News

တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို အွန်လိုင်းစနစ်တစ်မျိုးတည်းနဲ့ သာထုတ်ပြန်မည် . . .

Written by Aung Lay

တက္ကသိုလ် ဝင် တန်းအောင်စာ ရင်း ကို အွန်လိုင်းစနစ်တ စ်မျိုးတည်း နဲ့သာထုတ်ပြန်မည်

ဆယ်တန်းေ အာင်စာရင်းကိုလာရောက်ကြည့်ရှုသူများနိုင်တာကြောင့် အကန့်အသတ်နဲ့ကြည့်ရှုခွင့်ပေးဖို့ အခက်အခဲရှိနေပါတယ်။တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို သြဂုတ်လနောက်ပိုင်းမှ ထုတ်ပြန်ပေးသွားဖို့ ရှိနေပြီး အွန်လိုင်းစနစ်တစ်မျိုးတည်းနဲ့သာ ထုတ်ပြန်ပေးမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်ကပြောပါတယ်။နှစ်စဉ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို အွန်လိုင်းစနစ်၊ စာသင်ကျောင်းတွေမှာ ကပ်တဲ့စနစ် ဆိုပြီး စနစ် နှစ်မျိုးနဲ့ ထုတ်ပြန်ပေးနေရာ ယခုနှစ်မှာတော့ လူစုလူဝေးတွေမဖြစ်အောင် Social Distancing (ခပ်ခွာခွာနေခြင်း) ဆိုတဲ့ ကိုဗစ်ကာကွယ်ရေးကန့်သတ်ချက်တွေကြောင့် အောင်စာရင်းကို စာသင်ကျောင်းတွေမှာကပ်ဖို့ အခက်အခဲရှိနေတယ်လို့ ဦးမျိုးညွှန့်က ဆိုပါတယ်

“အောင်စာရင်းကို အပြင်မှာ လာကြည့်တဲ့သူတွေကများတော့ Social Distancing နဲ့ လုပ်ဖို့က အခက်အခဲဖြစ်နိုင်တယ်။ ဒါကြောင့် အွန်လိုင်းသီးသန့်ပဲ လုပ်ဖို့စီစဉ်ထားပါတယ်။ တစ်ချို့ကလည်း ကိုယ်တိုင် အပြင်မှာ လာကြည့်မှ ကျေနပ်ကြတယ်။ ဒါပေမယ့် ကျန်းမာရေးဆိုတော့ သည်းခံရမှာပေါ့။ အောင်စာရင်းထုတ်ပြန်မယ့် အချိန်မှာ ကိုဗစ်ကလည်း ငြိမ်သွားမယ်။ လူစုလူဝေးတွေ မလုပ်ရဘူးဆိုတဲ့ကန့်သတ်ချက်တွေမရှိတော့ဘူးဆိုရင်တော့ ကျွန်တော်တို့ အရင်လိုပဲ ကျောင်းတွေမှာ ကပ်ပေးမှာပါ။ အတိအကျတော့ ပြောလို့မရသေးပါဘူး။ အခြေအနေပေါ်မူတည်ပြီးဆုံးဖြတ်မှာပါ။ “ လို့ ဦးမျိုးညွန့်ကဆိုပါတယ်။လက်ရှိတော့ တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေကို တစ်နိုင်ငံလုံးကတက္ကသိုလ် ဆယ်ခုမှာ ဇွန်လ ၅ ရက်ကနေ ၁၉ ရက်အထိ စစ်ဆေးနေပြီး အောင်စာရင်းတွေကိုတော့ သြဂုတ်လနောက်ပိုင်းမှာမှ ထုတ်ပြန်ပေးသွားမှာဖြစ်ကာ အချိန်အတိအကျကို ကြေညာပေးမယ်လို့လည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဆိုပါတယ်။

