ၾကားသိရသမ်ွ

ကိုယ်ပိုင်အိမ် မရှိသေးတဲ့ ကျောင်းဆရာမိသားစုလေးအတွက် နှစ်ထပ်ပျဉ်ထောင်အိမ်ဆောက်ပြီး လက်ဆောင်ပေး လိုက်တဲ့ ရွာလေး

Written by Aung Lay

က်ေနာ္ တို႔ မိသားစု မွာကိုယ္ပိုင္အိမ္ မရွိေသးတာ ကို သိတဲ့ ေရဦးၿမိဳ႕နယ္ အင္းႀကီးေက်း႐ြာက ေက်ာင္းသားမိဘေတြ ကဒီအိမ္‌ကို လက္ေဆာင္ေပးခဲ့တာပါက်ေနာ့္တို႔ မိသားစု အတြက္ဆိုရင္အိမ္ေသးေသးေလး တစ္လုံးရွိရင္ပဲ ရၿပီဆိုတာကိုေပးမယ့္ေပး ႏွစ္ထပ္အိမ္အႀကီးပဲ ေပးမွာေပါ့ ဆရာရယ္ဆိုၿပီး အားတက္သေရာပံ့ပိုးၾကတာ ဒီလို ျဖစ္လာေရာဗ်

ကိုယ့္လစာ နဲ႔ ဆို ဒီလိုအိမ္မ်ိဳးေဆာက္ၿပီးေနႏိုင္ဖို႔ လုံဝ မျဖစ္ႏိုင္ပါဘူ၂၀၁၅ ကေန ၂၀၁၈ အထိက်ေနာ္တာဝန္ထမ္းေဆာင္ခဲ့တဲ့ေရဦးၿမိဳ႕နယ္ အင္းႀကီးေက်း႐ြာ ကေက်ာင္းသားမိဘေတြ စုၿပီး ဝိုင္းဝန္းကူညီပံ့ပိုးေပးခဲ့ၾကလို႔ဒီလိုအိမ္မ်ိဳးမွာေနခြင့္ရတာပါ

အိမ္ေ ဆာက္တာနဲ႔ပတ္သတ္လို႔ ဘာဆိုဘာမွမသိတဲ့ က်ေနာ့္ကို အစစအရာရာအေသးစိတ္ အစအဆုံးကူညီေပးခဲ့သူကေတာ့ အင္းႀကီး က ဦးျမင့္ေဝ ေပါ့ခက္တာက အိမ္အေဆာင္အတြက္သစ္သားရွိပါရဲ႕ လက္သမားခနဲ႔ ပစၥည္းဖိုးမတတ္ႏိုင္လို႔ မႈိင္ေနရခ်ိန္

အင္းႀကီးကကိုေဇာ္မ်ိဳးဝင္း တို႔ လက္သမားအဖြဲ႕ ကေစတနာအျပည့္နဲ႔ အိမ္တစ္ေဆာင္ ျခင္းၾကားမတ္မိုးၿပီးတဲ့ အထိ ေမတၱာနဲ႔ ကူညီေပးခဲ့ျပန္ပါတယ္ဦးျမဟန္ ကုန္မာဆိုင္(ေရဦး) က လည္းလကုန္တိုင္း နည္းနည္းခ်င္းဖဲ့ဆပ္ဆိုၿပီး အိမ္ေဆာက္ပစၥည္းေတြ ထုတ္ေပးခဲ့ပါတယ္

ေနာက္ထပ္ ေနာက္ထပ္ လိုအပ္တာေတြ ကိုေတာ့ အေဖ့ညီ ဦးမ်ိဳးရယ္၊ မမအီေသး ရယ္မသူဇာရဲ႕ အစ္ကို နဲ႔ အေဒၚရယ္အစ္ကိုတစ္ေယာက္လို အားကိုးရတဲ့ မိတ္ေဆြတစ္ဦးရယ္ က ေျပလည္မွ ျဖည္းျဖည္းျပန္ဆပ္ဆိုၿပီး အတိုးလုံးဝမယူဘဲ ေငြထုတ္ေပးခဲ့တာရယ္ဘဏ္ေခ်းေငြအခ်ိဳ႕ရယ္ နဲ႔ အိမ္‌အေပၚထပ္ကိုၿပီးေအာင္ေဆာက္လိုက္ပါတယ္

ေရတြင္းေလး ကို လည္း ဦးေလးတင္ေမာင္ဝင္း ကအခမဲ့ တူးေပးေသးတာအိမ္ေအာက္ထပ္ နဲ႔ မီးဖိုေဆာင္ေလးကိုေတာ့ဇိန႔္ဇြန္း နဲ႔ ေပါက္သာ႐ြာ က ေက်ာင္းသားမိဘေတြက ဒီရက္ပိုင္းမွာပဲ ‌‌ေစတနာအျပည့္နဲ႔ လုပ္အားေပးဝိုင္းကူ အၿပီးသတ္‌ ေဆာက္ေပးျပန္ပါတယ္

အိမ္ေျပာင္းဖို႔ ပရိေဘာဂေတြ အထုတ္အပိုးေတြ သယ္ဖို႔ကို ဆရာႀကီးဦးဝင္းျမင့္ (ကံ့ေကာ္) ကLight Truck ကူညီေပးသူငယ္ခ်င္းေတြ က ဝိုင္းဝန္းသယ္ေပး နဲ႔အဆင္ေျပခဲ့ပါတယ္၂၀၁၈ ဧၿပီလ ကေန စတင္႐ုန္းကန္လိုက္တာ၂၀၂၀ ဇြန္လ မွာေတာ့ အရပ္ကူပါ လူဝိုင္းပါနဲ႔က်ေနာ္ တို႔ မိသားစုအိမ္တစ္ေဆာင္ပိုင္ဆိုင္ခဲ့ပါၿပီဒီေက်းဇူးေတြ ဘယ္ေတာ့မွ မေမ့ပါဘူးဗ်ာ

