လူရွှင်တော်ကြီးဦးမန်းဝင်းဟာဦးနှောက်သွေးယိုစိမ့်မှုကြောင့်ခွဲစိတ်ပြီးတဲ့နောက်ပိုင်း
လုံးဝသတိပြန်မရလာတော့လို့စိုးရိမ်ဖွယ် အနေအထားနဲ့ရင်ဆိုင်နေရပါပြီ…
ဦးမန်းဝင်းရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်ပြီးဇနီးဖြစ်သူ ဒေါ်ခင်အေးကြူကဦးမန်းဝင်း
အခုလိုဖြစ်ခဲ့ရတာသူမရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့်ဖြစ်တယ်လို့ရင်နင့်စွာအခုလိုပြောဆိုလာပါတယ်….
နောက်ဆုံးအချိန်ကိုတော့ရင်ဆိုင်နေရပြီလို့ထင်တာပါပဲမပြောချင်ဘူးအရမ်းဝမ်းနည်းတယ်ဦးဆောင်ပြီး
လုပ်နေရတဲ့အန်တီ့မှာအပြစ်ရှိပါတယ်သူ (ဦးမန်းဝင်း)အခုလိုဖြစ်သွားတာအန်တီဆုံးဖြတ်ချက်မှားသွားလို့
သားသမီးတွေကအဖေကိုကောင်းစေချင်လို့ခွဲပေမယ့်အန်တီကမခွဲစိတ်ဘူးလို့ပြောရင်
အန်တီ့ကိုကျော်ပြီးဇွတ်မလုပ်ကြပါဘူး…
ဦးမန်းဝင်းအခုလိုဖြစ်သွားတာအန်တီ့ကြောင့်ပါအန်တီဆုံးဖြတ်ချက်မှားသွားတယ်အကြီးကြီးဆုံးရှုံးရတော့မယ်
အန်တီအရမ်း ကြောက်တဲ့ကိုမာကအန်တီ့ဆီရောက်လာတာအဆုတ်ကလေးကတော့
အသက်ရှူနေတယ်တစ်ညတော့ ဖြတ်သန်းခဲ့ပြီပေါ့နော်အောက်ဆီဂျင်အိုးလေးနဲ့နောက်ဘယ်နှစ်ညတော့
အန်တီအန်တုနိုင်အုံးမလဲမသိပါဘူးလို့ဇနီးဖြစ်သူဒေါ်ခင်အေးကြူက8Days TV ကို ပြောပါတယ်…
ဝမ်းနည်းစွာပြောဆိုနေတဲ့အန်တီဒေါ်ခင်အေးကြူရဲ့ဗီဒီဖိုင်ကိုကြည့်ပြီးအားလုံးကစိတ်မကောင်းဖြစ်နေကြပါတယ
်ဦးမန်းဝင်းရဲ့ ကျန်းမာရေးအတွက်အမြန်ဆုံးပြန်လည်ကောင်းမွန်လာအောင် ဆုတောင်းပေးခဲ့ ကြပါအုံးနော်….
Zawgyi