Cele News

ကျောင်းစိမ်းဝတ်စုံလေးဆင်တူဝတ်ဆင်ပြီး ကျွန်တော်တို့ မိသားစုလေး ကို ချစ်ပေးကြပါလို့ တောင်းဆိုလိုက် တဲ့ ကိုပေါက်

Written by Aung Lay

အောင်မြင်လျက်ရှိနေတဲ့သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး တစ်ချိန်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကိုပေါက်ကတော့ ဇာတ်ကြမ်း ဇာတ် နုအပြင် ဟာသဇာတ်ရုပ်တွေမှာပါ ကျွမ်းကျင်ပိုင်နိုင်တဲ့ စွယ်စုံရအနုပညာရှင်တစ်ယော က်ပဲ ဖြစ်ပါတယ်။ ဟာသဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင်ပြုလုပ် ခဲ့တဲ့ ကိုပေါက်ကတော့ ဒါရိုက်တာအဖြစ်လည်း လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ယော က် ပဲဖြစ်ပါတယ်။

ဒါရိုက်တာအဖြစ် ဇာတ်ကားတွေများစွာအပြင်ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးခဲ့တဲ့ ကိုပေါက်ကတော့ ယနေ့အချိန်ထိ သရုပ်ဆောင်အလုပ်တွေကို လုပ်ကိုင်လျက်ရှိနေပြီး ပရိသတ်တွေကို အူတတ်အောင်ရယ်မောစေတဲ့ tiktokလေးတွေကို ဆော့ကစားလေ့ရှိပါ တယ်။အေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ ကိုပေါက်ကတော့ယခုမှာ ကျောင်း စိမ်းဝတ်စုံလေးဆင်တူဝတ်ဆင်ပြီး ကျွန်တော်တို့ မိသားစုလေးကို ချစ်ပေးကြပါလို့ တောင်း ဆိုလိုက်ပါတယ်။

ကိုပေါက်ကတော့ ” ကျွန်တော်တို့မိသားစုကိုချစ်ပေးပါနော် ကျောင်းတွေပြန်ဖွင့်တော့မယ်ဆို တော့ သားသားမီးမီးလေးတွေအားလုံးအန္တရယ်ကင်းဘေးရှင်းပြီး၊ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ပါစေ။ငယ်စဉ်ကလေးဘဝမှစ၍ ယခုအချိန်အထိသင်ကြားပေးခဲ့သော သင်ဆရာ မြင်ဆရာကြားဆရာ များအားလုံးကို ရိုသေစွာဖြင့်ကန်တော့ပါသည် ” ဆိုပြီး ကြည် နူးစရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသား ထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ကိုပေါက်တို့မိသားစုရဲ့ ကြည်နူးစရာပုံရိပ်လေး တွေ ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: Aung Min Naing ‘s facebook acc

Zawgyi





About the author

Aung Lay

Leave a Comment