Cele News Video

အနယ်နယ်အရပ်ရပ်က ပရိသတ်တွေပေးတဲ့ SURPRISE လက်ဆောင်ကြောင့် အရမ်းပျော်ရွှင်နေရကြောင်း LIVE လွှင့်ပြီးပြသခဲ့တဲ့ ဖွေးဖွေး

Written by Aung Lay

နိုင်ငံကျော် အကယ်ဒမီများရှင် မင်းသမီးချောလေး ဖွေးဖွေးက သရုပ်ဆောင်ပြီး ကျရာဇာတ်ရုပ်အတိုင်း စိတ်ရောကိုယ်ပါ ပြောင်းလဲပြီး သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမရဲ့ ထူးချွန်တဲ့ သရုပ်ဆောင်မှုကြောင့် အနုပညာသက်တမ်း(၁၀) နှစ်အတွင်း အကယ်ဒမီဆု သုံးဆုတိတိကို ဆွတ်ခူးရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖွေးဖွေးကလည်း သူမရဲ့ ပရိသတ်တွေ အားပေးရကျိုးနပ်ဖို့အတွက် အသစ်အသစ်သော အနုပညာလှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေလျက်ရှိပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ ဖွေးဖွေးက ဒီနေ့မှာတော့ သူမရဲ့ အမာခံပရိသတ်တွေကြောင့် အရမ်းပျော်ရွှင်နေရတာကို တွေ့ရပါတယ်။ ဖွေးဖွေးက သူမရဲ့ ပရိသတ်တွေဆီက ရရှိခဲ့တဲ့ Surprise လက်ဆောင်ကြောင့် အရမ်းပျော်ပြီး ပရိသတ်တွေ စိတ်ချမ်းသာစေဖို့အတွက် အခုလိုပဲ Live လွှင့်ခဲ့တာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးကတော့ ပရိသတ်တွေ မေတ္တာနဲ့ပေးတဲ့ လက်ဆောင်တွေကြားမှာ ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချစ်ခံ ဂရုစိုက်ခံရလွန်းတဲ့ ဖွေးဖွေးကိုကြည့်ပြီး အားကျနေမယ် ထင်ပါတယ်နော်။

 

Source: Phway Phway’s fb

Zawgyi




Source: Phway Phway’s fb

About the author

Aung Lay

Leave a Comment