ရိုင်းစိုင်းစော် ကားပြီး အညှီအဟောက် ဆန်ဆန် အင်တာဗျူး ခဲ့ တဲ့ အမျိုးသမီး ကို ပညာသားပါပါ တုံ့ပြန်ခဲ့တဲ့ ရီရီပွင့်ဖြူ
မင်း သမီးချောလေး ရီရီပွင့်ဖြူကတော့တခေတ်တစ်ခါက Music Video တွေမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာအလုပ်တွေကို ကျောခိုင်းပြီး ကိုယ်ပိုင်ဘဝသစ်တစ်ခုမှာ လျှောက်လှမ်းနေတဲ့သူတစ်ယောက်ပါ ။ လတ်တလောမှာတော့ သတင်းဌာနတခုရဲ့ အင်တာဗျူးတဲ့မိန်းမ တစ်ယာက်က သူမ အမေကို သူမရဲ့ relationship အကြောင်းအတွေ လေစားမှုမရှိဘဲ စော်ကားတဲ့အသုံးအနှုန်းတွေနဲ့လာမေးသွာတဲ့အတွက်
ရီရီပွင့်ဖြူတစ်ယောက် လူမှုကွန်ရက်စာမျက်နှာကနေတဆင့် တုံ့ပြန်စကားဆိုခဲ့ပါတယ် ။ ဒီရက်ပိုင်းမှာ အင်တာဗျူးချင်လို့ သူမကိုဆက်သွယ်တာလေးတွေ များပေမယ့် media တွေကို ရှောင်နေခဲ့ရတဲ့အကြောင်းက သူမက ၁၆နှစ်ကနေ ၂၁ နှစ်ထိ အနုပညာအလုပ်တွေ အနည်းငယ်လုပ်ခဲ့ဖူးပေမယ့် မလုပ်တော့တဲ့ အချိန်ကစပြီး ကိုယ့်ကိုယ်ကို အနုပညာရှင်လို့မသတ်မှတ်တော့လို့ပါလို့ ပရိသတ်တွေကို
အတိလင်းပြောပြခဲ့ပါတယ် ။ ကျွန်မလည်း ယဉ်ယဉ်ကျေးကျေးပဲငြင်းခဲ့တာပါ…ဘာအကြောင်းမေးမှာလဲ ကျွန်မနဲ့ပတ်သက်တဲ့ အကြောင်းလား ထူးခြားဖြစ်စဉ် လား .. အဲ့တာတွေမဟုတ်ရင် ကျွန်မမဖြေပါဘူးလို့..အဲ့တော့ မြှားဦးက ကျမအမေဆီရောက်သွားပါတယ် နောက်တခု..ကျွန်မရဲ့ Relationshipပါ..၂ယောက်လုံး အရွယ်ရောက်ပြီးသား..၂ယောက်လုံး လူပျို အပျိုပါ..၂ယောက်လုံး ပညာတတ်ပါတယ်..၂ယောက်လုံး အလုပ်အကိုင်ရှိပါတယ်.. ၂ယောက် အပြန်
အလှန်ချစ်ကြပါတယ်..ကျွန်မတို့ အတူဖြတ်သန်းလာတာ ၆နှစ်ကျော် ၇နှစ်..ဒါကိုလည်း ကြာလှပြီသိပ်မထင်နဲ့ ၁၀နှစ် ၁၁နှစ်ထိ တွဲကြတဲ့ အတွဲတွေမှ အများကြီး.. ဒါက လေးစားအားကျစရာပါ… ၅ နှစ်တိတိ သိုသိုသိပ်သိပ်နေပြီး လူသိမခံဘဲ တယောက်အကြောင်းတယောက်လေ့လာခဲ့ပြီးပြီ.. အခု လူသိခံရမယ့်အချိန်ရောက်လို့ SEIN PHYO & YI လို့ Page
