News

မြန်မာနိုင် ငံသားတွေ ငါတို့နိုင်ငံ ကို အလုပ်လာမလုပ်တော့ နဲ့ လို့ ပြောလိုက်တဲ့ ထိုင်းအစိုးရ

Written by Aung Lay

မြန်မာနိုင် ငံသားတွေ ငါတို့နိုင်ငံ ကို အလုပ်လာမလုပ်တော့ နဲ့ လို့ ပြောလိုက်တဲ့ ထိုင်းအစိုးရ

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများ ကန်ဒေါ်လာတစ်သိန်းတန် ကျန်းမာရေး အာမခံပြရမည်မိမိအစီအစဉ်ဖြင့် Quarantine ၁၄ ရက်ကြာ ဝင်ရမည်ဟုဆို

COVID-19 ရောဂါ ကာလအတွင်း ထိုင်းနိုင်ငံသို့သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအနေဖြင့် တစ်ဦးလျှင် အမေရိကန်ဒေါ်လာတစ်သိန်း တန်ဖိုးရှိသည့် ကျန်းမာရေးအာမခံပြရမည်ဟု ထိုင်းအစိုးရက သတ်မှတ်လိုက်သည်။

မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့ဝင်ရောက်ခွင့်လျှောက်ထားပါက အလုပ်လုပ် ကိုင်ခွင့်လက်မှတ်(သို့မဟုတ်)ထိုင်းအစိုးရ အေဂျင်စီက ထုတ်ပေးသည့်ခွင့်ပြုချက်စာမိတ္တူပြသ ရမည်ဟု ဆိုသည်။

ထို့အပြင် COVID-19 ရောဂါ ကုသမှုအပါအဝင် ဆေးကုသ စရိတ်အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်သိန်းရှိကျန်းမာရေးအာမခံပြသရမည်ဟု ထိုင်းအစိုးရက သတ်မှတ်ထားကြောင်း အလုပ်သမား၊

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးရုံးက ထိုင်းနိုင်ငံသို့အလုပ်သမားစေလွှတ်သည့် အေဂျင်စီများကို အသိပေးထားသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိပါက လည်း အစိုးရမှသတ်မှတ်ထား သည့်နေရာတွင် မိမိစရိတ်ဖြင့် Quarantine ၁၄ ရက်ဝင်ရမည် ဟုလည်း ဆိုသည်။

သတ်မှတ်ချက်တွေက ပြည်ပအလုပ်သမား အဝင်လက် မခံသေးဘူးဆိုတဲ့ သဘောပဲ။ ဘယ်အလုပ် သမားမှဒေါ်လာ တစ်သိန်းကျန်းမာရေးအာမခံပြ နိုင်မှာမဟုတ်သလို စေလွှတ်မယ့် အေဂျင်စီတွေလည်း စိုက်ထုတ် ပေးနိုင်မှာမဟုတ်ဘူး။ ဒါက COVID ကာလအတွင်း ထိုင်း အစိုးရက မူတစ်ခုအနေနဲ့ညွှန် ကြားတာဖြစ်လို့ ရောဂါအခြေအ နေတွေ ပြန်တည်ငြိမ်ရင်ဖြေ လျှော့ပေးလာမယ်ထင်တယ်ဟု ရွှေမန္တလေး ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာဦးသန်းထွဋ်ဦးက ပြော သည်။

ထိုင်းနိုင်ငံမှ လက်ရှိသတ် မှတ်ချက်များအရ မြန်မာအလုပ် သမားမှာ ယင်းညွှန်ကြားချက် များအတိုင်း လိုက်နာနိုင်မည် မဟုတ်၍ သွားရောက်လုပ်ကိုင် မည့်သူမရှိနိုင်ဟု အေဂျင်စီလုပ် ငန်းရှင်များက သုံးသပ်သည်။ မရှိလို့ ဝန်ဆောင်ခသက် သာတဲ့ နိုင်ငံသွားလုပ်ပါမယ်ဆို မှဒေါ်လာတစ်သိန်းဘယ်တတ်နိုင်မလဲ။ အဲဒီလောက်ရှိနေမှတော့သွားလုပ်တော့မလားဟု ထိုင်း နိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် စောင့်ဆိုင်းနေသည့် ကိုမြင့်စိန်က ပြောသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင် ငံ၌ မြန်မာအလုပ်သမားဦးရေ နှစ် သန်းကျော် တရားဝင်ရောက်ရှိ လုပ်ကိုင်လျက်ရှိသည်။ ကမ္ဘာ တစ်ဝန်း COVID-19 ရောဂါဖြစ် ပွားပြီးနောက် သောင်းနှင့်ချီသော ထိုင်းရောက်မြန်မာ အလုပ်သမား များပြည်တွင်းသို့ပြန်လည်ဝင်လာ သည်။ မြန်မာအစိုးရအနေဖြင့် လည်း ထိုင်းအပါအဝင်အခြားနိုင် ငံသို့ အလုပ်သမားစေလွှတ်မှုရပ် ဆိုင်းခြင်းကို မေလကုန်အထိအ ချိန် ထပ်တိုးထားသည်။

 

Zawgyi

ျမန္မာနိုင္ ငံသားေတြ ငါတို႔နိုင္ငံ ကို အလုပ္လာမလုပ္ေတာ့ နဲ႕ လို႔ ေျပာလိုက္တဲ့ ထိုင္းအစိုးရ

ထိုင္းနိုင္ငံသို႔ သြားေရာက္လုပ္ကိုင္မည့္ ျမန္မာလုပ္သားမ်ား ကန္ေဒၚလာတစ္သိန္းတန္ က်န္းမာေရး အာမခံျပရမည္မိမိအစီအစဥ္ျဖင့္ Quarantine ၁၄ ရက္ၾကာ ဝင္ရမည္ဟုဆို

