Knowledge

မြန်မာလူမျိုးတွေ လုံးဝရှောင်ကြဉ်ရမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့စေနိုင်တဲ့ အမူအကျင့်

Written by Aung Lay

ကုိ ရုိနာဗုိင္းရပ္စ္ေရာဂါကုိ ထိေရာက္စြာ ကာကြယ္ထိန္းခ်ဳပ္ရန္ စည္းကမ္းမဲ့ တံေတြး သလိပ္ေထြးျခင္းႏွင့္ ကြမ္းတံေတြးေထြးျခင္းတုိ႔ကုိ လံုးဝ (လံုးဝ) ေရွာင္ၾကဥ္ပါ

စည္းကမ္းမဲ့ တံေတြး သလိပ္ေထြးျခင္းကုိ လံုးဝေရွာင္ၾကဥ္ပါ။ ကြမ္းစားျခင္း၊ စည္းကမ္းမဲ့ ကြမ္းတံေတြး ေထြးျခင္းကုိ လံုးဝေရွာင္ၾကဥ္ပါ။ ကြမ္းစားျခင္းသည္ ခံတြင္းကင္ဆာ၊ လွ်ာကင္ဆာစသည့္ ေရာဂါမ်ားကုိ ျဖစ္ေစသည္သာမက ယခုအခါ စည္းကမ္းမဲ့ တံေတြးသလိပ္ေထြးျခင္း၊ ကြမ္းတံေတြးေထြးျခင္းသည္ COVID-19 ကူးစက္ေရာဂါကုိ လြယ္ကူစြာ ပ်ံ႕ႏွံ႕ေစပါသျဖင့္ ျပည္သူ႔က်န္းမာေရး က်င့္ဝတ္အရ လံုးဝ (လံုးဝ) ေရွာင္ၾကဥ္ၾကပါရန္ အသြားအလာ ကန္႔သတ္မႈ ခံေနသူမ်ားႏွင့္ ျပည္သူမ်ားအား ပန္ၾကားအပ္ပါသည္။

၁။ ျမန္မာႏုိင္ငံတြင္ ဓာတ္ခြဲစစ္ေဆးခ်က္အရ

(၂၈-၄-၂၀၂၀) ရက္ေန႔အထိ ကုိရုိနာဗုိင္းရပ္စ္ ေရာဂါကူးစက္ခံရသူ (၁၄၆) ဦး အနက္ (၈၃) ဦး (၅၇) % သည္ ေရာဂါလကၡဏာ မျပဘဲ ကုိရုိနာဗုိင္းရပ္စ္ပုိး ရွိေနသည္ကုိ ေတြ႕ရွိရပါသည္။

၂။ ကုိရုိနာဗုိင္းရပ္စ္သည္ ေရာဂါရွိသူ၏ တံေတြးဂလင္း (Salivary Glands) တြင္ ခုိေအာင္းေနေလ့ ရွိၿပီး ႏွာေခ်၊ ေခ်ာင္းဆုိး စကားေျပာရာမွ တဆင့္ ထြက္လာေသာ တံေတြး အစက္အမႈန္မ်ားတြင္ ေရာဂါပုိး အေျမာက္အျမား ပါဝင္ႏုိင္သည္။ သုေတသနစစ္တမ္းမ်ားအရ ကုိရုိနာဗုိင္းရပ္စ္ပုိးရွိသူ၏ တံေတြး သလိပ္တြင္ ဗုိင္းရပ္စ္ပါဝင္မႈႏႈန္း (၉၁.၇%) ရွိသည္ကုိ ေတြ႕ရွိရပါသည္။

