စိတ်သောကေ ရာက်နေ တဲ့ ထက်ထက် ကို ဆေးရုံ မှာ ကိုယ်တိုင်ကိုယ် ကျ သွား အားပေး ခဲ့ တဲ့ ဒီဇိုင်နာမျိုးမင်းစိုး
လတ်တလော မှာတော့ ပရိသတ်ရဲ့အချစ်တော် ထက်ထက်ရဲ့ ဖခင်ဖြစ်သူ လေဖြတ်လို့ မန္တလေးမှာဆေးရုံတင်ထားရတာကို ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ အလုပ်တွေရပ်နားထားဆဲ အချိန်မို့ ထက်ထက်ကတော့ ဖခင်ဘေးမှာ အနီးကပ်ပြုစုစောင့်ရှောက်ခွင့်ရခဲ့ပြီး ဖခင်ဖြစ်သူ အမြန်ဆုံးနေပြန်ကောင်းလာဖို့လည်း ဆုတောင်းပေးလျက်ရှိပါတယ်။
စိတ်ပူပင်သောကရောက်နေတဲ့ ထက်ထက်ကိုတော့ ဒီဇိုင်နာမျိုးမင်းစိုးက မနေ့က သူကိုယ်တိုင် သွားပြီး အားပေးစကားပြောကြားခဲ့ပါတယ်။ “ထက်ထက်ရဲ့အဖေနေမကောင်းလို့ဒီနေ့ဆေးရုံသွားပြီးအားပေးဖြစ်တယ်။ ထက်ထက်ကနေမကောင်းနေပေမယ့် အဖေကိုကိုယ်တိုင်ပြုစုနေတာလေးတွေတွေ့ရတော့ ရင်ထဲစိတ်မကောင်းတော်တော်ဖြစ်ရတယ်” ဆိုပြီး ထက်ထက်ကို သွားရောက်အားပေးရင်း နေမကောင်းဖြစ်နေတဲ့ ထက်ထက်မိုးဦးရဲ့ အခြေအနေကိုပါ မျှဝေခဲ့ပါတယ်။
သူတို့နှစ်ဦးကတော့ ဟိုးအရင်အချိန်ကတည်းက အလုပ်တွေအတူတူ တွဲလုပ်ခဲ့ကြတဲ့အပြင် မကြာခဏဆိုသလိုလည်း Tik Tok ဗွီဒီယိုလေးတွေ အတူရိုက်ကူးပြီး မျှဝေလေ့ရှိပါတယ်။ သူငယ်ချင်းကောင်းတွေပီပီ အတူတူလည်း ပျော်ကြသလို တစ်ယောက်ဝမ်းနည်းနေတဲ့အချိန်မှာလည်း တစ်ယောက်က သွားရောက်အားပေးခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ.. ထက်ထက်ရော ထက်ထက်ဖေဖေရော အမြန်ဆုံးနေပြန်ကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source – Myo Minn Soe
Zawgyi
Source – Myo Minn Soe