Cele News

ဦးမန်းဝင်း ရဲ့ ထူးခြားလာတဲ့ ကျန်မာရေးအခြေအနေ တစ်ခုကို အသိပေးလိုက်တဲ့ သမီးဖြစ်သူ စန်းစန်းဖြူ

Written by Aung Lay










Unicode

လူရွှင်တော်ကြီး ဦးမန်းဝင်ဟာ ဦးနှောက်ခွဲစိတ်မှုအပြီး စိုးရိမ်နေရတဲ့ ကျန်းမာရေး အခြေအနေကို ပရိတ်တွေအားလုံး သိပြီးကြလောက်ပြီထင်ပါတယ်….

ဦမန်းဝင်းဟာ ခွဲစိတ်ပြီးတဲ့ အချိန်ကစပြီး ၁၀ ရက်ကျော်တဲ့ အထိ သတိပြန်မလည် လာတော့ဘဲ ကိုမာ ဝင်သလိုမျိုး ဖြစ်နေခဲ့တာပါ…

ဆရာဝန်တွေက သိပ်ကြာကြာမခံလောက်တော့ဘူး ဆိုပြီး လက်လျော့ လိုက်ကြပြီဖြစ်လို့ ဆေးရုံကနေ နေအိမ်ကို ပြန်လည် ခေါ်ဆောင်လာခဲ့ပါတယ်…

ဒီနေ့ မနက်မှာတော့ ထူးခြားလာတဲ့ ကျန်းမာရေး အခြေအနေ ကို ဦးမန်းဝင်း ရဲ့ သမီးဖြစ်သူ စန်းစန်းဖြူက အခုလိုပဲ အသိပေးလာပါတယ်….

” သိပ်ကြာကြာမခံလောက်ဘူးလို့ ဆရာဝန်တွေကပြောပေမယ့် အဖေ့အသားတွေ ခုထိနွေးနေဆဲ နှလုံးခုန်နေဆဲ…. ဖေကြီး ဒီမနက် မျက်စိလေး ခဏဖွင့်ကြည့်တယ်နော်

အဖေ မျက်စိပွင့်တယ် မျက်တောင်လည်းခတ်တယ်…. အကြိမ်ရေ တော်တော်များများခတ်နိုင်တယ်

စမ်းဖြူတို့ ကျော်ဖြတ်နိုင်တော့မယ် ဆုတောင်းပေးကြသော ဘာသာပေါင်းစုံမှ မိတ်ဆွေများ သူငယ်ချင်းများနဲ့ လူရောစိတ်ရောနှစ်ပြီး ကူညီပေးကြသူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်…. တန်ပြန်မေတ္တာကြောင့် အားလုံးကျန်းမာကြပါစေ ” ဆိုပြီး ပြောပြခဲ့ပါတယ်…

ဦးမန်းဝင်းရဲ့ ပရိတ်သတ်တွေကလည်း အမြန်ဆုံးကျန်းမာ လာပါစေလို့ ဝိုင်းပြီး ဆုတောင်းပေးနေကြတာ ဖြစ်ပြီး အခု လို ကျန်းမာရေးအခြေအနေ တိုးတက်လာတာကလည်း ဝမ်းသာစရာ ပဲ ဖြစ်ပါတယ်နော်

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

About the author

Aung Lay

Leave a Comment