တောင် ဖွင့်ထားပါတယ်…ဒါပါပဲ..အရမ်းရိုးရှင်းပါတယ်..အဲ့တော့.. ကျွန်မအမေကို အင်တာဗျူးလုပ်သွားတဲ့ အသားညိုညို ဆံပင်ရှည်ရှည် (အညာလေသံမျိုး)နဲ့ အမည်မသိအမျိုးသမီးရှင့်.. လိုချင်တဲ့ အဖြေကို အပေါ်က ရေးထားတာထဲမှာရှာပါ ရှင်လိုချင်တဲ့ အညှီအဟောက် ဆန်ဆန် သတင်းမျိုးတော့ ကျွန်မဆီမှာရမှာမဟုတ်ဘူး..နောက်ဆုံးပြောချင်တာကတော့ ကျွန်မအမေက လူကြီးမို့ အားနာတတ်ပါတယ်.. သဘောရိုးနဲ့မေးမယ်ထင်လို့
ဖြေဖို့သဘောတူခဲ့တာ.. ရိုင်းစိုင်းစော်ကားတဲ့မေးခွန်းတွေမေးခဲ့တာတောင်အတက်နိုင်ဆုံး အပြုံးမပျက်ဘဲ ထိန်းထိန်းသိမ်းသိမ်းဖြေသွားခဲ့တာ…တကယ်လို့များ.. အဲ့ဒီ့မေးခွန်းတွေအတိုင်း မသွေမတိမ်းဘဲကျမရှေ့မှာထိုင် ကျွန်မမျက်နှာကိုကြည့်ပြီး ထပ်မေးမယ်ဆိုရင်..ကျွန်မဖြေသမျှကို သေချာပေါက် သတင်းအဖြစ်နဲ့ပြန်တင်မယ်ဆိုရင်… ကျွန်မဆီလာခဲ့ပါ..ကျွန်မကိုယ်တိုင်ဖြေပေးမယ်.. ဆိုတဲ့စာသားကို သူမရဲ့ ဖေ့ဘုတ်စ် စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။
Zawgyi
႐ိုင္းစိုင္းေစာ္ ကားၿပီး အညႇီအေဟာက္ ဆန္ဆန္ အင္တာဗ်ဴး ခဲ့ တဲ့ အမ်ိဳးသမီး ကို ပညာသားပါပါ တံု႔ျပန္ခဲ့တဲ့ ရီရီပြင့္ျဖဴ
မင္း သမီးေခ်ာေလး ရီရီပြင့္ျဖဴကေတာ့တေခတ္တစ္ခါက Music Video ေတြမွာပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ အႏုပညာအလုပ္ေတြကို ေက်ာခိုင္းၿပီး ကိုယ္ပိုင္ဘဝသစ္တစ္ခုမွာ ေလွ်ာက္လွမ္းေနတဲ့သူတစ္ေယာက္ပါ ။ လတ္တေလာမွာေတာ့ သတင္းဌာနတခုရဲ႕ အင္တာဗ်ဴးတဲ့မိန္းမ တစ္ယာက္က သူမ အေမကို သူမရဲ႕ relationship အေၾကာင္းအေတြ ေလစားမႈမရွိဘဲ ေစာ္ကားတဲ့အသုံးအႏႈန္းေတြနဲ႔လာေမးသြာတဲ့အတြက္
ရီရီပြင့္ျဖဴတစ္ေယာက္ လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ တုံ႔ျပန္စကားဆိုခဲ့ပါတယ္ ။ ဒီရက္ပိုင္းမွာ အင္တာဗ်ဴးခ်င္လို႔ သူမကိုဆက္သြယ္တာေလးေတြ မ်ားေပမယ့္ media ေတြကို ေရွာင္ေနခဲ့ရတဲ့အေၾကာင္းက သူမက ၁၆ႏွစ္ကေန ၂၁ ႏွစ္ထိ အႏုပညာအလုပ္ေတြ အနည္းငယ္လုပ္ခဲ့ဖူးေပမယ့္ မလုပ္ေတာ့တဲ့ အခ်ိန္ကစၿပီး ကိုယ့္ကိုယ္ကို အႏုပညာရွင္လို႔မသတ္မွတ္ေတာ့လို႔ပါလို႔ ပရိသတ္ေတြကို
