အနုပညာမောင်နှမတွေဖြစ်ကြတဲ့ နေတိုးနဲ့ ခင်ဇာခြည်ကျော် တို့ကတော့ ဆယ်စုနှစ်တွေ ကမက အောင်မြင်လာခဲ့ကြတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တွေပဲ ဖြစ်ပါတယ်..။
ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်လာတဲ့ သူတို့နှစ်ယောက်ကတော့ ယနေ့အချိန်မှာလည်း ထိပ်တန်းစာရင်းဝင် အောင်မြင်နေကြသူတွေပါပဲ..။
ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်အကယ်ဒမီ မင်းသမီးချောခင်ဇာခြည် ကျော် ကတော့ ဒီကနေ့ ဇွန်လ(၁၅)ရက်နေ့မှာပဲ မွေးနေ့ကျရောက်လာပါတယ်နော်..။
ဒီကနေ့လေးမှာ မွေးနေ့ကျရောက်လာတဲ့ ခင်ဇာခြည်ကျော်အတွက် နေတိုးကလည်း မွေးနေ့ဆုတောင်လေး တောင်းကာ မွေးနေ့လေးကို ဂုဏ်ပြုထားပါတယ်နော်..။
ဗီဒီယိုဖိုင်လေးနဲ့ မွေးနေ့ဆုတောင်းပေးထားတဲ့ နေတိုးကို ကျေးဇူးတင်စကားလေး ဆိုထား သလို မွေးနေ့ဆုတောင်းဗီဒီယိုဖိုင်လေးကိုလည်း ခင်ဇာခြည်ကျော်က ပြန်လည်မျှဝေထားပါ သေးတယ်နော်..။
ကဲ ပရိသတ်ကြီးရေ.. ဒီကနေ့ရဲ့ မွေးနေ့ရှင်လေးဖြစ်တဲ့ ခင်ဇာခြည်ကျော်အတွက် ပရိသတ် တွေလည်း ဆုတောင်းစကားလေးတွေနဲ့ ဂုဏ်ပြုလိုက်ကြထားကြတာလည်း တွေ့ရပါတယ် နော်..။
Source & Photo Credit – Khin Zarchi Kyaw’s FB Account & Tik Tok
Zawgyi