ခန႔္ ေသခ်ာေဆးေၾကာပါ။ ဆပ္ျပာတိုက္တဲ့အခါ လက္ဖဝါး၊ လက္ဖမိုး၊ လက္ေခ်ာင္းၾကား၊ လက္သည္းၾကားကို ေသခ်ာ တိုက္ခြၽတ္ေပးဖို႔ လိုပါတယ္။ ေယာက္်ားေလးမ်ား အေပါ့သြား႐ုံပဲ ဆိုၿပီး လက္မေဆးဘဲ ထြက္လာတာမ်ိဳး မလုပ္ပါနဲ႔။
၁၀။ ၿပီးသြားရင္ တစ္သွ်ဴးနဲ႔ပဲ ေရသုတ္ပါ။ လက္အေျခာက္ခံစက္ကို အားမကိုးပါနဲ႔။ အဲ့စက္ထဲမွာ ရွိတဲ့ ေရာဂါပိုး အေရအတြက္က ေလထဲမွာထက္ ပိုမ်ားပါတယ္။
၁၁။ အိမ္ျပန္ေရာက္တာနဲ႔ ပါလာတဲ့ ေဈးျခင္းေတာင္းကို ေဆးေၾကာပါ။ ပလတ္စတစ္အိတ္ကို အမႈိက္ပုံးထဲ ထည့္ပါ၊ ဒါမွမဟုတ္ အမႈိက္အိတ္လုပ္ၿပီး ျမန္ျမန္ ပစ္လိုက္ပါ။
အားလုံးပဲ ကပ္ေဘးကာလမွာ ေဘးအႏၲရာယ္ ကင္းရွင္းစြာနဲ႔ ေဈးဝယ္ထြက္ႏိုင္ဖို႔ ဆုေတာင္းေပးရင္း ဒီမွာပဲ နိဂုံးခ်ဳပ္လိုက္ပါတယ္။
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
ေရးသားသူ Ye Myo Myat