စား လို့ရပါသေးတယ် ဆိုပြီး လမ်းပေါ် မှာပြန့်ကျဲေ န တဲ့ ဆန်တွေ ကို ပြန်ကောက်နေခဲ့တဲ့ အလုပ်သမားတစ်ဦးရဲ့အဖြစ်
ယခု လိုအသွားအလာကန့်သတ်ထိန်းချုပ်ထားတဲ့အချိန်မျိုးမှာလူအတော်များများကနေအိမ်အတွင်း၌သာနေထိုင်ပြီးအနားယူနေကြပေမဲ့လည်းအချို့သောတစ်နေ့လုပ်မှတစ်နေ့စားရတဲ့လူတွေကတော့အချိန်ကြာလာတာနဲ့အမျှ အလုပ်လက်မဲ့ဖြစ်နေခဲ့လို့ အဆင်မပြေမှုတွေ တစ်ရက်ထက်တစ်ရက်တိုးလာခဲ့ပါတယ် ။
ဒီတစ်ခေါက်မှာလည်းမလေးရှားနိုင်ငံမှာသွားရောက်အလုပ်လုပ်ကိုင်နေတဲ့နိုင်ငံခြားအလုပ်သမားတစ်ဦးဟာဆန်ထည့်ထားသောကျွတ်ကျွတ်အိတ်ပေါက်ပြဲသွားခဲ့လို့လမ်းပေါ်ပြန့်ကျဲသွားခဲ့တဲ့ဆန်တွေကိုပြန်ကောက်ထည့်နေခဲ့တဲ့ဓာတ်ပုံဟာFacebookစာမျက်နှာပေါ်မှာအတော်လေးကြည့်ရှုသူများနေခဲ့ပါတယ်အဆိုပါအမျိုးသားဟာသူ့ရဲ့အဖြစ်ကိုအတော်လေးစိတ်မကောင်းဖြစ်နေပုံရပြီးသူ၏နှုတ်ကနေအဆင်ပြေပါတယ်ငါဒါတွေရေပြန်ဆေးလို့ရတယ် ဒီဆန်တွေကစားလို့ရပါသေးတယ်ဆိုပြီးတော့လည်း ရေရွတ်နေခဲ့ကြောင်းဖော်ပြထားပါတယ် ။
ထို့ကြောင့်အချို့သောသူများကလူတွေကဆင်းရဲနေပါစေချမ်းသာနေပါစေဆာလောင်နေရင်အကုန်လုံးကအတူတူပါပဲဆိုပြီးတော့လည်းဝေဖန်သုံးသပ်ချက်များရေးသားခဲ့ကြပါတယ်
ထို့ကြောင့် ယခုလိုအချိန်တွေမှာနိုင်ငံခြားအလုပ်သမားတွေသာမက ည်တွင်းရှိဆင်းရဲလွန်းလှတဲ့ပြည်သူများဟာလည်းအလုပ်လက်မဲ့ဖြစ်နေခဲ့လို့ယခုလိုအခက်အခဲမျိုးကြုံတွေ့နေရသူများပြားစွာရှိနေကြောင်းမလေးရှားနိုင်ငံရှိလူအများစုကမျိုးစုံသုံးသပ်ရေးသားခဲ့ကြပါသေးတယ် ။
Zawgyi