Cele News

မိဘမဲ့ကလေးများအတွက် ဘီပိုး ရောဂါကာကွယ်ဆေးထိုးနိုင်ရန် ပန်းသီးဖောင်ဒေးရှင်းသို့ အလှူ ငွေ(၁၅)သိန်းလှူဒါန်းခဲ့တဲ့ ခန့် စည် သူ

Written by Aung Lay

ပြည်သူချစ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခန့်စည်သူကတော့ မကြာခဏဆိုသလိုအလှူ အတန်းတွေပြုလုပ်လေ့ရှိပြီး လတ်တလောဖြစ်ပွားနေတဲ့ ကပ်ရောဂါနဲ့ပတ်သက်ပြီးတော့ လည်း သူတတ်နိုင်တဲ့ ဘက်ကနေပါဝင်ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ မကြာ သေးခင်ကလည်း လှိူင်သာယာပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များ၊သူနာပြုများနှင့်ကျန်းမာရေးဝန်ထမ်းအယောက်(၁၀၀)အတွက် ဘုရားစာအုပ် များနှင့် ဝင်းစန္ဒာအညာထမင်းဝိုင်းမှ ထမင်းနှင့်ဟင်းများကို ကိုယ်တိုင်သွားရောက် လှူ ဒါန်းပေးခဲ့ပါတယ်။

ဒါ့အပြင့် တက်ရောက်ကုသနေကြသောလူနာများအတွက် မွှေးဆပ်ပြာခဲများ၊ဆပ်ပြာဆီ များ၊Hand gelများ၊မိုးတွင်းစီးဖိနပ်များ၊ကယ်လ်စီယမ်ကွေကာထုပ်များ၊ရွှေပုစွန် ငါးရံ့ခြော က်ထောင်းကြော်များ၊မုန့်များ၊သောက်ရေသန့်များ၊သွားတိုက်ဆေးများ၊လူနာတစ်ဦးချင်းစီအတွက် အလှူငွေများကိုလည်း တတ်နိုင်သလောက်လှူဒါန်းခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း မိဘမဲ့ကလေးများအတွက် ဘီပိုးကာကွယ်ဆေးထိုးရန် ပန်းသီဖောင်ဒေးရှင်းကို အလှူငွေ များ လှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။

အလှူရေစက်လက်မကွာဆိုသလို မကြာခဏအလှူအတန်းတွေပြုလုပ်လေ့ရှိတဲ့ ခန့်စည် သူကတော့ မိဘမဲ့ကလေးအယောက်(၅၀)အတွက် ဘီပိုးရောဂါကာကွယ်ဆေး ထိုးနိုင်ဖို့ အတွက် အလှူငွေ(၁၅)သိန်းကို ပန်းသီးဖောင်ဒေးရှင်းသို့ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ခန့်စည်သူရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်..။

Source:Kyaw Soe Win

Zawgyi

ျပည္သူခ်စ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ခန႔္စည္သူကေတာ့ မၾကာခဏဆိုသလိုအလႉ အတန္းေတြျပဳလုပ္ေလ့ရွိၿပီး လတ္တေလာျဖစ္ပြားေနတဲ့ ကပ္ေရာဂါနဲ႔ပတ္သက္ၿပီးေတာ့ လည္း သူတတ္ႏိုင္တဲ့ ဘက္ကေနပါဝင္ကူညီေဆာင္႐ြက္ေပးေနတာ ျဖစ္ပါတယ္။ မၾကာ ေသးခင္ကလည္း လွိူင္သာယာျပည္သူ႔ေဆး႐ုံႀကီးတြင္ တာဝန္ထမ္းေဆာင္ေနၾကေသာ ဆရာဝန္မ်ား၊သူနာျပဳမ်ားႏွင့္က်န္းမာေရးဝန္ထမ္းအေယာက္(၁၀၀)အတြက္ ဘုရားစာအုပ္ မ်ားႏွင့္ ဝင္းစႏၵာအညာထမင္းဝိုင္းမွ ထမင္းႏွင့္ဟင္းမ်ားကို ကိုယ္တိုင္သြားေရာက္ လႉ ဒါန္းေပးခဲ့ပါတယ္။

ဒါ့အျပင့္ တက္ေရာက္ကုသေနၾကေသာလူနာမ်ားအတြက္ ေမႊးဆပ္ျပာခဲမ်ား၊ဆပ္ျပာဆီ မ်ား၊Hand gelမ်ား၊မိုးတြင္းစီးဖိနပ္မ်ား၊ကယ္လ္စီယမ္ေကြကာထုပ္မ်ား၊ေ႐ႊပုစြန္ ငါးရံ႕ေျခာ က္ေထာင္းေၾကာ္မ်ား၊မုန႔္မ်ား၊ေသာက္ေရသန႔္မ်ား၊သြားတိုက္ေဆးမ်ား၊လူနာတစ္ဦးခ်င္းစီအတြက္ အလႉေငြမ်ားကိုလည္း တတ္ႏိုင္သေလာက္လႉဒါန္းခဲ့ပါေသးတယ္။ ဒီေန႔မွာလည္း မိဘမဲ့ကေလးမ်ားအတြက္ ဘီပိုးကာကြယ္ေဆးထိုးရန္ ပန္းသီေဖာင္ေဒးရွင္းကို အလႉေငြ မ်ား လႉဒါန္းေပးခဲ့တယ္လို႔သိရပါတယ္။

အလႉေရစက္လက္မကြာဆိုသလို မၾကာခဏအလႉအတန္းေတြျပဳလုပ္ေလ့ရွိတဲ့ ခန႔္စည္ သူကေတာ့ မိဘမဲ့ကေလးအေယာက္(၅၀)အတြက္ ဘီပိုးေရာဂါကာကြယ္ေဆး ထိုးႏိုင္ဖို႔ အတြက္ အလႉေငြ(၁၅)သိန္းကို ပန္းသီးေဖာင္ေဒးရွင္းသို႔ လႉဒါန္းေပးခဲ့တာျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ ခန႔္စည္သူရဲ႕အလႉအတြက္သာဓုေခၚခဲ့ၾကပါဦးေနာ္..။

Source:Kyaw Soe Win

About the author

Aung Lay

Leave a Comment