ကိုဗစ္ဂယက္ေၾကာင့္ ျပည္တြင္းက ျပန္ဝင္ လာၾက တဲ့ ေ႐ႊ႕ေျပာင္းျမန္မာလုပ္သားေတြထဲ မွာ ကြၽမ္းက်င္ အလုပ္သမားေတြ ပါလာႏိုင္တာေၾကာင့္ ဒီအလုပ္သမားေတြ ရဲ႕ကြၽမ္းက်င္မႈအေပၚ မူတည္ၿပီး ျပည္တြင္းမွာ အလုပ္ခန႔္ေပး ဖို႔ ျမန္မာႏိုင္ငံ စက္မႈလက္ မႈအသင္းခ်ဳပ္ (UMFCCI) ဥကၠဌ ဦးေဇာ္မင္းဝင္း က ေျပာလိုက္ ပါတယ္။
ဒီေန႔ ဇြန္လ ၁၆ ရက္မွာျပဳလုပ္တဲ့ COVID-19 ေၾကာင့္ျဖစ္ေပၚလာႏိုင္ တဲ့ စီးပြားေရး သက္ေရာက္မႈေတြအေပၚ ကုစားေရး နဲ႔ ပတ္သက္ၿပီး အြန္လိုင္းေဆြးေႏြးပြဲမွာ UMFCCI ဥကၠဌ ဦးေဇာ္မင္းဝင္း က အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို တင္ျပခဲ့ တာပါ ။ အထူးသျဖင့္ ျပည္ပကျပန္လည္ ဝင္ ေရာက္လာ တဲ့ ေ႐ႊ႕ေျပာင္း လုပ္သားေတြဟာ သက္ဆိုင္ရာလုပ္ငန္းေတြအလိုက္ အထိုက္အေလ်ာက္ ကြၽမ္းက်င္မႈနဲ႔ အေတြ႕အႀကဳံရွိသူေတြ ပါဝင္တာေၾကာင့္ သူတို႔ရဲ႕ အေတြ႕အႀကဳံေတြကို ကြၽမ္းက်င္မႈအလိုက္ လုပ္ငန္းအသီးသီးမွာ အဆင္သင့္အသုံးျပဳႏိုင္ဖို႔ စီစဥ္ရမယ္လို႔ ဦးေဇာ္မင္းဝင္းက ဆို ပါ တယ္ ။
“ ျပန္လည္ ဝင္ေရာက္လာတဲ့ လုပ္သားေတြကို ကြၽန္ေတာ္တို႔အေနနဲ႔ စစ္တမ္း တစ္ခုေကာက္ယူၿပီး ကြၽမ္းက်င္ရာ အလုပ္အကိုင္မ်ား ရရွိေစေရးအတြက္ အစိုးရနဲ႔ပုဂၢလိက လုပ္ငန္းရွင္ေတြ ခ်ိတ္ဆက္ေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္။ ” လို႔ ဦးေဇာ္မင္းဝင္း ေျပာပါတယ္။ အဲဒီေနာက္ ေဒၚေအာင္ဆန္းစုၾကည္ က ျပန္ေရာက္လာတဲ့ အလုပ္သမားေတြထဲ ကေန တစ္ဖက္ႏိုင္ငံကိုပဲ ျပန္ၿပီး အလုပ္လုပ္ခ်င္သူေတြ ရွိႏိုင္သလို ျပည္တြင္းမွာပဲ အလုပ္လုပ္ခ်င္သူေတြ ရွိႏိုင္တယ္ လို႔ ဆို ပါ တ ယ္။ ျပည္တြင္းမွာပဲ အလုပ္လုပ္ခ်င္သူေတြ ကို သူတို႔ ရဲ႕ ကြၽမ္းက်င္မႈအေပၚမူတည္ၿပီး ႏိုင္ငံရဲ႕ စီးပြားေရးတိုးတက္မႈ အတြက္ ဘယ္လို အသုံးျပဳမလဲဆိုတာ က႑ေပါင္းစုံေပါင္းၿပီး လုပ္ေဆာင္ေနတယ္ လို႔ အတိုင္ပင္ခံ က ေျပာခဲ့ ပါ တယ္ ။
“ အစကတည္းက ျပည္ပကျပန္လာသူေတြ ရွိတယ္ ဆိုကတည္းက ကြၽန္မတို႔ ဒါကိုစၿပီးေတာ့ စီစဥ္တယ္ ။ အခုဆို ျပန္လာတဲ့သူေတြထဲ မွာ ဘယ္ႏွစ္ေယာက္ေလာက္ ဟိုဘက္ကို ျပန္သြားခ်င္လဲ ။ တစ္ခ်ိဳ႕ကလည္း ဒီမွာပဲ ေနၿပီး အလုပ္လုပ္ခ်င္ တဲ့သူေတြ ရွိတ ယ္ ။ ဒါေတြအေပၚမူတည္ၿပီး ဘယ္လို အသုံးျပဳမလဲဆိုတာ က႑အသီးသီးကညႇိယူရမွာပါ ” လို႔ ဆို ပါတယ္ ။ ကိုဗစ္ေၾကာင့္ ျပည္ပႏိုင္ငံအသီးသီးက ေ႐ႊ႕ေျပာင္းလုပ္သားေတြ ဟာ ျမန္မာႏိုင္ငံထဲ ျပန္ဝင္လာၾကၿပီး ထိုင္းႏိုင္ငံက ေ႐ႊ႕ေျပာင္းလုပ္သား သိန္းနဲ႔ခ်ီ ဧၿပီလေလာက္ကတည္း က ျပန္ဝင္ေရာက္လာခဲ့ၾက တာပါ။
အဆိုပါ ျပန္လည္ဝင္ေရာက္လာတဲ့ ျမန္မာ လုပ္သားေတြ ထဲက MOU စနစ္နဲ႔ ထိုင္းႏိုင္ငံမွာ ျပန္လည္ လုပ္ကိုင္ရမယ့္ ျမန္မာ လုပ္သားဦးေရဟာ ေျခာက္ေသာင္းဝန္းက်င္သာ ရွိေနေသးတယ္ လို႔လည္း ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ အမတ္ က ဇြန္လ ၂ ရက္ အတိုင္ပင္ခံနဲ႔ အြန္လိုင္းေတြ႕ဆုံပြဲမွာ ေျပာခဲ့ဖူး ပါတယ္။
ဓူဝံ
Unicode