COVID-19 ေရာဂါ ကာလအတြင္း ထိုင္းနိုင္ငံသို႔သြားေရာက္လုပ္ကိုင္မည့္ အလုပ္သမားမ်ားအေနျဖင့္ တစ္ဦးလွ်င္ အေမရိကန္ေဒၚလာတစ္သိန္း တန္ဖိုးရွိသည့္ က်န္းမာေရးအာမခံျပရမည္ဟု ထိုင္းအစိုးရက သတ္မွတ္လိုက္သည္။

ျမန္မာလုပ္သားမ်ားအေနျဖင့္ ထိုင္းနိုင္ငံသို႔ဝင္ေရာက္ခြင့္ေလွ်ာက္ထားပါက အလုပ္လုပ္ ကိုင္ခြင့္လက္မွတ္(သို႔မဟုတ္)ထိုင္းအစိုးရ ေအဂ်င္စီက ထုတ္ေပးသည့္ခြင့္ျပဳခ်က္စာမိတၱဴျပသ ရမည္ဟု ဆိုသည္။

ထို႔အျပင္ COVID-19 ေရာဂါ ကုသမႈအပါအဝင္ ေဆးကုသ စရိတ္အနည္းဆုံး အေမရိကန္ေဒၚလာ တစ္သိန္းရွိက်န္းမာေရးအာမခံျပသရမည္ဟု ထိုင္းအစိုးရက သတ္မွတ္ထားေၾကာင္း အလုပ္သမား၊

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန ဝန္ႀကီး႐ုံးက ထိုင္းနိုင္ငံသို႔အလုပ္သမားေစလႊတ္သည့္ ေအဂ်င္စီမ်ားကို အသိေပးထားသည္။

ထိုင္းနိုင္ငံသို႔ ေရာက္ရွိပါက လည္း အစိုးရမွသတ္မွတ္ထား သည့္ေနရာတြင္ မိမိစရိတ္ျဖင့္ Quarantine ၁၄ ရက္ဝင္ရမည္ ဟုလည္း ဆိုသည္။

သတ္မွတ္ခ်က္ေတြက ျပည္ပအလုပ္သမား အဝင္လက္ မခံေသးဘူးဆိုတဲ့ သေဘာပဲ။ ဘယ္အလုပ္ သမားမွေဒၚလာ တစ္သိန္းက်န္းမာေရးအာမခံၿပ နိုင္မွာမဟုတ္သလို ေစလႊတ္မယ့္ ေအဂ်င္စီေတြလည္း စိုက္ထုတ္ ေပးနိုင္မွာမဟုတ္ဘူး။ ဒါက COVID ကာလအတြင္း ထိုင္း အစိုးရက မူတစ္ခုအေနနဲ႔ညႊန္ ၾကားတာျဖစ္လို႔ ေရာဂါအေျခအ ေနေတြ ျပန္တည္ၿငိမ္ရင္ေၿဖ ေလၽွာ့ေပးလာမယ္ထင္တယ္ဟု ေရႊမႏၲေလး ျပည္ပအလုပ္အကိုင္ ရွာေဖြေရးေအဂ်င္စီမွ မန္ေနဂ်င္း ဒါရိုက္တာဦးသန္းထြဋ္ဦးက ေျပာ သည္။

ထိုင္းနိုင္ငံမွ လက္ရွိသတ္ မွတ္ခ်က္မ်ားအရ ျမန္မာအလုပ္ သမားမွာ ယင္းၫႊန္ၾကားခ်က္ မ်ားအတိုင္း လိုက္နာနိုင္မည္ မဟုတ္၍ သြားေရာက္လုပ္ကိုင္ မည့္သူမရွိနိုင္ဟု ေအဂ်င္စီလုပ္ ငန္းရွင္မ်ားက သုံးသပ္သည္။ မရွိလို႔ ဝန္ေဆာင္ခသက္ သာတဲ့ နိုင္ငံသြားလုပ္ပါမယ္ဆို မွေဒၚလာတစ္သိန္းဘယ္တတ္နိုင္မလဲ။ အဲဒီေလာက္ရွိေနမွေတာ့သြားလုပ္ေတာ့မလားဟု ထိုင္း နိုင္ငံသို႔ သြားေရာက္လုပ္ကိုင္ရန္ ေစာင့္ဆိုင္းေနသည့္ ကိုျမင့္စိန္က ေျပာသည္။

လက္ရွိအခ်ိန္တြင္ ထိုင္းနိုင္ ငံ၌ ျမန္မာအလုပ္သမားဦးေရ ႏွစ္ သန္းေက်ာ္ တရားဝင္ေရာက္ရွိ လုပ္ကိုင္လ်က္ရွိသည္။ ကမၻာ တစ္ဝန္း COVID-19 ေရာဂါျဖစ္ ပြားၿပီးေနာက္ ေသာင္းႏွင့္ခ်ီေသာ ထိုင္းေရာက္ျမန္မာ အလုပ္သမား မ်ားျပည္တြင္းသို႔ျပန္လည္ဝင္လာ သည္။ ျမန္မာအစိုးရအေနျဖင့္ လည္း ထိုင္းအပါအဝင္အျခားနိုင္ ငံသို႔ အလုပ္သမားေစလႊတ္မႈရပ္ ဆိုင္းျခင္းကို ေမလကုန္အထိအ ခ်ိန္ ထပ္တိုးထားသည္။

About the author

Aung Lay

Leave a Comment