၃။ ကုိရုိနာဗုိင္းရပ္စ္ေရာဂါပုိး ပါဝင္သည့္ တံေတြး အစက္အမႈန္မ်ားသည္ အနီးကပ္ထိေတြ႕သူ၏ မ်က္စိ၊ ႏွာေခါင္း၊ ပါးစပ္တုိ႔မွ တဆင့္ တုိက္ရုိက္ဝင္ေရာက္ျခင္းေၾကာင့္ လည္းေကာင္း၊ တံေတြး အစက္အမႈန္မ်ား တင္က်န္ေနသည့္ မ်က္ႏွာျပင္၊ အရာဝတၳဳေတြကုိ ကုိင္တြယ္မိေသာ လက္ႏွင့္ မိမိ၏ မ်က္စိ၊ ႏွာေခါင္း၊ ပါးစပ္တုိ႔ကုိ တုိင္တြယ္ျခင္းေၾကာင့္ လည္းေကာင္း ကုိရုိနာဗုိင္းရပ္စ္ေရာဂါ ကူးစက္ခံရႏုိင္ပါသည္။

၄။ သုိ႔ျဖစ္ပါ၍ COVID-19 ျဖစ္ပြားမႈအား ထိေရာက္စြာ ေလွ်ာ့ခ်ႏိုင္ေရးအတြက္ လူ႔က်င့္ဝတ္မ်ားႏွင့္အညီ စည္းကမ္းမဲ့ တံေတြးသလိပ္ေထြးျခင္းကုိ (အထူးသျဖင့္ အမ်ားျပည္သူႏွင့္ သက္ဆုိင္ေသာေနရာမ်ားတြင္) လံုးဝေရွာင္ၾကဥ္ပါရန္ တုိက္တြန္း ႏႈိးေဆာ္အပ္ပါသည္။

၅။ (၂၀၁၄) ခုႏွစ္ စစ္တမ္းအရ ျမန္မာႏုိင္ငံရွိ အရြယ္ေရာက္ၿပီးသား လူဦးေရ၏ (၄၃) % သည္ ကြမ္းစားေၾကာင္း သိရွိရသည္။ အမ်ားစုမွာ အမ်ဳိးသားမ်ား ျဖစ္ပါသည္။

၆။ ကြမ္းစားသူမ်ားအေနျဖင့္ မိမိတြင္ ကုိရုိနာဗုိင္းရပ္စ္ေရာဂါပုိးရွိေနပါက ကြမ္းတံေတြးတြင္ ဗုိင္းရပ္စ္ပုိး ေျမာက္ျမားစြာ ပါဝင္ႏုိင္ေသာေၾကာင့္ စည္းကမ္းမဲ့ ကြမ္းတံေတြးေထြးျခင္းျဖင့္ အျခားသူမ်ားထံသုိ႔ ေရာဂါကူးစက္ပ်ံ႕ႏွံ႕မႈကုိ ပုိမုိ ျဖစ္ပြားေစႏုိင္သည္။

၇။ ကြမ္းတံေတြးစည္းကမ္းမဲ့ ေထြးျခင္းျဖင့္ ေရာဂါပုိးပါဝင္သည့္ ကြမ္းတံေတြးတင္က်န္ေနေသာ မ်က္ႏွာျပင္မ်ား၊ အရာဝတၳဳမ်ားကုိ ထိေတြ႕ကုိင္တြယ္မိေသာလက္ျဖင့္ မ်က္စိ၊ ႏွာေခါင္းႏွင့္ ပါးစပ္တုိ႔ကုိ ကုိင္တြယ္မိျခင္းမွ တဆင့္ ေရာဂါ ကူးစက္ျခင္း ခံရႏုိင္ပါသည္။

၈။ ကြမ္းယာစားသူမ်ားအေနျဖင့္ ကြမ္းယာသူ/ ကုိင္တြယ္သူ၏ မသန္႔ရွင္းေသာလက္မွ တဆင့္ ေရာဂါပုိး ကူးစက္ခံရႏုိင္ပါသည္။

၉။ သုိ႔ျဖစ္ပါ၍ ကြမ္းစားျခင္း၊ စည္းကမ္းမဲ့ ကြမ္းတံေတြးေထြးျခင္းတုိ႔ကုိ လံုးဝေရွာင္ၾကဥ္ပါရန္ တုိက္တြန္းႏႈိးေဆာ္အပ္ပါသည္။

