News

ဘုရားဖူး များပြားလာခြင်းကြောင့် စစ်ကိုင်းတောင်ရိုးမြောက်ပိုင်း ရှင်သီဝလီတောရကျောင်းဝင်းအား COVID-19 ရောဂါကာကွယ်ရန်အတွက် ယာယီပိတ်ထား

Written by Aung Lay

ဘုရားဖူး များပြားလာခြင်းကြောင့် စစ်ကိုင်းတောင်ရိုးမြောက်ပိုင်း ရှင်သီဝလီတောရကျောင်းဝင်းအား COVID-19 ရောဂါကာကွယ်ရန်အတွက် ယာယီပိတ်ထား

ဧရာဝတီ၊ ဇွန်လ ၁၅၊ ၂၀၂၀

စစ်ကိုင်းတောင်ရိုးမြောက်ပိုင်း တောင်ဖီလာတောင်အနီး ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားတော်များကို ကျောက်ထပ်အက္ခရာတင်၍ ဓမ္မစေတီများအဖြစ် တည်ထားလျက်ရှိသော ရှင်သီဝလီတောရကျောင်းသို့ လာရောက်ဖူးမြှော်သူ ဘုရားဖူးများ များပြားလာခြင်းကြောင့် COVID-19 ရောဂါကာကွယ်ရန်အတွက် ဇွန်လ ၁၄ ရက်နေ့မှစတင်ကာ အကန့်အသတ်မရှိ ယာယီ ပိတ်ထားမည့် အသိပေးကြေညာချက်ထုတ်ပြန်ထားကြောင်းသိရသည်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော သစ္စာလေးပါးတရားတော်အပုဒ်ရေ တစ်ထောင်ကျော်ကို စစ်ကိုင်းတောင်ရိုး မြောက်ဘက် တောင်ဖီလာတောင်အနီးရှိ မြေဧက ၁၇ . ၈ ဧကကျယ်ဝန်းရှိသည့် ရှင်သီဝလိတောရကျောင်းဝင်းတွင် ၂၀၁၆ ခုနှစ် သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှစတင်ကာ ကျောက်ထပ်အက္ခရာတင်၍ ဓမ္မစေတီများအဖြစ် တည်ထားလျက်ရှိရာ ယခုအခါ အဆူ ၄၀၀ကျော်တည်ရှိပြီး လက်ရှိတွင် တည်ထားမည့် ဓမ္မစေတီ ၁၃၅၀ အနက် အဆူ ၇၀၀ ကျော်အတွက်သာ အလှူရှင်များ ရရှိထားခြင်းကြောင့် စေတီတော် များ အားလုံးပြီးစီးရန်အတွက် အလှူရှင်များ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံ ပုံစံတူစေတီအောက်ခြေရှိ မဏ္ဍိုင်လေးမျက်နှာတွင် တရားတော်တစ်ပုဒ်နှုန်းဖြင့် ကျောက်ထပ်အက္ခရာတင် ပူဇော်ထားခြင်းဖြစ်ကာ ကျောက်စာအမြင့်မှာပေမှာ ခြောက်ပေရှိပြီး ဓမ္မစေတီ တဆူလုံး၏ အမြင့်မှာ အောက်ခြေမှ ထီးတော်အထိ ပေ ၂၀ အမြင့်ရှိကာ ထီးတော် အချင်းဝိုင်းမှာ ၁၀ ပေရှိပြီး ဓမ္မစေတီတစ်ဆူကို ငွေကျပ်သိန်း ၇၀ ကုန်ကျကြောင်းသိရသည်။

ဓာတ်ပုံ- ဇော်ဇော်/ဧရာဝတီ

Zawgyi

ဘုရားဖူး မ်ားျပားလာျခင္းေၾကာင့္ စစ္ကိုင္းေတာင္႐ိုးေျမာက္ပိုင္း ရွင္သီဝလီေတာရေက်ာင္းဝင္းအား COVID-19 ေရာဂါကာကြယ္ရန္အတြက္ ယာယီပိတ္ထား