“အောင်စာရင်းတွေကို ကျောင်းတွေမှာ ကပ်ထားပေးမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သွားကြည့်ချင်ကြမှာပဲလေ။ အဲဒီအခါ ရောဂါအတွက် စိုးရိမ်စရာဖြစ်နိုင်တယ်။ ဒါကြောင့် အွန်လိုင်းစနစ်တစ်မျိုးတည်းနဲ့ပဲ ထုတ်ပြန်ပေးမယ်ဆိုရင် အပြင်မှာ သွားကြည့်စရာမလိုတော့ပါဘူး။ ကျောင်းသားတွေအတွက်ရော မိဘတွေအတွက်ရော အဆင်ပြေပါတယ်။” လို့ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူ ကျောင်းသားတစ်ဦးရဲ့ ဖခင်ဖြစ်သူ ကိုထိန်လင်းက ပြောပါတယ်။ဒါ့အပြင် အခုနှစ်အတွက် သူငယ်တန်းကနေ နဝမတန်းအထိ အခြေခံပညာအတန်းအောင်စာရင်းတွေကိုလည်း ဇွန်လ ၁၃ ရက်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သက်ဆိုင်ရာကျောင်းတွေမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ကိုဗစ်ကာလမှာ ပထမဆုံး ထုတ်ပြန်ကြေညာခဲ့ရတဲ့ အောင်စာရင်းဖြစ်တာကြောင့် လူစုလူဝေးမဖြစ်အောင် လူ အကန့်အသတ်နဲ့သာကြည့်ရှုခွင့်ရခြင်း၊ အောင်စာရင်းကြည့်ရာမှာ တစ်ဦးနဲ့ တစ်ဦး ၆ ပေခြားနိုင်အောင် နေရာသတ်မှတ်ပေးထားခြင်း၊ လာကြည့်သူတွေကို အပူချိန်တိုင်းပေးခြင်းစတဲ့ စတဲ့ အစီအစဉ်တွေနဲ့ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ခရစ်ဒက် Duwun

Zawgyi

တကၠသိုလ္ ဝင္ တန္းေအာင္စာ ရင္း ကို အြန္လိုင္းစနစ္တ စ္မ်ိဳးတည္း နဲ႔သာထုတ္ျပန္မည္

ဆယ္တန္းေ အာင္စာရင္းကိုလာေရာက္ၾကည့္ရႈသူမ်ားႏိုင္တာေၾကာင့္ အကန္႔အသတ္နဲ႔ၾကည့္ရႈခြင့္ေပးဖို႔ အခက္အခဲရွိေနပါတယ္။တကၠသိုလ္ဝင္တန္းေအာင္စာရင္းေတြကို ၾသဂုတ္လေနာက္ပိုင္းမွ ထုတ္ျပန္ေပးသြားဖို႔ ရွိေနၿပီး အြန္လိုင္းစနစ္တစ္မ်ိဳးတည္းနဲ႔သာ ထုတ္ျပန္ေပးမယ္လို႔ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးမ်ိဳးၫြန္႔ကေျပာပါတယ္။ႏွစ္စဥ္ တကၠသိုလ္ဝင္တန္းေအာင္စာရင္းေတြကို အြန္လိုင္းစနစ္၊ စာသင္ေက်ာင္းေတြမွာ ကပ္တဲ့စနစ္ ဆိုၿပီး စနစ္ ႏွစ္မ်ိဳးနဲ႔ ထုတ္ျပန္ေပးေနရာ ယခုႏွစ္မွာေတာ့ လူစုလူေဝးေတြမျဖစ္ေအာင္ Social Distancing (ခပ္ခြာခြာေနျခင္း) ဆိုတဲ့ ကိုဗစ္ကာကြယ္ေရးကန္႔သတ္ခ်က္ေတြေၾကာင့္ ေအာင္စာရင္းကို စာသင္ေက်ာင္းေတြမွာကပ္ဖို႔ အခက္အခဲရွိေနတယ္လို႔ ဦးမ်ိဳးၫႊန္႔က ဆိုပါတယ္