အတိလင္းေျပာျပခဲ့ပါတယ္ ။ ကြၽန္မလည္း ယဥ္ယဥ္ေက်းေက်းပဲျငင္းခဲ့တာပါ…ဘာအေၾကာင္းေမးမွာလဲ ကြၽန္မနဲ႔ပတ္သက္တဲ့ အေၾကာင္းလား ထူးျခားျဖစ္စဥ္ လား .. အဲ့တာေတြမဟုတ္ရင္ ကြၽန္မမေျဖပါဘူးလို႔..အဲ့ေတာ့ ျမႇားဦးက က်မအေမဆီေရာက္သြားပါတယ္ ေနာက္တခု..ကြၽန္မရဲ႕ Relationshipပါ..၂ေယာက္လုံး အ႐ြယ္ေရာက္ၿပီးသား..၂ေယာက္လုံး လူပ်ိဳ အပ်ိဳပါ..၂ေယာက္လုံး ပညာတတ္ပါတယ္..၂ေယာက္လုံး အလုပ္အကိုင္ရွိပါတယ္.. ၂ေယာက္ အျပန္
အလွန္ခ်စ္ၾကပါတယ္..ကြၽန္မတို႔ အတူျဖတ္သန္းလာတာ ၆ႏွစ္ေက်ာ္ ၇ႏွစ္..ဒါကိုလည္း ၾကာလွၿပီသိပ္မထင္နဲ႔ ၁၀ႏွစ္ ၁၁ႏွစ္ထိ တြဲၾကတဲ့ အတြဲေတြမွ အမ်ားႀကီး.. ဒါက ေလးစားအားက်စရာပါ… ၅ ႏွစ္တိတိ သိုသိုသိပ္သိပ္ေနၿပီး လူသိမခံဘဲ တေယာက္အေၾကာင္းတေယာက္ေလ့လာခဲ့ၿပီးၿပီ.. အခု လူသိခံရမယ့္အခ်ိန္ေရာက္လို႔ SEIN PHYO & YI လို႔ Page
ေတာင္ ဖြင့္ထားပါတယ္…ဒါပါပဲ..အရမ္း႐ိုးရွင္းပါတယ္..အဲ့ေတာ့.. ကြၽန္မအေမကို အင္တာဗ်ဴးလုပ္သြားတဲ့ အသားညိဳညိဳ ဆံပင္ရွည္ရွည္ (အညာေလသံမ်ိဳး)နဲ႔ အမည္မသိအမ်ိဳးသမီးရွင့္.. လိုခ်င္တဲ့ အေျဖကို အေပၚက ေရးထားတာထဲမွာရွာပါ ရွင္လိုခ်င္တဲ့ အညႇီအေဟာက္ ဆန္ဆန္ သတင္းမ်ိဳးေတာ့ ကြၽန္မဆီမွာရမွာမဟုတ္ဘူး..ေနာက္ဆုံးေျပာခ်င္တာကေတာ့ ကြၽန္မအေမက လူႀကီးမို႔ အားနာတတ္ပါတယ္.. သေဘာ႐ိုးနဲ႔ေမးမယ္ထင္လို႔
ေျဖဖို႔သေဘာတူခဲ့တာ.. ႐ိုင္းစိုင္းေစာ္ကားတဲ့ေမးခြန္းေတြေမးခဲ့တာေတာင္အတက္ႏိုင္ဆုံး အၿပဳံးမပ်က္ဘဲ ထိန္းထိန္းသိမ္းသိမ္းေျဖသြားခဲ့တာ…တကယ္လို႔မ်ား.. အဲ့ဒီ့ေမးခြန္းေတြအတိုင္း မေသြမတိမ္းဘဲက်မေရွ႕မွာထိုင္ ကြၽန္မမ်က္ႏွာကိုၾကည့္ၿပီး ထပ္ေမးမယ္ဆိုရင္..ကြၽန္မေျဖသမွ်ကို ေသခ်ာေပါက္ သတင္းအျဖစ္နဲ႔ျပန္တင္မယ္ဆိုရင္… ကြၽန္မဆီလာခဲ့ပါ..ကြၽန္မကိုယ္တိုင္ေျဖေပးမယ္.. ဆိုတဲ့စာသားကို သူမရဲ႕ ေဖ့ဘုတ္စ္ စာမ်က္ႏွာထက္ကေန ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္ ။