Cele News
အစားမလျှော့တာတောင် အပျိုလေး အတိုင်းလှသထက်လှလာတဲ့ မေေ မမိုးယုစံ
Written by Aung Lay
ပရိသတ်ကြီးရေ မိုးယုစံတော့ အိမ်ထောင်ကျပြီး သားသားလေး Austin ကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်ကစပြီး အနုပညာအလုပ်တွေကိုရပ်နားခဲ့ကာ မိသားစုနဲ့ပဲ အချိန်တွေကုန်စေခဲ့သူလေးပါ။ ဗီဒီယိုကားတွေ ခေတ်ထဲက မိုးယုစံရဲ့ ရုပ်ရှင်ဇာတ်ကားတွေကို အမျိုးသားပရိသတ်တွေသာမက လူကြီးလူငယ်မရွေးအားပေးခဲ့ကြတာလို့ ဆိုရမှာပါ။ သူမရဲ့ အသံဝဲဝဲလေးက ပရိသတ်တွေကိုဖမ်းစားထားနိုင်တာဖြစ်ပြီး သူမအသံလေးကြားလိုက်တာနဲ့ မိုးယုစံလို့ သိနိုင်တဲ့ ထူးခြားတဲ့ အသံပိုင်ရှင်လေးပဲ ဖြစ်ပါတယ်။
နောက်ထပ် သူမဟာ ဒိတ်ဒိတ်ကြဲမင်းသားတွေပါဝင်ဖွဲ့စည်းထားတဲ့ နှင်းဆီအငြိမ့် သဘင်ရဲ့ ပင်တိုင်စံမင်းသမီးတွေထဲက တစ်လက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ရပ်နားခဲ့တဲ့အ ချိန်အတွင်းမှာလည်း ပရိသတ်တွေနဲ့အဆက်အသွယ်ပြတ်သွားခြင်းမရှိဘဲ သူမရဲ့ လှုပ်ရှားမှုေ တွကို လူမှုကွန်ရက်စာမျက်နှာထက်မှာ ဝေမျှလေ့ရှိပါသေးတယ်။ သားလေးကို ပိုင်ဆိုင်ခဲ့တဲ့အ ချိန် မှာလည်း ပရိသတ်တွေက သူမကိုသာမက သူမရဲ့ကိုယ်ပွားလေးကို သည်းသည်းလှုပ်ချစ်ေ ပးကြတာပါ။
လက်ရှိမှာတော့ မေမေမိုးယုကတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လာပြီလို့ဆိုရ မှာပါ။ ကလေးအမေလို့ မထင်ရလောက်အောင်လှပလွန်းတဲ့သူမကတော့” အစားလေးတစ်ရက် မစားပဲလျော့ပါတယ် နောက်နေ့ကျ စားချင်တာတွေအရမ်းများပီး လူက ဂနာမငြိမ် ဟိုဟာစား ချင် ဒီဟာစားချင်ဖြစ်ပီး စားရော ဘာမှမထူးပါဘူး”ဆိုတဲ့စာလေးနဲ့ အစာလျှော့လို့မရကြောင်း ရင်ဖွင့်လာတာပါ။ အစားမလျှော့တာတောင် အပျိုစင်လေးလိုလှနေတဲ့ မေမေမိုးယုကတော့ တစ်သားမွေးတ်သွေးလှဆိုတဲ့ စကားနဲ့ကွက်တိပါပဲနော်။ ပရိသတ်ကြီး ည်း သားလေးရရှိနေတာတောင် အပျိူလေးအတိုင်းလှနေတဲ့မိုးယုကို ချစ်ရင်မှတ်ချက်ပေးခဲ့ ပါဦးနော်။
Source : Moe Yu San
Zawgyi
Source : Moe Yu San
About the author
Aung Lay
Leave a Comment