“ေအာင္စာရင္းကို အျပင္မွာ လာၾကည့္တဲ့သူေတြကမ်ားေတာ့ Social Distancing နဲ႔ လုပ္ဖို႔က အခက္အခဲျဖစ္ႏိုင္တယ္။ ဒါေၾကာင့္ အြန္လိုင္းသီးသန္႔ပဲ လုပ္ဖို႔စီစဥ္ထားပါတယ္။ တစ္ခ်ိဳ႕ကလည္း ကိုယ္တိုင္ အျပင္မွာ လာၾကည့္မွ ေက်နပ္ၾကတယ္။ ဒါေပမယ့္ က်န္းမာေရးဆိုေတာ့ သည္းခံရမွာေပါ့။ ေအာင္စာရင္းထုတ္ျပန္မယ့္ အခ်ိန္မွာ ကိုဗစ္ကလည္း ၿငိမ္သြားမယ္။ လူစုလူေဝးေတြ မလုပ္ရဘူးဆိုတဲ့ကန္႔သတ္ခ်က္ေတြမရွိေတာ့ဘူးဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ အရင္လိုပဲ ေက်ာင္းေတြမွာ ကပ္ေပးမွာပါ။ အတိအက်ေတာ့ ေျပာလို႔မရေသးပါဘူး။ အေျခအေနေပၚမူတည္ၿပီးဆုံးျဖတ္မွာပါ။ “ လို႔ ဦးမ်ိဳးၫြန္႔ကဆိုပါတယ္။လက္ရွိေတာ့ တကၠသိုလ္ဝင္တန္းအေျဖလႊာေတြကို တစ္ႏိုင္ငံလုံးကတကၠသိုလ္ ဆယ္ခုမွာ ဇြန္လ ၅ ရက္ကေန ၁၉ ရက္အထိ စစ္ေဆးေနၿပီး ေအာင္စာရင္းေတြကိုေတာ့ ၾသဂုတ္လေနာက္ပိုင္းမွာမွ ထုတ္ျပန္ေပးသြားမွာျဖစ္ကာ အခ်ိန္အတိအက်ကို ေၾကညာေပးမယ္လို႔လည္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ဆိုပါတယ္။

“ေအာင္စာရင္းေတြကို ေက်ာင္းေတြမွာ ကပ္ထားေပးမယ္ဆိုရင္ ဘယ္လိုပဲျဖစ္ျဖစ္ သြားၾကည့္ခ်င္ၾကမွာပဲေလ။ အဲဒီအခါ ေရာဂါအတြက္ စိုးရိမ္စရာျဖစ္ႏိုင္တယ္။ ဒါေၾကာင့္ အြန္လိုင္းစနစ္တစ္မ်ိဳးတည္းနဲ႔ပဲ ထုတ္ျပန္ေပးမယ္ဆိုရင္ အျပင္မွာ သြားၾကည့္စရာမလိုေတာ့ပါဘူး။ ေက်ာင္းသားေတြအတြက္ေရာ မိဘေတြအတြက္ေရာ အဆင္ေျပပါတယ္။” လို႔ တကၠသိုလ္ဝင္တန္းေျဖဆိုထားသူ ေက်ာင္းသားတစ္ဦးရဲ႕ ဖခင္ျဖစ္သူ ကိုထိန္လင္းက ေျပာပါတယ္။ဒါ့အျပင္ အခုႏွစ္အတြက္ သူငယ္တန္းကေန နဝမတန္းအထိ အေျခခံပညာအတန္းေအာင္စာရင္းေတြကိုလည္း ဇြန္လ ၁၃ ရက္က တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ သက္ဆိုင္ရာေက်ာင္းေတြမွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ကိုဗစ္ကာလမွာ ပထမဆုံး ထုတ္ျပန္ေၾကညာခဲ့ရတဲ့ ေအာင္စာရင္းျဖစ္တာေၾကာင့္ လူစုလူေဝးမျဖစ္ေအာင္ လူ အကန္႔အသတ္နဲ႔သာၾကည့္ရႈခြင့္ရျခင္း၊ ေအာင္စာရင္းၾကည့္ရာမွာ တစ္ဦးနဲ႔ တစ္ဦး ၆ ေပျခားႏိုင္ေအာင္ ေနရာသတ္မွတ္ေပးထားျခင္း၊ လာၾကည့္သူေတြကို အပူခ်ိန္တိုင္းေပးျခင္းစတဲ့ စတဲ့ အစီအစဥ္ေတြနဲ႔ ေဆာင္႐ြက္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။

ခရစ္ဒက္ Duwun

About the author

Aung Lay

Leave a Comment