ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံက ပရိသတ်တွေသာမက အာရှတစ်ခွင်မှာပါအောင်မြင်ကျော်ကြားနေသူ ဖြစ်ပြီးဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် မော်ဒယ်လ်မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း အမာခံပရိသတ်တွေအခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့သူပါ။
ဒီနေ့မှာတော့ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ မိုးဟေကိုနဲ့ တွဲဖက်ကာ ရိုမန့်ဆန်ဆန်ရိုက်ကူးထားတဲ့ အမိုက်စားပုံရိပ်တွေကို ဝေမျှခဲ့တာပါ။ အနုပညာခြေလှမ်းတွေအရင်ကထက်ကျဲသွားပြီဖြစ်တဲ့ မိုးဟေကိုနဲ့တွဲဖက်ရိုက်ကူးထားတဲ့ပိုစ့်အောက်မှာ မိန်းကလေးပရိသတ်တွေကတော့ မိုးဟေကိုနေရာမှာ အစားဝင်ချင်တယ်လို့မှတ်ချက်ပေးနေကြတာပါ။
ယောကျာ်းလေးပရိသတ်တွေကတော့ မိုးရဲ့အလှကိုချီးမွှမ်းပြီး ပိုင်တံခွန်နေရာမှာ သူတို့ဖြစ်ချင်ကြောင်း မှတ်ချက်တွေအပြိုင်အဆိုင်အလုအယက်ပေးနေကြတာပါ။ ပရိသတ်ကြီးထဲမှာရောပိုင်တံခွန်နဲ့မိုးဟေကို ရဲ့ ပရိသတ်တွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။
Source: PaingTakhon
Zawgyi
Source: PaingTakhon