ဧရာဝတီ၊ ဇြန္လ ၁၅၊ ၂၀၂၀

စစ္ကိုင္းေတာင္႐ိုးေျမာက္ပိုင္း ေတာင္ဖီလာေတာင္အနီး ေက်းဇူးေတာ္ရွင္ အဂၢမဟာပ႑ိတ မိုးကုတ္ဆရာေတာ္ဘုရားႀကီး ေဟာၾကားေတာ္မူေသာ တရားေတာ္မ်ားကို ေက်ာက္ထပ္အကၡရာတင္၍ ဓမၼေစတီမ်ားအျဖစ္ တည္ထားလ်က္ရွိေသာ ရွင္သီဝလီေတာရေက်ာင္းသို႔ လာေရာက္ဖူးေျမႇာ္သူ ဘုရားဖူးမ်ား မ်ားျပားလာျခင္းေၾကာင့္ COVID-19 ေရာဂါကာကြယ္ရန္အတြက္ ဇြန္လ ၁၄ ရက္ေန႔မွစတင္ကာ အကန႔္အသတ္မရွိ ယာယီ ပိတ္ထားမည့္ အသိေပးေၾကညာခ်က္ထုတ္ျပန္ထားေၾကာင္းသိရသည္။

ေက်းဇူးေတာ္ရွင္ အဂၢမဟာပ႑ိတ မိုးကုတ္ဆရာေတာ္ဘုရားႀကီး ေဟာၾကားေတာ္မူေသာ သစၥာေလးပါးတရားေတာ္အပုဒ္ေရ တစ္ေထာင္ေက်ာ္ကို စစ္ကိုင္းေတာင္႐ိုး ေျမာက္ဘက္ ေတာင္ဖီလာေတာင္အနီးရွိ ေျမဧက ၁၇ . ၈ ဧကက်ယ္ဝန္းရွိသည့္ ရွင္သီဝလိေတာရေက်ာင္းဝင္းတြင္ ၂၀၁၆ ခုႏွစ္ သီတင္းကြၽတ္လျပည့္ေက်ာ္တစ္ရက္ေန႔မွစတင္ကာ ေက်ာက္ထပ္အကၡရာတင္၍ ဓမၼေစတီမ်ားအျဖစ္ တည္ထားလ်က္ရွိရာ ယခုအခါ အဆူ ၄၀၀ေက်ာ္တည္ရွိၿပီး လက္ရွိတြင္ တည္ထားမည့္ ဓမၼေစတီ ၁၃၅၀ အနက္ အဆူ ၇၀၀ ေက်ာ္အတြက္သာ အလႉရွင္မ်ား ရရွိထားျခင္းေၾကာင့္ ေစတီေတာ္ မ်ား အားလုံးၿပီးစီးရန္အတြက္ အလႉရွင္မ်ား လိုအပ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

ေ႐ႊတိဂုံ ပုံစံတူေစတီေအာက္ေျခရွိ မ႑ိဳင္ေလးမ်က္ႏွာတြင္ တရားေတာ္တစ္ပုဒ္ႏႈန္းျဖင့္ ေက်ာက္ထပ္အကၡရာတင္ ပူေဇာ္ထားျခင္းျဖစ္ကာ ေက်ာက္စာအျမင့္မွာေပမွာ ေျခာက္ေပရွိၿပီး ဓမၼေစတီ တဆူလုံး၏ အျမင့္မွာ ေအာက္ေျခမွ ထီးေတာ္အထိ ေပ ၂၀ အျမင့္ရွိကာ ထီးေတာ္ အခ်င္းဝိုင္းမွာ ၁၀ ေပရွိၿပီး ဓမၼေစတီတစ္ဆူကို ေငြက်ပ္သိန္း ၇၀ ကုန္က်ေၾကာင္းသိရသည္။

ဓာတ္ပုံ- ေဇာ္ေဇာ္/ဧရာဝတီ

About the author

Aung Lay

Leave a Comment