ဖေ့စ်ဘုတ်စာမျက်နှာမှာ ဟာသဗီဒီယိုလေးတွေ ရိုက်ကူးရင်း နာမည်ရရှိလာတဲ့ နေဆန်းက နောက် ပိုင်းမှာတော့ သီချင်း MV တွေမှာပါ သရုပ်ဆောင်ရင်း နေရာတစ်နေရာ ရရှိနေပြီ ဖြစ်ပါတယ်။ နေဆန်းက သားယောကျာ်းလေးတစ်ယောက်ဖြစ်ပေမယ့် မိဘနှစ်ပါးကို သမာ အာဇီဝကျကျ ရှာဖွေကျွေးမွေးနေသူမို့ပရိသတ်တွေကလည်း လေးစားအားကျကြတာ ဖြစ်ပါ တယ်။ နေဆန်းက သူရရှိခဲ့တဲ့ အနုပညာကြေားလေးတွေနဲ့ အဖေနဲ့အမေကို တိုက်အိမ်ကြီး မှာထားနိုင်တဲ့အထိ တစ်နေ့တစ်ခြား အောင်မြင်လာတာ ဖြစ်ပါတယ်။
ဒီကနေ့မှာလည်း နေဆန်းက သူရရှိခဲ့တဲ့ အနုပညာကြေးလေးတွေကို မိဘနှစ်ပါးနဲ့ သံဃာေ တာ် များအား အလှူဒါနများ ပြုလုပ်ခဲ့ကြောင်းကို “ပရိတ်သက်တွေအားပေးပြီး ရလာတဲ့အနုပညာေ ကြး သိန်း ( ၃၀၀ ) ကို အဖေနဲ့အမေကို ကန်တော့ခဲ့ပါတယ် 🙏🏻နောက်ပြီး သံဃာတော် ၉ပါးတို့ အား အာရုံဆွမ်းကပ်လှူခြင်းနှင့် အလှူတော်ငွေများကပ်လှူခဲ့ပါတယ် 🙏🏻” ဆိုပြီး သူ့ရဲ့ ကုသိုလ်ေ လးကို ပရိသတ်တွေထပ်တူကုသိုလ်ရအောင် မျှဝေပေးထားပါတယ်။
နေဆန်းကတော့ သူ့ရဲ့ အလုပ်အပေါ် အကောင်းဆုံးနဲ့ အရိုးသားဆုံး လုပ်ကိုင်ခဲ့တာကြောင့် နေ့ချင်းညချင်းကို ကြီးပွားတိုးတက်လာတာ ပရိသတ်ကြီး မျက်မြင်ကိုယ်တွေ့ပါပဲ။ နေဆန်း တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေရရှိပြီး မိဘနှစ်ပါးကို လုပ်ကိုင်ကျွေးမွေးနိုင်တဲ့ သားကောင်းရတနာလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Nay Sann’s fb
Zawgyi
Source: Nay Sann’s fb