၁၀။ ႏွာရည္၊ တံေတြး၊ သလိပ္၊ ကြမ္းတံေတြး စသည့္ အညစ္အေၾကးမ်ား ေပက်ံေနေသာ အသံုးျပဳၿပီး တစ္ရွဴးမ်ား၊ ပါးစပ္ႏွင့္ ႏွာေခါင္းစည္းမ်ား စေသာပစၥည္းမ်ားကုိ အဖံုးပါေသာ အမႈိက္ပံုးအတြင္းသုိ႔ စနစ္တက် စြန္႔ပစ္ပါ။

၁၁။ အသံုးျပဳၿပီး တစ္ရွဴးမ်ား၊ ပါးစပ္ႏွင့္ ႏွာေခါင္းစည္းမ်ားကုိ စည္းကမ္းမဲ့စြန္႔ပစ္ျခင္းေၾကာင့္ ၎ပစၥည္းမ်ားကုိ ကုိင္တြယ္ ထိေတြ႕မိေသာလက္ျဖင့္ မိမိ၏ မ်က္စိ၊ ႏွာေခါင္း၊ ပါးစပ္တုိ႔ကုိ ကုိင္တြယ္မိပါက ကုိရုိနာဗုိင္းရပ္စ္ေရာဂါ ကူးစက္ခံ ရႏုိင္ပါသည္။

က်န္းမာေရးအသိပညာျမွင့္တင္ေရးဌာနခြဲ

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန

Unicode

ကို ရိုနာဗိုင်းရပ်စ်ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ရန် စည်းကမ်းမဲ့ တံတွေး သလိပ်ထွေးခြင်းနှင့် ကွမ်းတံတွေးထွေးခြင်းတို့ကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ

စည်းကမ်းမဲ့ တံတွေး သလိပ်ထွေးခြင်းကို လုံးဝရှောင်ကြဉ်ပါ။ ကွမ်းစားခြင်း၊ စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးခြင်းကို လုံးဝရှောင်ကြဉ်ပါ။ ကွမ်းစားခြင်းသည် ခံတွင်းကင်ဆာ၊ လျှာကင်ဆာစသည့် ရောဂါများကို ဖြစ်စေသည်သာမက ယခုအခါ စည်းကမ်းမဲ့ တံတွေးသလိပ်ထွေးခြင်း၊ ကွမ်းတံတွေးထွေးခြင်းသည် COVID-19 ကူးစက်ရောဂါကို လွယ်ကူစွာ ပျံ့နှံ့စေပါသဖြင့် ပြည်သူ့ကျန်းမာရေး ကျင့်ဝတ်အရ လုံးဝ (လုံးဝ) ရှောင်ကြဉ်ကြပါရန် အသွားအလာ ကန့်သတ်မှု ခံနေသူများနှင့် ပြည်သူများအား ပန်ကြားအပ်ပါသည်။

၁။ မြန်မာနိုင်ငံတွင် ဓာတ်ခွဲစစ်ဆေးချက်အရ

(၂၈-၄-၂၀၂၀) ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ (၁၄၆) ဦး အနက် (၈၃) ဦး (၅၇) % သည် ရောဂါလက္ခဏာ မပြဘဲ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိနေသည်ကို တွေ့ရှိရပါသည်။

၂။ ကိုရိုနာဗိုင်းရပ်စ်သည် ရောဂါရှိသူ၏ တံတွေးဂလင်း (Salivary Glands) တွင် ခိုအောင်းနေလေ့ ရှိပြီး နှာချေ၊ ချောင်းဆိုး စကားပြောရာမှ တဆင့် ထွက်လာသော တံတွေး အစက်အမှုန်များတွင် ရောဂါပိုး အမြောက်အမြား ပါဝင်နိုင်သည်။ သုတေသနစစ်တမ်းများအရ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ၏ တံတွေး သလိပ်တွင် ဗိုင်းရပ်စ်ပါဝင်မှုနှုန်း (၉၁.၇%) ရှိသည်ကို တွေ့ရှိရပါသည်။

