News

အထက်တန်းကျောင်းများကို ကျောင်းတက်ချိန် ပုံစံ ၄ မျိုးဖြင့် ဖွင့်လှစ်မည်

Written by Aung Lay

စာသင်ခန်းတွေမှာ ၆ ပေအကွာစီ Social Distancing အရ သင်ကြားရမှာဖြစ်တာကြောင့် A၊ B၊ C၊ D အဆင့်သတ်မှတ်ပြီး တစ်သုတ်တက်လို့ရတဲ့ကျောင်း၊ တစ်ပတ်ခြားတစ်ခါ တက်လို့ရတဲ့ ကျောင်း၊ တစ်ပတ်ခြားအပြင် နှစ်သုတ်တက်ရတဲ့ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ် သုံးရက် တက်လို့ ရတဲ့ကျောင်းတွေ ရှိလာမယ်လို့ လှိုင်မြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းအေးက ပြောပါတယ်။

အခုဆိုရင် ဆရာ၊ ဆရာမတွေအတွက် သင်ရိုးသစ်နည်းပြသင်တန်းတွေ ဖွင့်လှစ်ပေးနေ သလို လှိုင်မြို့နယ်ထဲ ကျောင်းတွေကို ညွှန်ကြားချက်နဲ့ အညီ ဖွင့်လှစ်နိုင်အောင်လည်း စီစဉ်ထားပါတယ်။

ရန်ကုန်တိုင်းအတွင်း အထက်တန်းကျောင်းပေါင်း ၅၆၃၃ ကျောင်းရှိပြီး လှိုင်မြို့နယ်အတွင်းမှာတော့ အခြေခံပညာကျောင်းပေါင်း ၃၈ ကျောင်း ရှိနေပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကာလ အခြေခံပညာအထက်တန်းကျောင်းပြန်တွေပြန်ဖွင့်ရာမှာ ကျန်းမာရေးဌာနရဲ့ သတ်မှတ်ချက်နဲ့အညီ ဖွင့်လှစ်နိုင်ဖို့ ကျောင်းသားမိဘတွေနဲ့ သက်ဆိုင်ရာအဖွဲ့တွေက ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

အရင်ကဆိုရင် အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်နေ့ စတင်ဖွင့်လှစ်ခဲ့ပေမဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ဒီနှစ်မှာတော့ ဇူလိုင် ၁၃ ရက်ကနေ ၁၇ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ဆောင်ရွက်သွားမှာပါ။

ကျောင်းပြန်ဖွင့်ပါက နှစ်စဉ်အခမဲ့ပေးနေကျ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ် အပါအဝင် ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ပြန်လည်အသုံးပြုနိုင်မယ့် နှာခေါင်းစည်း နှစ်ခု၊ မျက်နှာအကာ တစ်ခုစီပေးဖို့ စီစဉ်ထားပါတယ်။

အထက်တန်းအဆင့်ကျောင်းတွေကို ဖွင့်လှစ်တဲ့ အခြေအနေပေါ်မူတည်ပြီး ၂ ပတ်အကြာမှာ အလယ်တန်းနဲ့ မူလတန်းအဆင့်ကျောင်းတွေကို တစ်ဆင့်ချင်းစီ ဖွင့်လှစ်ပေးဖို့ ရှိနေပါတယ်။

Credit

Zawgyi

စာသင္ခန္းေတြမွာ ၆ ေပအကြာစီ Social Distancing အရ သင္ၾကားရမွာျဖစ္တာေၾကာင့္ A၊ B၊ C၊ D အဆင့္သတ္မွတ္ၿပီး တစ္သုတ္တက္လို႔ရတဲ့ေက်ာင္း၊ တစ္ပတ္ျခားတစ္ခါ တက္လို႔ရတဲ့ ေက်ာင္း၊ တစ္ပတ္ျခားအျပင္ ႏွစ္သုတ္တက္ရတဲ့ေက်ာင္း၊ တစ္ပတ္ျခား ႏွစ္သုတ္ သုံးရက္ တက္လို႔ ရတဲ့ေက်ာင္းေတြ ရွိလာမယ္လို႔ လႈိင္ၿမိဳ႕နယ္ ပညာေရးမႉး ေဒၚစန္းစန္းေအးက ေျပာပါတယ္။

အခုဆိုရင္ ဆရာ၊ ဆရာမေတြအတြက္ သင္႐ိုးသစ္နည္းျပသင္တန္းေတြ ဖြင့္လွစ္ေပးေန သလို လႈိင္ၿမိဳ႕နယ္ထဲ ေက်ာင္းေတြကို ၫႊန္ၾကားခ်က္နဲ႔ အညီ ဖြင့္လွစ္ႏိုင္ေအာင္လည္း စီစဥ္ထားပါတယ္။

ရန္ကုန္တိုင္းအတြင္း အထက္တန္းေက်ာင္းေပါင္း ၅၆၃၃ ေက်ာင္းရွိၿပီး လႈိင္ၿမိဳ႕နယ္အတြင္းမွာေတာ့ အေျခခံပညာေက်ာင္းေပါင္း ၃၈ ေက်ာင္း ရွိေနပါတယ္။

ကိုဗစ္-၁၉ ကပ္ေဘးကာလ အေျခခံပညာအထက္တန္းေက်ာင္းျပန္ေတြျပန္ဖြင့္ရာမွာ က်န္းမာေရးဌာနရဲ႕ သတ္မွတ္ခ်က္နဲ႔အညီ ဖြင့္လွစ္ႏိုင္ဖို႔ ေက်ာင္းသားမိဘေတြနဲ႔ သက္ဆိုင္ရာအဖြဲ႕ေတြက ညႇိႏႈိင္းေဆာင္႐ြက္ေနတယ္လို႔ ေက်ာင္းသားမိဘတစ္ဦးက ေျပာပါတယ္။

အရင္ကဆိုရင္ အေျခခံပညာေက်ာင္းေတြကို ဇြန္လ ၁ ရက္ေန႔ စတင္ဖြင့္လွစ္ခဲ့ေပမဲ့ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ဒီႏွစ္မွာေတာ့ ဇူလိုင္ ၁၃ ရက္ကေန ၁၇ ရက္အထိ ေက်ာင္းအပ္ႏွံေရး သီတင္းပတ္အျဖစ္ သတ္မွတ္ေဆာင္႐ြက္သြားမွာပါ။

ေက်ာင္းျပန္ဖြင့္ပါက ႏွစ္စဥ္အခမဲ့ေပးေနက် ေက်ာင္းသုံးျပ႒ာန္းစာအုပ္၊ ဗလာစာအုပ္ အပါအဝင္ ဆရာမေတြနဲ႔ ေက်ာင္းသူ၊ ေက်ာင္းသားေတြအတြက္ ျပန္လည္အသုံးျပဳႏိုင္မယ့္ ႏွာေခါင္းစည္း ႏွစ္ခု၊ မ်က္ႏွာအကာ တစ္ခုစီေပးဖို႔ စီစဥ္ထားပါတယ္။

အထက္တန္းအဆင့္ေက်ာင္းေတြကို ဖြင့္လွစ္တဲ့ အေျခအေနေပၚမူတည္ၿပီး ၂ ပတ္အၾကာမွာ အလယ္တန္းနဲ႔ မူလတန္းအဆင့္ေက်ာင္းေတြကို တစ္ဆင့္ခ်င္းစီ ဖြင့္လွစ္ေပးဖို႔ ရွိေနပါတယ္။

Credit

About the author

Aung Lay

Leave a Comment