ပရိသတ်ကြီးရေ သရုပ်ဆောင်၊အဆိုတော်တစ်ယောက်ဖြစ်တဲ့ ထွန်းထွန်းဟာဆိုရင် ဟိုးအ ရင်အချိန်ကတည်းက (Examplez)အဖွဲ့ဆိုပြီး သီချင်းလေးတွေများစွာသီဆိုခဲ့တာဖြစ် ပါ တယ်။ ထွန်းထွန်းတို့အဖွဲ့ က အဲ့ဒီခေတ်တုန်းကဆိုရင် အရမ်းအောင်မြင်ခဲ့ပြီး နှုတ်ခမ်းနီမ လေး တွေသည်းသည်းလှုပ်အားပေးခဲ့ရတာပါနော်။ထွန်းထွန်းက နောက်ပိုင်းမှာဆိုရင် ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာဖြစ်ပါတယ်။
လူငယ်ပီပီ အားသွန်ခွန်စိုက်ကြိုးစားအားထုတ်မှုတွေကြောင့် အခုချိန်မှာဆိုရင်တော့ အက ယ် ဒမီထွန်းထွန်း ဆိုတဲ့ နာမည်တစ်လုံးနဲ့ရပ်တည်နေတာဖြစ်ပါတယ် ။ထွန်းထွန်းရဲ့လက် ဦးဆရာဖြစ်တဲ့ အကယ်ဒမီကျော်ဟိန်းဟာဆိုရင် အနုပညာလောကမှာ လျှမ်းလျှ မ်းတော က်အောင်မြင်ခဲ့တဲ့သူပါနော်။အခုချိန်မှာဆိုရင်တော့ ဦးကျော်ဟိန်းက တရားဘောင်သို့ ရာသက်ပန်ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။
အခုဆိုရင်တော့ ထွန်းထွန်းက”ထွန်းထွန်း(Examplez)သရုပ်ဆောင်ဘဝရဲ့ ပထမ ထာဝရ လက်ဦးဆရာ”ဆိုပြီး ဦးကျော်ဟိန်းရဲ့ပုံလေးတွေကို သတိတရနဲ့မျှဝေလာတာဖြစ်ပါ တယ်။ အခုလို ဆရာသမားကို အမြဲဦးထိပ်ထားပြီး ကျေးဇူးသိတတ်လို့ ထွန်းထွန်းရဲ့စိတ်ဓာတ်လေးက လေးစားစရာပါနော်။ချောမောခန့်ညားပြီး တစ်ခေတ်မှာအရမ်းအောင်မြင်ခဲ့တဲ့ ဦးကျော်ဟိန်း ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source&Photo Credit:Htin Aung Tun’s Facebook Account
Zawgyi