၃။ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပါဝင်သည့် တံတွေး အစက်အမှုန်များသည် အနီးကပ်ထိတွေ့သူ၏ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့မှ တဆင့် တိုက်ရိုက်ဝင်ရောက်ခြင်းကြောင့် လည်းကောင်း၊ တံတွေး အစက်အမှုန်များ တင်ကျန်နေသည့် မျက်နှာပြင်၊ အရာဝတ္ထုတွေကို ကိုင်တွယ်မိသော လက်နှင့် မိမိ၏ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို တိုင်တွယ်ခြင်းကြောင့် လည်းကောင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရနိုင်ပါသည်။

၄။ သို့ဖြစ်ပါ၍ COVID-19 ဖြစ်ပွားမှုအား ထိရောက်စွာ လျှော့ချနိုင်ရေးအတွက် လူ့ကျင့်ဝတ်များနှင့်အညီ စည်းကမ်းမဲ့ တံတွေးသလိပ်ထွေးခြင်းကို (အထူးသဖြင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင်) လုံးဝရှောင်ကြဉ်ပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

၅။ (၂၀၁၄) ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီးသား လူဦးရေ၏ (၄၃) % သည် ကွမ်းစားကြောင်း သိရှိရသည်။ အများစုမှာ အမျိုးသားများ ဖြစ်ပါသည်။

၆။ ကွမ်းစားသူများအနေဖြင့် မိမိတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိနေပါက ကွမ်းတံတွေးတွင် ဗိုင်းရပ်စ်ပိုး မြောက်မြားစွာ ပါဝင်နိုင်သောကြောင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်းဖြင့် အခြားသူများထံသို့ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ဖြစ်ပွားစေနိုင်သည်။

၇။ ကွမ်းတံတွေးစည်းကမ်းမဲ့ ထွေးခြင်းဖြင့် ရောဂါပိုးပါဝင်သည့် ကွမ်းတံတွေးတင်ကျန်နေသော မျက်နှာပြင်များ၊ အရာဝတ္ထုများကို ထိတွေ့ကိုင်တွယ်မိသောလက်ဖြင့် မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ကိုင်တွယ်မိခြင်းမှ တဆင့် ရောဂါ ကူးစက်ခြင်း ခံရနိုင်ပါသည်။

၈။ ကွမ်းယာစားသူများအနေဖြင့် ကွမ်းယာသူ/ ကိုင်တွယ်သူ၏ မသန့်ရှင်းသောလက်မှ တဆင့် ရောဂါပိုး ကူးစက်ခံရနိုင်ပါသည်။

၉။ သို့ဖြစ်ပါ၍ ကွမ်းစားခြင်း၊ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်းတို့ကို လုံးဝရှောင်ကြဉ်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၁၀။ နှာရည်၊ တံတွေး၊ သလိပ်၊ ကွမ်းတံတွေး စသည့် အညစ်အကြေးများ ပေကျံနေသော အသုံးပြုပြီး တစ်ရှူးများ၊ ပါးစပ်နှင့် နှာခေါင်းစည်းများ စသောပစ္စည်းများကို အဖုံးပါသော အမှိုက်ပုံးအတွင်းသို့ စနစ်တကျ စွန့်ပစ်ပါ။

၁၁။ အသုံးပြုပြီး တစ်ရှူးများ၊ ပါးစပ်နှင့် နှာခေါင်းစည်းများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ၎င်းပစ္စည်းများကို ကိုင်တွယ် ထိတွေ့မိသောလက်ဖြင့် မိမိ၏ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်မိပါက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံ ရနိုင်ပါသည်။

ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

About the author

Aung Lay

Leave a Comment