Ñâý Tøē

Unicode

ကျနော် တို့ မိသားစု မှာကိုယ်ပိုင်အိမ် မရှိသေးတာ ကို သိတဲ့ ရေဦးမြို့နယ် အင်းကြီးကျေးရွာက ကျောင်းသားမိဘတွေ ကဒီအိမ်‌ကို လက်ဆောင်ပေးခဲ့တာပါကျနော့်တို့ မိသားစု အတွက်ဆိုရင်အိမ်သေးသေးလေး တစ်လုံးရှိရင်ပဲ ရပြီဆိုတာကိုပေးမယ့်ပေး နှစ်ထပ်အိမ်အကြီးပဲ ပေးမှာပေါ့ ဆရာရယ်ဆိုပြီး အားတက်သရောပံ့ပိုးကြတာ ဒီလို ဖြစ်လာရောဗျ

ကိုယ့်လစာ နဲ့ ဆို ဒီလိုအိမ်မျိုးဆောက်ပြီးနေနိုင်ဖို့ လုံဝ မဖြစ်နိုင်ပါဘူ၂၀၁၅ ကနေ ၂၀၁၈ အထိကျနော်တာဝန်ထမ်းဆောင်ခဲ့တဲ့ရေဦးမြို့နယ် အင်းကြီးကျေးရွာ ကကျောင်းသားမိဘတွေ စုပြီး ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြလို့ဒီလိုအိမ်မျိုးမှာနေခွင့်ရတာပါ

အိမ်ေ ဆာက်တာနဲ့ပတ်သတ်လို့ ဘာဆိုဘာမှမသိတဲ့ ကျနော့်ကို အစစအရာရာအသေးစိတ် အစအဆုံးကူညီပေးခဲ့သူကတော့ အင်းကြီး က ဦးမြင့်ဝေ ပေါ့ခက်တာက အိမ်အဆောင်အတွက်သစ်သားရှိပါရဲ့ လက်သမားခနဲ့ ပစ္စည်းဖိုးမတတ်နိုင်လို့ မှိုင်နေရချိန်

အင်းကြီးကကိုဇော်မျိုးဝင်း တို့ လက်သမားအဖွဲ့ ကစေတနာအပြည့်နဲ့ အိမ်တစ်ဆောင် ခြင်းကြားမတ်မိုးပြီးတဲ့ အထိ မေတ္တာနဲ့ ကူညီပေးခဲ့ပြန်ပါတယ်ဦးမြဟန် ကုန်မာဆိုင်(ရေဦး) က လည်းလကုန်တိုင်း နည်းနည်းချင်းဖဲ့ဆပ်ဆိုပြီး အိမ်ဆောက်ပစ္စည်းတွေ ထုတ်ပေးခဲ့ပါတယ်

နောက်ထပ် နောက်ထပ် လိုအပ်တာတွေ ကိုတော့ အဖေ့ညီ ဦးမျိုးရယ်၊ မမအီသေး ရယ်မသူဇာရဲ့ အစ်ကို နဲ့ အဒေါ်ရယ်အစ်ကိုတစ်ယောက်လို အားကိုးရတဲ့ မိတ်ဆွေတစ်ဦးရယ် က ပြေလည်မှ ဖြည်းဖြည်းပြန်ဆပ်ဆိုပြီး အတိုးလုံးဝမယူဘဲ ငွေထုတ်ပေးခဲ့တာရယ်ဘဏ်ချေးငွေအချို့ရယ် နဲ့ အိမ်‌အပေါ်ထပ်ကိုပြီးအောင်ဆောက်လိုက်ပါတယ်

ရေတွင်းလေး ကို လည်း ဦးလေးတင်မောင်ဝင်း ကအခမဲ့ တူးပေးသေးတာအိမ်အောက်ထပ် နဲ့ မီးဖိုဆောင်လေးကိုတော့ဇိန့်ဇွန်း နဲ့ ပေါက်သာရွာ က ကျောင်းသားမိဘတွေက ဒီရက်ပိုင်းမှာပဲ ‌‌စေတနာအပြည့်နဲ့ လုပ်အားပေးဝိုင်းကူ အပြီးသတ်‌ ဆောက်ပေးပြန်ပါတယ်

အိမ်ပြောင်းဖို့ ပရိဘောဂတွေ အထုတ်အပိုးတွေ သယ်ဖို့ကို ဆရာကြီးဦးဝင်းမြင့် (ကံ့ကော်) ကLight Truck ကူညီပေးသူငယ်ချင်းတွေ က ဝိုင်းဝန်းသယ်ပေး နဲ့အဆင်ပြေခဲ့ပါတယ်၂၀၁၈ ဧပြီလ ကနေ စတင်ရုန်းကန်လိုက်တာ၂၀၂၀ ဇွန်လ မှာတော့ အရပ်ကူပါ လူဝိုင်းပါနဲ့ကျနော် တို့ မိသားစုအိမ်တစ်ဆောင်ပိုင်ဆိုင်ခဲ့ပါပြီဒီကျေးဇူးတွေ ဘယ်တော့မှ မမေ့ပါဘူးဗျာ

Ñâý Tøē

About the author

Aung Lay

Leave a Comment