Cele News

အိမ်ပြန်ခေါ်လာပေမယ့် သတိလစ် မေ့မျောနေပြီး စိုးရိမ်နေရတဲ့ ဦးမန်း ဝင်းဆီ သွားရောက်အားပေးခဲ့ကြတဲ့ မတ်တူးနဲ့ ဂွမ်းပုံကြီး

Written by Aung Lay

ပရိသတ်ကြီးရေ.. ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်စေခဲ့တဲ့ ဦးမန်း ဝင်းကတော့ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ခွဲစိတ်မှုတွေ ပြုလုပ်ထားရပြီး လတ်တလော ကျန်းမာရေးအခြေအနေကတော့ စိတ်ပူနေရပြီဖြစ်ပါတယ်နော်..။

ခွဲစိတ်မှုတွေ ပြုလုပ်ပြီး (၁၀)ရက်ကျော်ကြာ သတိပြန်မလည်လာသေးတဲ့ ဦးမန်းဝင်းကိုတော့ ဒီကနေ့လေးမှာတော့ နေအိမ်ကို ပြန်ခေါ်လာခဲ့ကြပြီး အနုပညာမောင်နှမတွေဖြစ်ကြတဲ့ မတ်တူးနဲ့ ဂွမ်းပုံကြီးတို့ကလည်း ဦးမန်းဝင်းဆီ သွားရောက် ကြည့်ရှု့ခဲ့ကြပါတယ်နော်..။

အန်တီဂွမ်းကြီးနဲ့ အန်တီတူးတို့ကတော့ အိပ်ယာထဲ ရက်အတော်ကြာ သတိလစ်မေ့မျောနေ တဲ့ ဦးမန်းဝင်းကို ကြည့်ပြီး စိတ်မကောင်းဖြစ်ကြသလို မိသားစုဝင်တွေအတွက်လည်း အား ပေးစကားလေးတွေလည်း ပြောရင်း စိတ်မကောင်းဖြစ်လို့ နေပါတယ်နော်..။

အခုလို ဖခင်ဖြစ်သူကို တကူးတက လာရောက်ကြည့်ရှု့ကာ အားပေးနေကြတဲ့ မတ်တူးနဲ့ ဂွမ်းပုံကြီးတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း “အန်တီတူးနဲ့ အန်တီဂွမ်းကြီးတို့ကဖေကြီးအိမ်ကို လာပြီးနှိုးနေကြတယ်..” ဆိုပြီး ချမ်းသာမန်းဝင်းက ပရိသတ်တွေကို မျှဝေထားတာ ဖြစ်ပါ တယ်နော်..။

“ဖေကြီး နှလုံးခုန်နေသေးတယ် အသက်ရှူနေသေးတယ်ခုထိတောင့်ခံထားနိုင်တယ်နော်..” ဆိုပြီးတော့လည်း သတိမရသေးပေမယ့် နှလုံးခုန်နေသေးတဲ့ ဦးမန်းဝင်းအတွက် သမီးဖြစ် သူရဲ့ ပြောစကားလေးကိုလည်း အားလုံးကလည်း စိတ်မကောင်းဖြစ်နေကြတာပါ..။

ပရိသတ်တွေအားလုံးကလည်း ဦးမန်းဝင်းအတွက် ဆုတောင်းစကားလေးတွေ ဆိုထားကြသ လို မိသားစုဝင်တွေအတွက်လည်း အားပေးစကားလေးတွေ ဆိုထားကြတာေ တွေ့ရပါတယ် နော်..။

Source & Photo Credit – Man Win’s Fb Acc & Chan Thar Mann Win’s Fb Account

Zawgyi








About the author

Aung Lay

Leave a Comment