Unicode
ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်စမိုင်းလ်က လက်ရှိဖြစ်ပွားနေတဲ့ covid 19နဲ့ ပတ်သက်ပြီး အသက်ရှုစက်တစ်လုံးကို မွန်မြတ်တဲ့ စေတနာတွေနဲ့ တကယ်လိုအပ်နေတဲ့ နေရာမှာလှူဒါန်းချင်ပါတယ်ဆိုပြီး ပြောပြလာခဲ့ပါတယ်။ အဆိုပါစက်ကို မှာယူထားပြီးဖြစ်ပြီး ရောဂါအများဆုံးဖြစ်နေပြီး တကယ်လိုအပ်တဲ့နေရာကိူ လှူမယ်လို့လဲ ရေးသားခဲ့ပါတယ်။
သူပြောခဲ့တာက ” အသက်ရှူစက်လှူချင်ပါတယ် အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးနေရာ ဘယ်နေရာဖြစ်မလဲဟင်? စက်ကမှာထားရပါတယ်တစ်ပတ် ၁၀ရက်ကြာရင်ရမယ်ပြောပါတယ်။ အခုတော့လူဦးရေအများဆုံးနဲ့ ရောဂါအများဆုံးဖြစ်နေတဲ့ ရန်ကုန်ကိုပဲလှူလိုက်ပါ့မယ် ”
“နယ်တွေကအရေးလူနာတွေကိုလည်းရန်ကုန်သို့ပို့ဆောင်ကုသနေတယ်ကြားတော့ ရန်ကုန်ကပိုလိုအပ်မယ်ထင်လို့ပါ။ အားလုံးနားလည်ပေးစေလိုပါတယ်နော် 🙏🏼 အခုထပ်ပိုလှူနိုင်အောင်လည်းကြိုးစားပါ့မယ်ရှင့်🙏🏼”လို့ ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားခဲ့ပါတယ်။
စမိုင်းလ်ဟာ ပရိသတ်အားကျရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ကားကြီးတွေလဲ ရိုက်ကူးလာတာကိုတွေရပါတယ်။စမိုင်းလ် ကဘာသာရေးလဲ များစွာလုပ်ဆောင်တဲ့အပြင် အလှူအတန်းမှာလဲလက်မနှေးသူဖြစ်ပါတယ်။ ယခုလို လိုအပ်တာတွေ ကူညီလှူဒါန်းတဲ့ စမိုင်းလ် တို့ မိသားစုအတွက် ဆုတောင်းပေးလိုက်ကြပါအုံးနော်။
May (cctv)
Source – smile’sfb