ကိုဗစ်ဂယက်ကြောင့် ပြည်တွင်းက ပြန်ဝင် လာကြ တဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေထဲ မှာ ကျွမ်းကျင် အလုပ်သမားတွေ ပါလာနိုင်တာကြောင့် ဒီအလုပ်သမားတွေ ရဲ့ကျွမ်းကျင်မှုအပေါ် မူတည်ပြီး ပြည်တွင်းမှာ အလုပ်ခန့်ပေး ဖို့ မြန်မာနိုင်ငံ စက်မှုလက် မှုအသင်းချုပ် (UMFCCI) ဥက္ကဌ ဦးဇော်မင်းဝင်း က ပြောလိုက် ပါတယ်။
ဒီနေ့ ဇွန်လ ၁၆ ရက်မှာပြုလုပ်တဲ့ COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင် တဲ့ စီးပွားရေး သက်ရောက်မှုတွေအပေါ် ကုစားရေး နဲ့ ပတ်သက်ပြီး အွန်လိုင်းဆွေးနွေးပွဲမှာ UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်း က အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တင်ပြခဲ့ တာပါ ။ အထူးသဖြင့် ပြည်ပကပြန်လည် ဝင် ရောက်လာ တဲ့ ရွှေ့ပြောင်း လုပ်သားတွေဟာ သက်ဆိုင်ရာလုပ်ငန်းတွေအလိုက် အထိုက်အလျောက် ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံရှိသူတွေ ပါဝင်တာကြောင့် သူတို့ရဲ့ အတွေ့အကြုံတွေကို ကျွမ်းကျင်မှုအလိုက် လုပ်ငန်းအသီးသီးမှာ အဆင်သင့်အသုံးပြုနိုင်ဖို့ စီစဉ်ရမယ်လို့ ဦးဇော်မင်းဝင်းက ဆို ပါ တယ် ။
“ ပြန်လည် ဝင်ရောက်လာတဲ့ လုပ်သားတွေကို ကျွန်တော်တို့အနေနဲ့ စစ်တမ်း တစ်ခုကောက်ယူပြီး ကျွမ်းကျင်ရာ အလုပ်အကိုင်များ ရရှိစေရေးအတွက် အစိုးရနဲ့ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ချိတ်ဆက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ” လို့ ဦးဇော်မင်းဝင်း ပြောပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် က ပြန်ရောက်လာတဲ့ အလုပ်သမားတွေထဲ ကနေ တစ်ဖက်နိုင်ငံကိုပဲ ပြန်ပြီး အလုပ်လုပ်ချင်သူတွေ ရှိနိုင်သလို ပြည်တွင်းမှာပဲ အလုပ်လုပ်ချင်သူတွေ ရှိနိုင်တယ် လို့ ဆို ပါ တ ယ်။ ပြည်တွင်းမှာပဲ အလုပ်လုပ်ချင်သူတွေ ကို သူတို့ ရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု အတွက် ဘယ်လို အသုံးပြုမလဲဆိုတာ ကဏ္ဍပေါင်းစုံပေါင်းပြီး လုပ်ဆောင်နေတယ် လို့ အတိုင်ပင်ခံ က ပြောခဲ့ ပါ တယ် ။
“ အစကတည်းက ပြည်ပကပြန်လာသူတွေ ရှိတယ် ဆိုကတည်းက ကျွန်မတို့ ဒါကိုစပြီးတော့ စီစဉ်တယ် ။ အခုဆို ပြန်လာတဲ့သူတွေထဲ မှာ ဘယ်နှစ်ယောက်လောက် ဟိုဘက်ကို ပြန်သွားချင်လဲ ။ တစ်ချို့ကလည်း ဒီမှာပဲ နေပြီး အလုပ်လုပ်ချင် တဲ့သူတွေ ရှိတ ယ် ။ ဒါတွေအပေါ်မူတည်ပြီး ဘယ်လို အသုံးပြုမလဲဆိုတာ ကဏ္ဍအသီးသီးကညှိယူရမှာပါ ” လို့ ဆို ပါတယ် ။ ကိုဗစ်ကြောင့် ပြည်ပနိုင်ငံအသီးသီးက ရွှေ့ပြောင်းလုပ်သားတွေ ဟာ မြန်မာနိုင်ငံထဲ ပြန်ဝင်လာကြပြီး ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သား သိန်းနဲ့ချီ ဧပြီလလောက်ကတည်း က ပြန်ဝင်ရောက်လာခဲ့ကြ တာပါ။
အဆိုပါ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာ လုပ်သားတွေ ထဲက MOU စနစ်နဲ့ ထိုင်းနိုင်ငံမှာ ပြန်လည် လုပ်ကိုင်ရမယ့် မြန်မာ လုပ်သားဦးရေဟာ ခြောက်သောင်းဝန်းကျင်သာ ရှိနေသေးတယ် လို့လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ် က ဇွန်လ ၂ ရက် အတိုင်ပင်ခံနဲ့ အွန်လိုင်းတွေ့ဆုံပွဲမှာ ပြောခဲ့ဖူး ပါတယ်။