Cele News
အခုလိုအချိန်မှာ အမေ့ကို ချက်ပြုတ်ကျွေးမွေး ပြုစုခွင့်ရနေတာကိုက ရတနာတစ်ပါးပါလို့ ဆိုလိုက်တဲ့ ရန်အောင်
Written by Aung Lay
Source & Photo Credit-Yan Aung’s FB
Unicode
ပြည်သူချစ်သရုပ်ဆောင် မင်းသားကြီးရန်အောင်ကတော့ အကယ်ဒမီဆုများစွာကို ဆွတ်ခူးရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ရန်အောင်က ယနေ့အချိန်အထိလည်း အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်ပြီး ပရိသတ်မေတ္တာကိုခံယူရရှိနေဆဲ ဖြစ်ပါတယ် ။ ရန်အောင်အနေနဲ့ တစ်ဖက်မှာလည်း သူချစ်ရတဲ့မိခင်ကြီးကို လုပ်ကျွေးပြုစုနေတာ ဖြစ်ပါတယ် ။
ရန်အောင်က မိခင်ကြီးကိုကြင်နာယုယမှုတွေပေးပြီး ပျော်ရွှင်နေတဲ့ပုံရိပ်တွေကို အမြဲတမ်းမျှဝေပေးလေ့ရှိတာ ဖြစ်ပါတယ် ။ ဒီနေ့မှာလည်း ရန်အောင်က “အမေကိုချစ်သူတိုင်း (မေမေရှိသည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ)ဓါတ်ပုံ စိန်ခေါ်မှုမှာပါဝင်ဖို့ဖိတ်ခေါ်ပါရစေ။ ဘာစာသားမှ မပါတဲ့ အမေဓါတ်ပုံသီးသန့်တစ်ပုံကို ဖော်ပြပေးပါ။Facebook မှာ စိုးရိမ်စရာ၊ ကြေကွဲစရာနဲ့ အပြစ်တင် အဆိုးမြင် ပို့စ်တစ်ချို့ တွေအစား ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံသွားရအောင်ပါ။သည်စာသားကို ကူးယူပြီး သင့်အမေဓါတ်ပုံတစ်ပုံနဲ့ပြန်တင်လိုက်ပါ။ #Credit
PS: ခုလိုချိန်မှာ မေမေ့ကို ချက်ပြုတ်ကျွေးမွေး ပြုစုခွင့်ရနေတာကိုက ရတနာ တစ်ပါး။ ဖေဖေ့ကို သေချာ ချက်ပြုတ် ပြုစုခွင့်မရလိုက်ခဲ့ပေမယ့် အမြဲသတိရ ဦးချလျှက်ပါဖေဖေ။မေမေ သက်ရှည် ကျန်းမာပါစေ။ညီမ တင်ဇာမော်ဆီက ယူလာတာပါ ကျေးဇူးပါ( Tin Zar Maw )” ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ် ။ မိခင်အပေါ်မှာထားတဲ့ ရန်အောင်ရဲ့စိတ်ဓာတ်ကတော့ လေးစားစရာကောင်းလှပါတယ်နော်။ ကဲ ချစ်ပရိသတ်တွေအတွက် ရန်အောင်တို့သားအမိရဲ့ကြည်နူးပီတိဖြစ်ဖွယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
About the author
Aung Lay
Leave a Comment